
ဘန်ကောက် ဧပြီ ၂၈
လူ ၁၂ ဦးထက်မနည်းကို အဆိပ် ခတ်ကာ သတ်ဖြတ်ခဲ့သည်ဟူသော သံသယဖြင့် အမျိုးသမီးတစ်ဦး ကို ထိုင်းရဲများက ဖမ်းဆီးလိုက် ကြောင်း သိရသည်။
ဆာရာရက် ရန်ဆီဝတ်သဖွန် ဟူသော အမျိုးသမီးကို ဧပြီ ၂၅ ရက်က ၎င်း၏သူငယ်ချင်းကို သတ်မှုအတွက် သံသယရှိသဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီးမှာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ပြည်နယ်ရဲအရာ ရှိကြီးတစ်ဦး၏ ဇနီးဟောင်း လည်းဖြစ်သည်။ ဆာရာရက်နှင့်သူငယ်ချင်းဖြစ်သူတို့ အတူတကွ ခရီးထွက်ပြီးနောက် ယခုလ အစောပိုင်းတွင် ဆာရာရက်၏ သူငယ်ချင်း အလောင်းကို မြစ်ကမ်းနဖူးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသူ၏ အလောင်း တွင် ဆိုင်ရာနိုက်အဆိပ်ကို တွေ့ရှိ ခဲ့ပြီး အဆိုပါအဆိပ်မှာ ဆာရာရက် ၏ ကားအတွင်း၌လည်း တွေ့ရှိခဲ့ သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။ ဆာရာရက်ကို ပိုက်ဆံ ချေးခဲ့သည့် သူငယ်ချင်းအပါအဝင် ပြီးခဲ့သည့် သုံးနှစ်တာအတွင်း လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေး သူများက ပြောသည်။
ငွေရေး ကြေးရေးဆိုင်ရာ ပြဿနာများကြောင့် ဆာရာရက် သည် အဆိပ်ကို အသုံးပြုကာ ကွင်းဆက်လူသတ်မှု ကျူးလွန်ခဲ့ သည်ဟု ရဲများက ယူဆထားကြ သည်။
အင်န်အိတ်ချ်ကေ