လူရည်ချွန် ကျောင်းသား ကျောင်းသူများ ပုဂံရှိ ယွန်းလုပ်ငန်း၊ ယွန်းပညာကောလိပ်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့ကို လေ့လာ

 

နေပြည်တော်   မေ    ၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်   ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည်      ယနေ့   နံနက်ပိုင်း တွင်  ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရားစေတီများကို    ဖူးမြော် လေ့လာကာ ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ယွန်းလုပ်ငန်းများ၊ ယွန်း ပညာကောလိပ်၊ အောင်မြေကုန်း နန်းတော်ရာနှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့ကို လေ့လာ ကြသည်။

 


ဦးစွာ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာမများနှင့်အတူ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု  နယ်မြေ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည် လုပ်ငန်းကို      လည်းကောင်း၊ ပုဂံမြို့ဟောင်းရှိ     ပုဂံယွန်းပညာ ကောလိပ်ယွန်းနှီးစဉ်   ခန်းမ၌ ယွန်းလုပ်ငန်း  ပြုလုပ်ပုံအဆင့် ဆင့်ကိုလည်းကောင်း၊ သီရိဇေယျ ဘူမိ    ပုဂံရွှေနန်းတော်ကြီးကို လည်းကောင်း၊   အနော်ရထာ မင်းကြီးနှင့် ကျန်းစစ်သားမင်းကြီး တို့ နန်းစံခဲ့သည့် အောင်မြေကုန်း နန်းတော်ရာကို  လည်းကောင်း၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက် ကိုလည်းကောင်း   လေ့လာကြ ရာ   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)  တာဝန်ရှိသူများ၊   ပုဂံ ရှေးဟောင်းသုတေသန ပြတိုက် တာဝန်ခံ   ဒေါ်ခက်ခက်လှနှင့် ဝန်ထမ်းများ၊    ပုဂံယွန်းပညာ ကောလိပ်ဝန်ထမ်းများက ရှင်းလင်း ပြသကြရာ လူရည်ချွန်ကျောင်း သား   ကျောင်းသူများက    သိရှိ လိုသည်များ မေးမြန်းကြသည်။


သတင်းစဉ်