လူပေါင်းများစွာ၏အသက်ကို ကယ်တင်လိုက်ခြင်း

Type

 

အာကာမောင်မောင်

“ဤလောက၌ ဝိသမလောဘသမားများရှိနေသရွေ့ လူသားအပေါင်းသည် လူမှုဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်လိမ့်မည်မဟုတ်”ဆိုတဲ့စာသားကို သတိရပါတယ်။ ဝိသမလောဘသမားတွေဟာ အတ္တကြီးမားသူတွေ ဖြစ်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စကားအတိုင်းပါပဲ။ လူသားတွေကို အသက်သေဆုံးနိုင်တဲ့အထိ  ဒုက္ခပေးနေတဲ့  မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို ဘာကြောင့်လုပ်နေကြတာလဲ။ မူးယစ်ဆေးဝါးဆိုတာ ရောင်းသူတွေအတွက်သာ အကျိုးအမြတ် နင့်ခနဲရပေမယ့်  သုံးစွဲတဲ့သူတွေအတွက် အင့်ခနဲ သေတတ်တဲ့ဆေးမျိုး ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲလို့ ကြီးပွားသွားသူတစ်ယောက်မှ     မရှိပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်လို့ ကြီးပွားသွားသူဆိုတာတော့ ရှိပါတယ်။ နိုင်ငံတော်အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါးပပျောက်အောင် တိုက်ဖျက်နေကြပေမယ့် မူးယစ်ဆေးဝါးဟာ ပပျောက် သွားတယ်လို့ မရှိခဲ့ပါဘူး။ ဒီနေ့အချိန်အခါမှာ ပြည်ပကဝင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြားဆိုတာလည်း ရှိနေပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ     မူးယစ် ဆေးဝါးပပျောက်ရေးကို     အမျိုးသားရေးတာဝန် အဖြစ်   ရည်မှန်းချက်ထား    ဆောင်ရွက်နေသလို တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေးကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်     သတ်မှတ် ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးရမိတဲ့ ဝန်ထမ်းတွေ၊ သတင်းပေးတဲ့ပြည်သူတွေကို       ဆုကြေးငွေ ထိုက်ထိုက်တန်တန်   ပေးလျက်ရှိပါတယ်။ ထို့အတူ အဂတိ    လိုက်စားသူတွေကိုလည်း      ထိထိ ရောက်ရောက် အရေးယူလျက် ရှိပါတယ်။    ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးတဲ့အတွက်    ပိုမိုအောင်မြင်မှု ရှိတယ်လို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသတင်းတွေ
မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ဖမ်းဆီးရမိမှုတွေ ကလည်း များပြားလှပါတယ်။  နေ့စဉ်နီးပါးဖမ်းဆီး မိတဲ့    မူးယစ်ဆေးဝါးတွေထဲက      တန်ဖိုးအားဖြင့် အားရဖွယ်ကောင်းလှတဲ့     ဖမ်းဆီးရမှုတွေကို ကောက်နုတ်တင်ပြချင်ပါတယ်။     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင် တဲ့အဖွဲ့ဟာ    ဒီဇင်ဘာ ၁ ရက်  ည  ၇ နာရီအချိန် မှာ နေပြည်တော်ကောင်စီနယ်မြေ     လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာအနီးမှာ     တင်ဇော်လတ် မောင်းနှင်ပြီး ကျော်စန်းဌေး   လိုက်ပါလာတဲ့ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။        ယာဉ်ပေါ်မှာ ဘိလပ်မြေအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပါတယ်။ စစ်ဆေးဖော်ထုတ်ချက်အရ      စိတ်ကြွရူးသွပ် ဆေးပြားတွေ တာဝန်ခံသယ်ဆောင်သူ ထန်ခိုဆေး အား အဲဒီနေ့  ည ၁၁ နာရီမှာ    မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇ x  ၂၈ လမ်းကြား ၆၃ စီလမ်းရှိ ဟိုတယ်မှာ   ဖမ်းဆီးရမိခဲ့ပါတယ်။
၎င်းရဲ့နေအိမ်ဖြစ်တဲ့     ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်      တပ်ကြီးကုန်းကျေးရွာရှိအိမ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှာ အသုံး ပြုတဲ့    မော်တော်ယာဉ်တစ်စီးနဲ့   မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေရရှိတဲ့   ငွေကျပ် ၁၂၀၂ သိန်း  သိမ်းဆည်းရမိခဲ့ပါတယ်။    ကွင်းဆက် ဖော်ထုတ်ချက်အရ ဒီဇင်ဘာ၂ ရက် နံနက် ၄ နာရီမှာ ချမ်းအေးသာစံမြို့နယ် အောင်နန်း(အရှေ့) ရပ်ကွက် နေ ဝင်းအောင်အား စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း၊ မော်တော်ယာဉ်တစ်စီးနဲ့အတူ ဆက်လက် ဖမ်းဆီးရမိပါတယ်။  မူးယစ်ဆေးဝါး  သယ်ဆောင် ရောင်းဝယ်တဲ့   ငွေကြေးစီးဆင်းမှု စိစစ်ဖော်ထုတ် ချက်အရ ဒီဇင်ဘာ ၅ ရက် နံနက် ၄ နာရီမှာ မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်   အိုင်ကြီးကျေးရွာ နေ သန်းသန်းထွန်း(ခ)အားစိုင်း ကို စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊  မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိ ခဲ့ပါတယ်။    ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး   ကလေးမြို့     တာဟန်း ရပ်ကွက်ရှိ   မလားဆန်းခူးမီးကို     ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်း ၃ ဒသမ ၂ တန်နဲ့အတူ   ဖမ်းဆီးရမိ ခဲ့ပါတယ်။     စစ်ဆေးဖော်ထုတ်ချက်တွေအရ မူးယစ်ဆေးဝါးတွေကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့ပြီး ရှမ်းပြည်နယ်မှ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သို့       သယ်ဆောင် ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ် ရာမှာ  အသုံးပြုတဲ့ဓာတုပစ္စည်း     ကဖင်းတွေကို ကလေးမြို့မှ ရှမ်းပြည်နယ်သို့    သယ်ဆောင် ရောင်းဝယ်တယ်လို့ သိရပါတယ်။
လူ့အသက်များစွာကို ကယ်တင်လိုက်ခြင်းဖြစ်
ဒီသတင်းကို    ဒီဇင်ဘာ    ၁၃ ရက်နေ့ထုတ် သတင်းစာတွေမှာ “နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား       ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ         မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ   ဖမ်းဆီးရမိ”လို့ ဖော်ပြပေးထားပါတယ်။     ဒီလိုမျိုး    ဖမ်းဆီးရမိ လိုက်တာဟာ နိုင်ငံတော်အတွက်အလွန်ပဲ  အကျိုး များလှပါတယ်။ ငွေကြေးကို    ဖောဖောသီသီသုံးစွဲ နေသူတွေကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ လည်း အချက်တစ်ချက် ပါဝင်ပါတယ်။ ပြည်သူတွေ အတွက်ကတော့     မိမိတို့ရဲ့    ရင်နှစ်သည်းချာ သားသမီးတွေ မူးယစ်သားကောင်အဖြစ်မှ ကင်းဝေး သွားတဲ့အတွက် အထူးပဲဝမ်းသာစရာပါပဲ။    ပြောရမယ် ဆိုရင်   မူးယစ်ဆေးဝါးဂိုဏ်းကို   ဖမ်းဆီးပေးတဲ့ တာဝန်ရှိသူတွေဟာ   လူ့အသက်တွေကို    ကယ်တင် လိုက်တာပါပဲ။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ လူသားတွေအတွက်    တကယ့်ကို    ကြောက်စရာ ကောင်းလှပါတယ်။ လမ်းမှားရောက်ကာ လက်နက် စွဲကိုင်နေတဲ့      အကြမ်းဖက်သောင်းကျန်းသူတွေ သက်ဆိုးရှည်ကြာ     ရပ်တည်နေတာဟာလည်း မူးယစ်ဆေးဝါးရောင်းဝယ်နေမှုက      ပံ့ပိုးမှုတစ်ခု ဖြစ်နေလို့ပါပဲ။ ငွေကြေးအရ   ဝင်ငွေဖြစ်နေသလိုအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ရာမှာ လူငယ် တွေကို    မူးယစ်ဆေးဝါးတိုက်ကျွေးတာမျိုးတွေ လုပ်ဆောင်ပါတယ်။        အပြစ်မဲ့ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေ၊ ဆရာ ဆရာမတွေ၊    ဝန်ထမ်း တွေကို  ရက်ရက်စက်စက်သတ်ဖြတ်တယ်။ ရွာတွေ ကို မီးရှို့တယ်။  တံတားတွေသွားလာလို့မရအောင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတယ်။ လျှပ်စစ်တာဝါ တိုင်တွေကို    ဖျက်ဆီးတယ်။   ရထားလမ်းတွေ ဖျက်ဆီးတယ်။ ရထားနဲ့ပတ်သက်လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီကနေ့အထိ  မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနှင့်     ရထား ဘူတာနယ်မြေအတွင်း      မိုင်းထောင်မိုင်းခွဲခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အအုံနဲ့      ဝန်ထမ်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်း     ၁၂ ကြိမ်  ကျူးလွန် ခဲ့ကြပါတယ်။   ဒါတွေဖြစ်ပေါ်လာဖို့      အခြေခံဟာ မူးယစ်ဆေးဝါးပါပဲ။
မူးယစ်မှောင်ခိုဂိုဏ်းတွေ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး   ဖော်ထုတ်ဖမ်းဆီးရမိတာတွေ နဲ့ပတ်သက်လို့  ဖမ်းဆီးရမိမှုတွေ   များလှပေမယ့် တင်ပြချင်တာက မူးယစ်မှောင်ခိုဂိုဏ်းတွေ ဖမ်းဆီး ရမိတဲ့သတင်းပါပဲ။ ဒီဇင်ဘာ ၁၉ ရက်နေ့ သတင်းစာ တွေမှာတော့ “ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)    နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းကီလို ၈၀၀နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ” သတင်းတစ်ပုဒ်   ဖော်ပြထားပါတယ်။    ဒါကလည်း တန်ဖိုးများပြားပြီး  ဂိုဏ်းအဖွဲ့ကို  ဖမ်းဆီးရမိတာမို့လို့ နိုင်ငံတော်နဲ့    ပြည်သူအတွက်    ဝမ်းသာဖွယ်    အလွန်ကောင်းလှတဲ့      သတင်းပါပဲ။     ဖမ်းဆီးရမိ အောင် ကြိုးစားကြသူအားလုံးကို  ကျေးဇူးတင်ပါ တယ်။
ဒီသတင်းနဲ့ ပတ်သက်လို့   ကောက်နုတ်တင်ပြ ရမယ်ဆိုရင်     လုံခြုံရေးတပ်ဖွဲ့ဝင်များ     ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲ မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)  ရွာငံမြို့နယ် မြို့ကြီး ကျေးရွာ အနီးမှာ ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး အိအိခင်(ခ)မအိနဲ့မေဦးကိုကို(ခ) မေဦးကြည်လင် တို့လိုက်ပါလာတဲ့ယာဉ်ကို   သတင်းအရရှာဖွေခဲ့ပါ တယ်။ ယာဉ်ပေါ်မှ  အိုက်စ် (မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ဒီဇင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီမှာ  ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်   (၁)ရပ်ကွက် ပုလဲလမ်းမှာ သိမ်းဆည်းရမိအိုက်စ်များ သယ်ဆောင် ရာမှာ   ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့     AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ    နေလင်းထွန်း(ခ)    နောနော်(ခ)ကျော်စိုးနဲ့ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို  မော်တော် ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိပါတယ်။  အဲဒီနေ့ မွန်းလွဲ   ၁၂ နာရီခွဲမှာ     ရွှေပြည်သာမြို့နယ် (၁)ရပ်ကွက်   
ကနောင်မင်းသားကြီးလမ်းရှိ  ဂိုဒေါင်မှာ AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချိုကို   အိုက်စ် ၈၆၅ ကီလိုနဲ့အတူဖမ်းဆီးရမိခဲ့ပြီး  အဲဒီနေ့ ည ၇ နာရီမှာ    ဇော်မင်းထွေး(ခ)   သန်းဝင်းနဲ့   သင်းမြတ်ဆွေ(ခ)ရင်ရင်လှတို့ကို         အောင်မင်္ဂလာအဝေးပြေး ကားဝင်းမှာ ဖမ်းဆီးရမိပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီမှာ သိမ်းဆည်းရမိအိုက်စ်များ ကို ရန်ကုန်မြို့မှာ  လက်ခံပြီး ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာမှာ   စီမံခန့်ခွဲသူ    သားကြီး(ခ)ဦးလှဝင်းအား တောင်ငူမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ  ဟိုတယ်မှာ ဆက်လက်ဖမ်းဆီးရမိပါတယ်။ စစ်ဆေး ချက်တွေအရ    ဒီဇင်ဘာ ၇ ရက်   မနက် ၁ဝ  နာရီခွဲ မှာ တောင်ဥက္ကလာပမြို့နယ်   (၉) ရပ်ကွက်မေတ္တာ လမ်းရှိ ၎င်းပိုင်ဆိုင်တဲ့ယာဉ်ပေါ်မှ     အိုက်စ်ကီလို ၁၁၄၀၊ ထိန်းချုပ်ဓာတုပစ္စည်း   ကဖင်းကီလို    ၈ဝဝ ဆက်လက်သိမ်းဆည်းရမိခဲ့ပါတယ်။   ပူးပေါင်းအဖွဲ့ ဟာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီမှာ   ကမာရွတ် မြို့နယ် ဆင်မလိုက်သင်္ဘောကျင်းမှာ  စိုးပိုင်(ခ)စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊  AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊    တပ်သား အဆင့်ရှိ   ကျော်လင်းဆန်းနဲ့  တပ်သားအဆင့်ရှိ ဦးထွန်းနုတို့  ခြောက်ဦးကို    ပြည်ပသို့    ပင်လယ် ရေကြောင်းမှတစ်ဆင့်        မူးယစ်ဆေးဝါးများ    သယ်ဆောင်တဲ့   တနင်္သာရီ(၁)အမည်ရှိ      သံခွံ ကုန်တင်သင်္ဘောတစ်စင်းနဲ့အတူ ထပ်မံဖော်ထုတ်   ဖမ်းဆီးရမိခဲ့ပါတယ်။   စစ်ဆေးဖော်ထုတ်ချက်တွေ အရ သိမ်းဆည်းရမိ   စိတ်ပြောင်းဆေးဝါးဖြစ်တဲ့   အိုက်စ်(မက်သ် အဖက်တမင်း)၂ ဒသမ ၀၇ တန်ကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့ပြီး ရှမ်းပြည်နယ်မှ   ရန်ကုန် တိုင်းဒေသကြီးသို့   သယ်ဆောင်ပြီး      ပင်လယ် ရေကြောင်းမှတစ်ဆင့် ပြည်ပသို့   သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းနဲ့ စိတ်ပြောင်းဆေးဝါး များ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့      ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်းများကို  ရှမ်းပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ပါတယ်။ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးနဲ့  ထိန်းချုပ်ဓာတုပစ္စည်းများကို AA အဖွဲ့ မှ    ဗိုလ်မှူးကြီးအဆင့်ရှိသူ   ကျော်မြတ်ဦး(ခ)သားသား (ခ) ဝေသာထွန်းရဲ့   ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဒါတွေ ကတော့ ဒီဇင်ဘာ ၁ ရက်မှ  ၂ဝ   ရက်အတွင်းမှာ မူးယစ်ဆေးဝါးဂိုဏ်းနှစ်ဂိုဏ်းကို    ဖမ်းဆီးရမိတဲ့ အကြောင်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က “ပြင်ဦးလွင်မြို့၌ ငွေကျပ် သိန်း ၃ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ” သတင်းနဲ့ ဒီဇင်ဘာ ၁၆ ရက်က “တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၄၅၁ဝ တန်ဖိုး ရှိ စိတ်ပြောင်းဆေးဝါး   Happy    Water များ သိမ်း ဆည်းရမိ” သတင်းတွေကလည်း    တန်ဖိုးရှိလှတဲ့ သတင်းတွေပါပဲ။ မူးယစ်ဆေးဝါးနဲ့   ဆက်စပ်တဲ့ ဆေးဝါးတွေ၊   ပစ္စည်းတွေဖမ်းဆီးရမိတဲ့ သတင်း ကြားရတိုင်း အလွန်ပဲဝမ်းသာမိပါတယ်။ လူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်လိုက်ခြင်းပါပဲ။
မူးယစ်ဆေးဝါးအမျိုးအစားတွေကို  လေ့လာ ကြည့်ရင် ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ၊    ကိုကင်း၊ ဆေးခြောက်တို့ဟာ    ဗဟိုအာရုံကြောကို     ဖိနှိပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။  မက်သ်အဖက် တမင်း၊     အိုက်စ်၊  အက်တက်စီ၊   ကတ်တမင်းတို့ဟာ စိတ်ကြွစေတဲ့ မူးယစ်ဆေးဝါးများ    ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့်စိတ်ကို     ပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အက်စစ် တစ်အင်ဟိုက်ဒရိုက်၊ အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်း၊ ကဖင်းတို့ကို    ပရီကာဆာလို့ သတ်မှတ်ထားပါ တယ်။    ပရီကာဆာဆိုတာ  မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေ ထုတ်လုပ်ရာမှာ အသုံးပြု တဲ့ဓာတုပစ္စည်းများကို   ခေါ်ဆိုခြင်း ဖြစ်ပါတယ်။    မူးယစ်ဆေးဝါးပပျောက်ဖို့ဆိုရင် သုံးစွဲသူတွေ လုံးဝ မရှိမှသာ ပပျောက်ပါလိမ့်မယ်။  သုံးစွဲသူတွေ    ရှိနေ လို့ ရောင်းဝယ်တယ်။ ထုတ်လုပ်တယ်။    သုံးစွဲသူ မရှိရင် သူတို့မှာ ဈေးကွက်ရှိမှာ  မဟုတ်ပါဘူး။
မူးယစ်ဆေးဝါးသုံးစွဲတဲ့    အကြောင်းတွေကို လေ့လာကြည့်တဲ့အခါ ကိုယ်တိုင်စူးစမ်းလို၍ သုံးစွဲ ခြင်း၊ ခံစားမှုအသစ်ကိုလိုချင်၍    စမ်းသပ်လိုခြင်း၊ အပေါင်းအသင်း    ဆွဲဆောင်မှုကြောင့်    သုံးစွဲခြင်း၊ အပန်းဖြေပျော်ရွှင်ချင်လို့သုံးစွဲခြင်း၊ ဘဝအခက်အခဲ တွေကို  တစ်ခဏတာ  ဖြေပျောက်လို၍   သုံးစွဲခြင်း၊ နေထိုင်တဲ့ပတ်ဝန်းကျင်ပေါ် မူတည်၍ သုံးစွဲခြင်း၊ (ဒါက အကြမ်းဖက်လက်နက်ကိုင်   အဖျက်သမား တွေရဲ့ပတ်ဝန်းကျင်မှာ သုံးစွဲခြင်းမျိုး)၊ နောက်ဆုံး တစ်ချက်ကတော့    မူးယစ်ဆေးဝါး   အန္တရာယ် အကြောင်း အသိပညာဗဟုသုတနည်းပါးလို့ သုံးစွဲ ခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း    ကျောင်း တွေမှာ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောမှုတွေ၊ ဗလငါးတန်နဲ့     ပတ်သက်တဲ့ ဟောပြောမှုတွေ   လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိတဲ့ ဆိုးကျိုး တွေနဲ့ပတ်သက်လို့   ဖော်ပြရရင် မူးယစ်ဆေးစွဲပြီး နောက် မသုံးစွဲရပါက သုံးစွဲလိုတဲ့ဆန္ဒ  ပြင်းထန် ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်ပြုလိုစိတ် ဖြစ်ပေါ်ခြင်း၊ သုံးစွဲပြီးနောက် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊  မိသားစုနဲ့  လုပ်ငန်းများ အပေါ်   စိတ်ဝင်စားမှုနည်းလာခြင်း၊  အာရုံစူးစိုက်မှု လျော့ပါးလာခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကြမှု ဖြစ်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ ကူးစက်ရောဂါများဖြစ်တဲ့ အသည်းရောင်အသား ဝါဘီပိုး၊ စီပိုးရောဂါနဲ့ HIV ရောဂါပိုး ကူးစက်ခံရခြင်း၊ ဆေးလွန်သဖြင့် သတိလစ်မေ့မြောခြင်း/ အသက် ဆုံးရှုံးခြင်း၊ ရာဇဝတ်မှုများ    ကျူးလွန်တတ်သဖြင့် ဥပဒေအရ   အရေးယူခံရခြင်း    စတဲ့ဆိုးကျိုးတွေပဲ ရရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့      မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးကို အလေးထားလုပ်ဆောင် နေသလို မိဘများ၊ ဆရာများအနေနဲ့ကလည်း မိမိတို့ သားသမီး၊ တပည့်များ မူးယစ်သားကောင် မဖြစ် အောင် ထိန်းသိမ်းကြရမှာ  ဖြစ်ပါတယ်။  ပြည်သူများ အနေနဲ့ကလည်း မူးယစ်ဆေးဝါးနဲ့    ပတ်သက်တဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံလျှို့ဝှက်စွာပေးပို့ကြရမှာ ဖြစ်ပါတယ်။   သတင်း ပေးသူအတွက်   ထိုက်တန်တဲ့    ဆုကြေးငွေများ ပေးအပ်ချီးမြှင့်နေပါတယ်။ မူးယစ်ဆေးဝါးပပျောက် ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူကာ လူတိုင်း ကိုယ်စီ အသိစိတ်ဓာတ်ရှိရှိဖြင့် ပါဝင်ဆောင်ရွက်ကြ ခြင်းဖြင့် လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင် ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။      ။
ကိုးကား-
၁။    ဒီဇင်ဘာလ ၁ ရက်မှ ၂ဝ ရက်အထိ 
    သတင်းစာများ
၂။    မူးယစ်ဆေးဝါးအန္တရာယ်    အသိပညာပေး လက်ကမ်းစာစောင်