လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

Type

 

ကိုပေါက်
 

 

ကမ္ဘာလုံးဆိုင်ရာအင်တာနက်နည်းပညာ လုပ်ငန်း ကြီးဖြစ်တဲ့ ဂူဂဲလ် (Google) ဟာ  သတင်းအချက် အလက်နဲ့   နည်းပညာဆိုင်ရာ   လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအစရှိတဲ့     လုပ်ငန်းဆောင်တာတွေကို  တစ်ကမ္ဘာလုံးလွှမ်းခြုံကာ  အချိန်နဲ့အမျှ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ 

 


တစ်ကမ္ဘာလုံးဆိုင်ရာ  သတင်းအချက်အလက် တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာ တွေနဲ့ပတ်သက်လို့   အိုင်တီပညာရှင်   လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ် အချိန်နဲ့အမျှ  တီထွင် ထုတ်လုပ်ဖန်တီးပေးလျက်ရှိပါတယ်။  ဖန်တီးထား တဲ့ နည်းပညာဆိုင်ရာ  Game  တွေဟာ   လူငယ်  လူရွယ်တွေကိုသာမက  ကလေးသူငယ်၊   လူကြီး တွေပါမကျန်    ဖမ်းစားထားနိုင်တဲ့   စိတ်ဝင်စားဖွယ် နည်းပညာကုန်ပစ္စည်းဖြစ်ပါတယ်။

 


“ခေတ်ကပြောင်းသွားပြီ ဦးလေးရေ။ ဦးလေး တို့၊ အဒေါ်တို့ခေတ်လိုမဟုတ်တော့ဘူး။ ကျွန်တော် တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေ ထဲမှာပဲ  ပျော်မွေ့နေကြတာ။   ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊  လည်စရာကမရှိ၊  မရှိတာတွေများ တော့ နည်းပညာတွေထဲမှာ  နေတာပဲကောင်းတာ ပေါ့။   ပျော်စရာလည်းဖြစ်တယ်။   အပျင်းလည်း ပြေတယ်။    အားလပ်ချိန်တွေကို   ဂိမ်းထဲမှာပဲ ဖြုန်းလိုက်တဲ့သဘောပေါ့”လို့   ၂၀၂၀   ပြည့်နှစ်က   ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိ ပါတယ်။ 

 


ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူ ကို  ပြန်လည်ခွန်းတုံ့ပြန်တာကို  နားထောင်ခဲ့ရပါ တယ်။ တူလေးရဲ့စကားဟာ  အဲဒီအချိန်ကာလအဖို့ တော့ မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ  စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေး သူငယ်၊ လူငယ်လူရွယ်တွေ ထွက်ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆို သာပါဘူး။

 


ဆိုးကျိုးတွေဖြစ်လာနိုင်


နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါ တယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်း အမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ    အဆက်မပြတ် ပေါ်ထွက်လာနေသလို   လူငယ်တွေ  စိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း     ပလူပျံအောင် ပေါ်ထွက်လာပါတယ်။ ဂူဂဲလ်ပလေး(Google Play) ရဲ့    နှစ်ပတ်လည်မှာဆိုရင်     အကောင်းဆုံးအက်ပ် (Apps) တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာကုမ္ပဏီတွေနဲ့  ကွန်ပျူတာပညာရှင်တွေ ကလည်း  အမျိုးမျိုးအဖုံဖုံ  ဖန်တီးမိတ်ဆက်ကြပါ တယ်။ 

 


ပလေးစတိုး(Play Store) မှာဆိုရင် သန်းနဲ့ချီ တဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့အကောင်းဆုံး ပေါ်ထွက်လာတဲ့  အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေခဲ့ပါ တယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊  လူငယ်နဲ့  အက်ပလီကေးရှင်းတွေ၊  ဂိမ်းတွေဟာ အတော့်ကို  ရေပန်းစားပါတယ်။   လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာအသစ်အဆန်း တွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကျိုး ထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့  လူ့အသိုက် အဝန်းမှာ  မကောင်းတဲ့လက္ခဏာတွေ ဖြစ်လာနိုင် တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်း  သူတွေ သတိပြုသင့်ပါတယ်။

 


အန္တရာယ်ရှိတဲ့ဂိမ်းတွေ


ဂိမ်းဆိုတာ တစ်ဖက်နဲ့တစ်ဖက်၊  တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်း ကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက  ရိုးရိုး ဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့    တိုက်ခိုက်ကြတဲ့  ကစားပွဲတွေအထိ စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ် ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကို အားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။  နောက် Call  of Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက် လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင် လောက     အနာဂတ်အတွက်   စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ 


ဂိမ်းဆိုတာ   တိုက်ကြ၊    ခိုက်ကြတာဖြစ်လို့ ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမယ့် တချို့ဂိမ်းတွေဟာ အလွန်အကျွံ ရက်စက်မှုတွေနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို     လမ်းပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက် ခဲ့တဲ့ ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေ ကို အကြောင်းမဲ့ ရက်ရက်စက်စက် လိုက်လံသတ်ဖြတ် တဲ့     ဂိမ်းတွေဖြစ်ပြီး   ဂိမ်းကစားတဲ့ လူငယ်တွေကို    စွဲလမ်းသဘောကျစေခဲ့ပါတယ်။   အဲဒီလိုဖြစ်ခဲ့တာ ဟာ  ကောင်းသလား၊     မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။    ဂိမ်းနဲ့ပတ်သက်တဲ့    ဆိုရှယ်မီဒီယာဟာ   လူငယ်တွေကို ဘယ်လိုလွှမ်းမိုး ခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။  

 


အကြမ်းဖက်ရှေ့ပြေးဂိမ်း


၂၀၁၀ ပြည့်နှစ်က ထုတ်လုပ်တဲ့ Infinity Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှု တွေကို   အထူးလှုံ့ဆော်တဲ့    ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။   ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ ပုံစံဖြစ်ပြီး လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်း  ပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေ အကြမ်းဖက်မှုကို  ကြိုက်နှစ်သက်ဖို့ နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။   ၁၉၉၈  ခုနှစ်က ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal  ဟာ   ဂိမ်းအတွင်းက   ဇာတ်ကောင်အသက်ရှင် ကျန်ရစ်ဖို့ ရန်သူအမြောက်အမြားကို  သတ်ဖြတ်ဖို့ သေနတ်တွေ၊   မိုင်းတွေ၊   ဗုံးတွေ  စတဲ့လက်နက် တွေ အကုန်လုံး အသုံးပြုထားပါတယ်။ ပိုဆိုးတဲ့ အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။  အဲဒီအတွက် ဒီဂိမ်းကို    နိုင်ငံအတော်များများက   တားမြစ်ခဲ့ ပါတယ်။

 


၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး   ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကို  ထပ်မံဖြည့်စွက်ပြီး      အသက်သွင်းလိုက်တဲ့အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါ လောက်အောင် လူတစ်ယောက်ကို  စုတ်ပြတ်သတ် သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေ  ပါဝင် ခဲ့ပြီး ဂိမ်းကစားသူတွေကို စွဲလမ်းသွားစေခဲ့ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို  အရူးအမူး ဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်က  ထုတ်လုပ်ခဲ့တဲ့  Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ ပြုလုပ်နိုင်ပြီး အရာအားလုံးကို ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့ သူဟာ   ကားခိုးဖို့အတွက်   ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို       ပြန်လည်သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်း         ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘော ဖြစ်နေတဲ့အတွက်      ကန့်သတ်ချက်တွေထားပြီး  ထုတ်လုပ်ခဲ့ရပါတယ်။

 


ရက်စက်မှုတွေ ကမ်းကုန်


အကြမ်းဖက်ဂိမ်းတွေ  ထုတ်လုပ်တဲ့နေရာမှာ ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်က  ထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယို အဖြစ်ဆုံးနဲ့ ရက်စက်မှုတွေ သရဖူဆောင်းလောက် အောင်  ဖန်တီးခဲ့ပါတယ်။   ၂၀၀၀   ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့  Soldier   of  Fortune  ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ      အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အလွန်ရက်စက်တဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို ဂျာမနီနိုင်ငံအတွင်း     ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့  နမူနာဂိမ်းတွေဟာ  နိုင်ငံတကာဂိမ်း သမိုင်းမှာ   ရက်စက်ဆုံးဂိမ်းတချို့ဖြစ်ပြီး   တခြား ရက်စက်တဲ့ဂိမ်းတွေ   နှစ်အလိုက်၊  စီးရီးအလိုက် ပေါ်ထွက်လာခဲ့ပါတယ်။    မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ  လူငယ်တွေနဲ့  လူ့အသိုက်အဝန်းကို ဂိမ်းတွေဟာ ဘယ်လောက်အကျိုးပြုခဲ့တယ်ဆိုတာ ကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက်ကာလ  လူငယ်တွေကြားမှာ  လောင်းကစားမှုတွေ၊ ဒုစရိုက်မှု တွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြု သင့်တဲ့ဂိမ်းတွေနဲ့လည်း ပတ်သက်မယ်လို့ ထင်ပါ တယ်။

 


အကြမ်းဖက်မှုတွေမှာအသုံးချ


မကြာသေးမီနှစ်များအတွင်း     ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်လာပြီး  အကန့်အသတ်နဲ့နေရစဉ်မှာ  လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစား လာပါတယ်။    ပိုဆိုးလာတာက    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့  နိုင်ငံရေးကိုအကြောင်းပြုလို့  အိုင်တီ ပညာရှင်တချို့  ဖန်တီးထားတဲ့ PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျ မှာ   အသုံးပြုခဲ့ပါတယ်။    ဒါပေမယ့်    ဒီဂိမ်းကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ  ပြည်တွင်း  ပြည်ပက စိတ်ခံစားချက်မြင့်မားတဲ့ မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က  အသုံးပြုခဲ့ကြ ပါတယ်။      

 


တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့လူငယ်တွေကို အွန်လိုင်းပေါ်မှာ  စိတ်ကူးယဉ်လို့ရအောင်  ဖန်တီး ပေးထားတာလို့ဆိုပါတယ်။  အမှန်တကယ်တော့ ဂိမ်းစွဲလမ်းတဲ့ လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေ ရအောင်    ဖန်တီးခဲ့တာဖြစ်ပါတယ်။   ဂိမ်းထဲမှာ ကစားတဲ့ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့် ၅၀၀၀ ရပါတယ်။ နောက်တစ်နည်း က ဒီဂိမ်းဆော့ဖို့  ကျည်ဆန်တွေကို ကြော်ငြာတွေ ကြည့်ပြီး ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။ 

 


အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း


ဒီလိုဂိမ်းတွေကို  သိလျက်နဲ့ဖြစ်စေ၊  မသိလို့  ဖြစ်စေ မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး   ဂိမ်း ကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို  သတိ ပြုဖို့လိုပါတယ်။  ဂိမ်းဆိုတာ   လူငယ်လူရွယ်တွေ အတွက် အပျင်းပြေ၊  အပျော်အဖြစ်   ကစားတယ် ဆိုပေမယ့်    အန္တရာယ်ရှိနိုင်တဲ့ဂိမ်းတွေကိုတော့   သတိထား ကစားဖို့ လိုအပ်ပါတယ်။  NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ    ပြည်သူတွေကို    တော်လှန်ရေး အကြောင်းပြပြီး နည်းအမျိုးမျိုး နဲ့  ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ရန်ပုံငွေတွေ ရရှိဖို့နဲ့ လူငယ်တွေ   လမ်းမှားရောက်စေမယ့် PDF Game တွေကို  ဖန်တီးခဲ့ကြပါတယ်။ ဒီ  PDF Game   Application  တွေကို     လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။

 


အခုပေါ်ထွက်နေတဲ့   အန္တရာယ်ရှိတဲ့  PDF ဂိမ်းတွေဟာ PDF Hero ၊   PDF Hero-2၊   End Game- Union Multiplayer War of Heroes တွေ ဖြစ်ပါတယ်။   ဒီဂိမ်းတွေဟာ   အကြမ်းဖက်မှုကို အားပေးတဲ့   ဂိမ်းတွေဖြစ်တာကြောင့်   ဖန်တီး ထုတ်လုပ်တာဖြစ်ဖြစ်၊  ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့   ငြိစွန်းပါ တယ်။

 


အရေးယူခံရမှာဖြစ်


စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို ဂိမ်းမှာပါဝင်တဲ့        ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေ ဟာ PDF Game  ကြော်ငြာအားလုံးကို  ကြည့်ရှု ပြီးပါက  အလှူငွေကျပ်   ၅၀   အလိုအလျောက် ပေးသွင်းပြီးဖြစ်နေပါတယ်။ ဒါကြောင့် PDF Game  တွေ ကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ ကို အထောက်အပံ့ပေးတဲ့  ကစားနည်းဖြစ်တယ် ဆိုတာကို လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ    သက်ဆိုင်ရာက   လုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကို   တွေ့ရှိရင်  အရေးယူခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း    အရေးယူခံရမှာ ဖြစ်ပါတယ်။ 

 


နည်းပညာ          တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ ပြည်သူတွေ အထူးသဖြင့် လူငယ် တွေ    အပျင်းပြေစေဖို့    ဂိမ်းတွေဖန်တီးထုတ်လုပ် ကြတာကို  အပြစ်မဆိုလိုပါဘူး။   ဒါပေမယ့်   ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာ ဆော့ကစားကွက် တွေထက် ပိုမိုလွန်ကဲတဲ့  လူတွေရဲ့  စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေး လမ်းပြဖန်တီးထားမှုတွေကိုတော့   သတိထားဖို့ လိုပါတယ်။ 

 


ဂိမ်းတွေ စတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲ ဂိမ်း၊    ငါးဖမ်းဂိမ်း၊  ကားပြိုင်ပွဲဂိမ်း၊    စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ဂိမ်းတွေဟာ  အပျော်သက်သက် ဖြစ်ပေမယ့်  ၂၀၀၀  ပြည့်လွန်ကာလတွေကစလို့ ပေါ်ပေါက်လာတဲ့  ဂိမ်းတွေထဲမှာ  လောင်းကစား ဂိမ်းတွေ၊  ဒုစရိုက်မှုကို  အားပေးတဲ့ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်း ဖက်ဂိမ်းတွေ ပေါ်ပေါက်လာပါတယ်။  မျက်မှောက် ကာလတွေမှာ   တစ်ဦးနဲ့တစ်ဦး၊   တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက်ရက်စက်မှုတွေ ပိုများလာတဲ့ သဘော  ဖြစ်လာတာတွေကို တွေးတောဆင်ခြင်ကြည့်ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ဆိုးတဲ့ အခြေအနေ တွေဖြစ်လာတာက   တိုင်းပြည်တွေရဲ့    နိုင်ငံရေး လောကမှာ   ဂိမ်းတွေကို    အသုံးချလာလို့  အစိုးရ  တွေက ပိတ်ပင်တားမြစ်အရေးယူကြပါတယ်။

 
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး မြေပြင်ပေါ်မှာရော     အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ   အဖျက်အမှောင့်တွေ  အမျိုးမျိုးအဖုံဖုံ ဖန်တီးလာကြပါတယ်။ ယခု အသုံးချလာတဲ့ PDF Game တွေဟာ   အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး လူငယ်တွေကို ဒုက္ခရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ် ပါတယ်။ အကြမ်းဖက်ဂိမ်းတွေနဲ့ စိတ်ကူးယဉ်မယ် ဆိုရင် ဂိမ်းကိုနိုင်အောင် မကစားနိုင်ဘဲ PDF Game ကစားတဲ့သူတွေ  ဂိမ်းသွားနိုင်တာကို  သတိပြုဖို့ လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့  မိဘအုပ်ထိန်း သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့   PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား ကြဖို့  စေတနာကောင်းနဲ့  အသိပေးနှိုးဆော်လိုက် ရပါတယ်။                  ။