
v လာလေလာနော်လက်တွဲခေါ်
သွားကြတူပျော်ပျော်၊
လူငယ်နှင့်စာပေပွဲတော် စည်စည်ကား
ကြည့်ရှုသိမှတ်ပွား။
v ခင်းကျင်းပြထားစုံစုံလင်
ပွဲခင်းအပြည့်ပင်၊
အစီအစဉ်ကောင်းလေစွ
ခမ်းနားအလွန်လှ။
v ဗဟုသုတရစရာ
ကဏ္ဍစုံလင်စွာ၊
ကိုဗစ်ရောဂါကာကွယ်ရေး
ခင်းပြပညာပေး၊၊
v အရောင်အသွေးစုံအလင်
လိပ်ပြာခန်းကိုဝင်၊
ရှားပါးမျိုးသွင်တွေ့မြင်ရ
ကြည့်လို့ဘယ်မဝ။
v ကိုယ်တိုင်ကိုယ်ကျ မောင်းဖို့ပြင်
လေယာဉ်ခန်းကိုဝင်၊
မိုးယံကောင်းကင် ပျံမလား
လေယာဉ်စီးလို့သွား။
v စီမံကိန်းများ မူမျိုးစုံ
ခင်းကျင်းပြသပုံ၊
စာအုပ်မျိုးစုံ ပြခန်းကောင်း
ဘဝစာသင်ကျောင်း။
v လေကြောင်းရေကြောင်းထည်ထည်ဝါ
ဆက်သွယ်ပို့ဆောင်ပါ၊
ပညာရပ်ဆိုင်ရာ မနောမွေ့
ကြည့်ရှုမှတ်သားလေ့။
v ပြခန်းမမေ့ ကြည့်စရာ
သိပ္ပံနည်းပညာ၊
လောက လူ့ရွာကောင်းစေဖို့
တီထွင်ကြံဆစို့။
v ပညာရည်နို့စို့စရာ
အားကစားလည်းပါ၊
မှတ်သားလေ့လာယိုင်မလဲ
ရင်ထဲခိုင်ခိုင်မြဲ။ ။
ဖိုလေးလုံးသောင်းကိုကို