လူငယ်နှင့်စာပေပွဲတော် အမှတ်တရ ကျောက်စာတန်ဖိုး

Type
၅

 

မြင့်မောင်စိုး

 

(၇၅) နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ ဇန်နဝါရီ ၂၉ ရက် မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ရာ ပြကွင်း ပြကွက်များအနက် ကျောက်စာပြကွက် ကိုလည်းတွေ့ရသည်။ ထိုကျောက်စာပြကွက်တွင် ကျောက်စာသုံးမျိုးကို မှတ်သားမိပါ၏။ ကျောက်စာတိုင်းတွင် ကျောက်စာ၊ ကျောက်စာပါအရေးအသား၊ ကျောက်စာအကြောင်းအရာ  ရှင်းလင်းချက်တို့နှင့်တကွ  ဖော်ပြထားသဖြင့် အလွယ်တကူလေ့လာ နိုင်သော ဆောင်ရွက်ချက်ပင်ဖြစ်သည်။  ထိုကျောက်စာသုံးမျိုးသည်ကား ပုဂံရွှေကျောင်းအရှေ့ဂူကျောက်စာ၊ ပင်ယကုလာ ကျောင်း ကျောက်စာနှင့် ရွှေပြည်စိုးကျောင်း  ကျောက်စာတို့ဖြစ်သည်။

 

ပုဂံရွှေကျောင်းအရှေ့ဂူကျောက်စာ


ထိုကျောက်စာ၏       အလှူရှင်မှာ  စစ်သူကြီး  စတ္တလင်္ကပိုင်ဖြစ်ကြောင်း၊ ကျောက်စာ  ခုနှစ်မှာ  သက္ကရာဇ် ၅၆၀ ခုနှစ်၊ (ခရစ်နှစ် ၁၁၉၈ ၊ အေဒီ  ၁၂ ရာစု) စာကြောင်းရေ    ၂၅ ကြောင်း   ပါရှိ ကြောင်း၊  ရေးထိုးထားသည့်  ဘာသာမှာ မြန်မာဖြစ်၍ ကျောက်စာအမှတ် (န -၇၇) ဖြစ်ကြောင်း၊ ကျောက်စာတည်နေရာမှာ မန္တလေးနန်းတွင်း        ကျောက်စာရုံ(၁)ဖြစ်ကြောင်း  ဖော်ပြထားသည်။

 


ထိုကျောက်စာနှင့်       ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြထားချက်မှာ ဤသို့ ဖြစ်သည်။
ကောဇာသက္ကရာဇ် ၅၆၀ ခုနှစ်တွင် စစ်သူကြီးစတ္တလင်္ကပိုင်သည် သစ်မထီး အရပ်၌ ဂူကျောင်းပြုပြင်၍ လယ် ၁၀၂၀ ပယ်၊ ကျွန် ၁၀  ယောက် လှူဒါန်းကြောင်း မှတ်တမ်းတင် ကျောက်စာရေးထိုးထား ခြင်းဖြစ်သည်။

 


ထိုကျောက်စာမှတစ်ဆင့်  မြန်မာ လူမျိုးတို့၏ စာပေအရေးအသား၊ စကား အသုံးအနှုန်း၊      လူနေမှုစရိုက်တို့ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ဥပမာ အားဖြင့် သက္ကရာဇ်ကို သကရစ်  ဟူ၍ လည်းကောင်း၊    ၌ကို     နှိုက်ဟူ၍ လည်းကောင်း      ရေးသားထားသည်။ လယ် ၁၀၂၀ ပယ် ဟူသော  အရေးအသား ကို လေ့လာခြင်းဖြင့် လယ်အရေအတွက် ကို ပယ် ဆိုသောအသုံးအနှုန်းကိုတွေ့ရ မည်ဖြစ်ပါသည်။ ပုဂံခေတ် (အေဒီ ၁၂ ရာစု)   မြန်မာစာပေအရေးအသားနှင့်  စကားအသုံးအနှုန်းကို  ထင်ဟပ်ဖော်ပြ နေပါသည်။  ထို့အတူလူနေမှုစရိုက်ကိုလည်းအကဲခတ်နိုင်မည်ဖြစ်ပါသည်။ သစ်မထီးအရပ်၌   ဂူကျောင်းပြုပြင်၍ လယ် ၁၀၂၀ ပယ်၊  ကျွန် ၁၀  ယောက်  လှူဒါန်းသည် ဟူသော   ရေးသားချက် ကိုကြည့်လျှင်   ပုဂံခေတ်က   ဘုရား၊ ကျောင်းဆောက်လုပ်     လှူဒါန်းပြီးလျှင် လှူဒါန်းထားသော ဘုရား၊ ကျောင်းတို့ နှစ်ပေါင်းရှည်ကြာစွာ     တည်တံ့နေရန် အတွက် ဘုရား၊ ကျောင်းတို့၌  ဝေယျာဝစ္စ ဆောင်ရွက်မည့်သူများကိုပါ  လှူဒါန်း လေ့ရှိကြောင်း မှတ်သားသိရှိရပေသည်။

 


ပင်ယကုလာကျောင်းကျောက်စာ


ဤကျောက်စာ၏   အလှူရှင်မှာ သင်သည်မင်း၊  စစ်လျင်မင်း၊ ငမျှောဖ တို့ဖြစ်သည်။      ကျောက်စာခုနှစ်မှာ သက္ကရာဇ် ၇၅၃ ခုနှစ်၊ (ခရစ်နှစ် ၁၄၀၁၊ အေဒီ ၁၅ ရာစု)    စာကြောင်းရေ    ၉ ကြောင်းပါရှိပြီး မြန်မာဘာသာဖြင့်ရေးထိုးထားခြင်းဖြစ်သည်။  ကျောက်စာ အမှတ်မှာ    (န-၁၈၇) ဖြစ်ကြောင်း၊ ကျောက်စာတည်နေရာမှာ     မန္တလေး နန်းတွင်း    ကျောက်စာရုံ(၁)ဖြစ်ကြောင်း ဖော်ပြထားသည်။    ထိုကျောက်စာနှင့် ပတ်သက်၍     အကျဉ်းချုပ်ဖော်ပြချက် သည်ကား ဤသို့တွေ့ရလေသည်။

 


ကောဇာသက္ကရာဇ် ၇၅၃ ခုနှစ်တွင် သင်သည်မင်းနှင့်  စစ်လျင်မင်းတို့သည် မြေလှူကြောင်း၊ ငမျှောဖ မည်သောသူ သည်  လင်္ကျာကျောင်းတွင်  ကျောင်း ဆောက်လှူဒါန်းကြောင်းနှင့် ဆုတောင်း ကျိန်စာများရေးထိုးထားသော ကျောက် စာဖြစ်ကြောင်း  သိရသည်။

 


ထိုကျောက်စာတွင်  အင်းဝခေတ် (အေဒီ ၁၅ရာစု)   မြန်မာစာပေအရေး အသား၊          စကားအသုံးအနှုန်းနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များကို လေ့လာ သုံးသပ်နိုင်မည်ဖြစ်ပါသည်။    ပင်ယ ကုလာ  ဟူသော  အရေးအသားသည်               မြန်မာစာပေတိုးတက်ရန်      လိုအပ်နေ သေးသော   အချိန်ကာလတစ်ခု     ဖြစ်နိုင် ပါသည်။ သင်သည်မင်း၊  စစ်လျင်မင်း၊   ငမျှောဖ  ဟူသော  စကားအသုံးအနှုန်း သည်လည်း        ထိုခေတ်ထိုအခါက ပေါ်ပေါက်ခဲ့သော    စကားလုံးများပင် ဖြစ်ပါသည်။

 

သို့သော် သင်သည်မင်းနှင့်     စစ်လျင်မင်းတို့  မြေလှူသည်ဆိုသော ရေးသားဖော်ပြမှုနှင့် ငမျှောဖမည်သော သူတို့   ကျောင်းဆောက်လုပ်လှူဒါန်း သည်ဆိုသော     ရေးသားဖော်ပြမှုမှာ ထိုခေတ်   ထိုအခါက     အလှူအတန်း ရက်ရောမှုကို  တွေ့ရမည်ဖြစ်ပါသည်။         ထို့အတူ     ဆုတောင်း    ကျိန်စာများ ရေးထိုးထားသည်ဆိုသော   အချက်မှာ     အလှူကြီး အတန်းကြီးပြုလုပ်သည့်အခါ ဆုတောင်းခြင်းနှင့်      လှူတန်းမှုကို ဖျက်ဆီးသူတို့အား     ကျိန်စာတိုက် ခြင်းတို့ကို             ပြုလုပ်တတ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

 


ရွှေပြည်စိုးကျောင်း ကျောက်စာ


ထိုကျောက်စာ၏         အလှူရှင်မှာ အမတ်ကြီး   ရွှေပြည်စိုးဇေယျသင်နှင့် ဇနီးတို့ဖြစ်သည်။ ကျောက်စာပေါ်ပေါက် ရာ ခုနှစ်မှာ   သက္ကရာဇ်  ၈၇၂  ခုနှစ်၊ (ခရစ်နှစ် ၁၅၁၀၊အေဒီ ၁၆  ရာစု)   စာ ကြောင်းရေ  ၁၉ ကြောင်းရှိပြီး ရေးထိုး ထားသည့်ဘာသာမှာ မြန်မာဘာသာဖြစ် သည်။ ၎င်းကျောက်စာ၏ ကျောက်စာ အမှတ်မှာ  (န-၂၂၆)   ဖြစ်ကြောင်း၊ ကျောက်စာတည်ရှိရာအရပ်မှာ မန္တလေး နန်းတွင်း ကျောက်စာရုံ (၁)ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤကျောက်စာနှင့် ပတ်သက်၍   အကျဉ်းချုပ်ဖော်ပြထား သည်မှာ  ဤသို့ဖြစ်သည်။

 


ကောဇာသက္ကရာဇ် ၈၇၂ ခုနှစ်တွင် အမတ်ကြီးအဝ ရွှေပြည်စိုးဇေယျသင် နှင့် ဇနီးတို့သည် ကျားအိမ်တောကျောင်း နှင့် စစ်လျင်မင်းကျောင်းသို့   ဘုရားနှင့် ကျောင်းကို        ရေစက်ချလှူကြောင်း မှတ်တမ်းတင် ကျောက်စာရေးထိုးထား ခြင်းဖြစ်သည်။
ထိုကျောက်စာတွင်    ညောင်ရမ်း ခေတ် (အေဒီ  ၁၆  ရာစု)   စာပေအရေး အသားကိုတွေ့ရမည်ဖြစ်ပါသည်။ အမတ် ကြီး  ရွှေပြည်စိုးဇေယျသင်    ဟူသော ရေးသားဖော်ပြမှုသည် ထီးသုံး နန်းသုံး စကားလုံးများဖြစ်ပါသည်။ စာပေအရေး အသားနှင့် စကားလုံးအသုံးအနှုန်းများတိုးတက်ပြောင်းလဲလာမှုကို       တွေ့ရ မည်ဖြစ်ပါသည်။ မြန်မာစာပေ၊ ယဉ်ကျေး မှု စရိုက်လက္ခဏာများ တိုးတက်လာ မှုကို  ဖော်ပြနေပါသည်။

 


အကောင်းဆုံး  
သမိုင်းအထောက်အထား


အထက်ဖော်ပြပါ     ကျောက်စာ သုံးချပ်သည် မြန်မာလူမျိုးတို့၏ စာပေ နှင့်   ယဉ်ကျေးမှုကို  ဖော်ပြနေပါသည်။  ပုဂံခေတ်၊  အင်းဝခေတ်နှင့် ညောင်ရမ်း ခေတ်တို့ရှိ စာပေအရေးအသား၊ ပြောဆိုသောစကား၊ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ကျောက်စာတို့မှတစ်ဆင့် သိရှိရ ခြင်းဖြစ်ပါသည်။ ကျောက်စာဟူသည်မှာ လည်း အရှည်တည်တံ့စေရန် ရေးထိုးခဲ့ ပြီး  အကောင်းဆုံး  သမိုင်းအထောက် အထားတစ်ခုဖြစ်ပါသည်။ ရှေးဦးလူသား တို့သည်    စာပေများမပေါ်ထွန်းမီက ဂူနံရံများ၌      ရုပ်ပုံများရေးခြစ်လျက်      မှတ်သားလေ့ရှိကြောင်း    သိရပါသည်။  ထို့နောက် ကျောက်သားများ၌    ရေးသား သော ရုပ်ပုံ၊ စာသား၊  ပေပုရပိုက်များ၌ ရေးသားသောစာပေဟူ၍ တဖြည်းဖြည်း တိုးတက်လာခဲ့ပါသည်။     ထို့နောက် ပေပုရပိုက်ခေတ်မှသည် စက္ကူပေါ်တွင် ရေးသားနိုင် သောခေတ်၊   ထိုခေတ်မှသည်   ပုံနှိပ်စာလုံးခေတ်၊    ယနေ့ခေတ်သည်  ဒစ်ဂျစ်တယ်ခေတ်၊  ကွန်ပျူတာ နည်း ပညာဖြင့် စာရေးနိုင်သောခေတ် စသည် ဖြင့်  စာပေအရေးအသားများ      တိုးတက် ပြောင်းလဲလာမှုကို            တွေ့ရမည်ဖြစ် ပါသည်။

 


ထို့ကြောင့် ကျောက်စာအရေးအသား သည် မြန်မာလူမျိုးတို့၏  စာပေအရေး အသား၊   ဓလေ့စရိုက်၊   ယဉ်ကျေးမှု စသော  အကြောင်းအရာများစွာတို့ကို ထင်ဟပ်ဖော်ပြနေပါသည်။    သမိုင်း တန်ဖိုးမြင့်မားလှပေသည်။  ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ ထွန်းကား တည်ရှိမှုကိုပြသည့် အကောင်းဆုံးသော သမိုင်းသက်သေ      အထောက်အထား လည်းဖြစ်ပေသည်။  မြန်မာလူမျိုးတို့ သည် ကမ္ဘာ့အလယ်တွင်     ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့်  တင့်တယ် ထည်ဝါစွာနေလာခဲ့သည့် လူမျိုးတစ်မျိုး ဖြစ်သည်ကို     ထိုကျောက်စာများက ပြောပြနေသည်မှာ     အထင်အရှားပင် ဖြစ်ပါသည်။    ။