လူငယ်နှင့် စာပေအနုပညာပြပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊  ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ် ချီးမြှင့်ခံရသူများ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


၂၀၂၃   ခုနှစ်   (၇၅)   နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေအနုပညာ ပြပွဲ နောက်ဆုံးနေ့အဖြစ်  ယနေ့ တွင်  မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC II)   ၌   စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 


ကြိုဆိုနှုတ်ဆက်


မွန်းလွဲပိုင်းတွင်      လူငယ်နှင့် စာပေအနုပညာပြပွဲသို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ   လာရောက်ကြည့်ရှု      လေ့လာရာ ပြန်ကြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့်   ဇနီး    ဒေါ်ခင်ဆွေဝင်း တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း က  တိုင်းဒေသကြီးနှင့် ပြည်နယ်  ဝန်ကြီးချုပ်များအား လူငယ်နှင့် စာပေအနုပညာပြပွဲတွင် ခင်းကျင်း ပြသထားသော   မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်သည့်     ကြီးမြတ်သော မြန်မာမှတ်တမ်းရသ     ရုပ်ရှင် ဇာတ်ကားကြီး     အောင်မြင်စွာ ရိုက်ကူးနိုင်ရေးအတွက် အသုံးပြုခဲ့ သည့် ရိုက်ကူးရေးသုံး နည်းပညာ ပစ္စည်းများ၊    ရိုက်ကွင်းကြိုတင် ပြင်ဆင်မှုများနှင့်  ရိုက်ကွင်းပုံရိပ် များကို     လိုက်လံ       ရှင်းလင်း ပြသသည်။

 


ဖျော်ဖြေတင်ဆက်


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊  တိုင်းဒေသကြီး နှင့်     ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်ကြ​သော       ဦးခက်ထိန်နန်၊ ​ဒေါက်တာ  ဝုန်ဆွန်းထန်၊  ဦးစော မြင့်ဦး၊ ဦးမျိုးဆွေဝင်း၊ ဦးတင့်လွင်၊ ဦးမြတ်​ကျော်၊ ဦးဇော်လင်းထွန်း၊ ဒေါက်တာ       အောင်ကျော်မင်း၊ ဒေါက်တာ  ကျော်ထွန်း၊  ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်   ချီးမြှင့်ခံရသူ များနှင့် မိသားစုဝင်များ၊ ကျောင်း သား ကျောင်းသူများ၊ ဧည့်ပရိသတ် များက ပြပွဲဖျော်ဖြေရေးအစီအစဉ် ကို ကြည့်ရှုအားပေးရာ (အပေါ်ပုံ) အမှတ် (၃)  အခြေခံပညာအထက် တန်းကျောင်းမှ     ကျောင်းသား ကျောင်းသူများက     “ပြည်ထောင်စု ကြီး     ထာဝရတည်တံ့စေသား” သီချင်းဖြင့်       လည်းကောင်း၊   အမှတ် (၆) အခြေခံပညာ အထက် တန်းကျောင်းမှ      ကျောင်းသား ကျောင်းသူများက   “သွေးရင်းများ   ပီပီ” သီချင်းဖြင့် လည်းကောင်း၊ အမှတ် (၁၁) အခြေခံပညာအထက် တန်းကျောင်းမှ     ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် လည်းကောင်း၊ အမှတ် (၇) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်း သူများက “ပြည်ထောင်စုအင်အား”  သီချင်းဖြင့်လည်းကောင်း၊ အမှတ်  (၅)  အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူများက “ထာဝရငြိမ်းချမ်းရေး” သီချင်းဖြင့်လည်းကောင်း   ကပြ ဖျော်ဖြေတင်ဆက်ရာ      တက် ရောက်လာကြသူများက    တစ်ခဲ နက် ကြည့်ရှုအားပေးကြသည်။

 


ဆက်လက်၍      နိုင်ငံကျော် ရုပ်ရှင်နှင့်     ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင်က ကျောင်းသား ကျောင်း သူများနှင့်အတူ “စိန်ရတုမှသည် ကမ္ဘာတည်သရွေ့”    သီချင်းနှင့် ဗိုလ်အောင်ဒင်   သီချင်းတို့ဖြင့် လည်းကောင်း၊        နိုင်ငံကျော် ဟာသ    သရုပ်ဆောင်  ချစ်စုနှင့် ပန်းသော်တာ   တို့က      “အထွတ် အမြတ်တွေးတဲ့ လွတ်လပ်ရေး” သီချင်းဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံ ဟာသပညာရှင်များအစည်း အရုံးက  “ငြိမ်းချမ်းပါပြီ မြန်မာ ပြည်” သီချင်းဖြင့် လည်းကောင်း  ဂုဏ်ပြုဖျော်ဖြေ      တင်ဆက်ရာ ဧည့်ပရိသတ်များက  ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။

 


ဂုဏ်ပြုဆုငွေချီးမြှင့်


ထို့နောက်    ၂၀၂၃     ခုနှစ် (၇၅)    နှစ်မြောက်        စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  လူငယ်နှင့်   စာပေအနုပညာပြပွဲ တွင် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြ သည့်  ကျောင်းသား  ကျောင်းသူ များနှင့်     အနုပညာရှင်များကို တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် ပြည်နယ်      ဝန်ကြီးချုပ်များက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။

 


ကြည့်ရှုအားပေး


ယင်းနောက်     ကြီးမြတ်သော မြန်မာ     မှတ်တမ်းရုပ်ရှင်အား ပြည်ထောင်စုဝန်ကြီးနှင့်     ဇနီး၊ တိုင်းဒေသကြီးနှင့်     ပြည်နယ် ဝန်ကြီးချုပ်များ၊ ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်ချီးမြှင့်ခြင်းခံရသူများ နှင့်  မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဧည့်ပရိသတ်များ က     စိတ်ဝင်စားစွာ   ကြည့်ရှု အားပေးကြသည်။   
   

သတင်းစဉ်