
နမ္မတူ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူ မြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူ များ အကျင့်စာရိတ္တ ကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိ ပညာပေးဟောပြောပွဲကို မတ် ၁၉ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း ရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက ကျောင်းသားကျောင်းသူ များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်၊ ပညာဂုဏ်ပြည့်စုံဖို့ ကြိုးစားကြရန်၊ မိမိစာပေနှင့် မိမိလူမျိုးယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင်လေးစား မြတ်နိုး တန်ဖိုးထားတတ်ရန်၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုး ထား ထိန်းထိမ်းစောင့်ရှောက်ကြရန် နှင့် ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စာရိတ္တကောင်းမွန်ပြီး ရည်မှန်းချက် ပြည့်ဝ၊ ပညာတတ်ဖို့ ကြိုးစားကာ အောင်မြင်ကြီးပွားကြဖို့ ကြိုးစားကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ တာဝန်ခံ ဒေါ်နီလာဝင်းက လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ခင်ဝင်းက လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ် တန်းပြ ဆရာမ ဒေါ်အေးသီက စာတတ် ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ် တန်းပြ ဆရာမ ဒေါ်ဖြိုးဖြိုးက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောပြီး ကျောင်းသား ကျောင်းသူများက သိရှိ လိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးသည်။
အခမ်းအနားသို့ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၇၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)
ပြည်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း သုံးထပ်ဆောင်၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား ပြည်ခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းဝင်းက စိတ်ဓာတ်ကောင်း များဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က အကျင့်စာရိတ္တကောင်းမွန်ရေးအကြောင်းနှင့် ပြည်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းက စိတ်ဓာတ်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအကြောင်း ဟောပြောသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ပြည်ခရိုင် ပြန်/ဆက်ရုံးမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုကြကြောင်း သိရ သည်။
ကိုစိုး(ပြန်/ဆက်)
မုံရွာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ် ၁၉ ရက်က မုံရွာမြို့ အလုံ အထက-၂ ခန်းမ ၌ ပြုလုပ်ရာ ကျောင်းသား ကျောင်းသူ ၁၅၀ ခန့် တက်ရောက်သည်။
ရှေးဦးစွာ မုံရွာခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်ခင်သူဇာစိန်က “စိတ်ဓာတ်ကောင်းဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးမြင့်နိုင်စိုးက “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးသည်။
ဆက်လက်ပြီး ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်က မုံရွာမြို့ အလုံ အထက-၂ အတွက် ဘောလုံး၊ ခြင်းလုံး၊ ဘော်လီဘော စသည့် အားကစားပစ္စည်းများကို ပေးအပ်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
မူဆယ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ အ.ထ.က အမှတ်(၃)ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။ (အောက်ပုံ)
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက လူငယ်နှင့်စာရိတ္တကောင်းမွန်စေရေး၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာများ၊ ကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများ စာအုပ်စာပေများကို ဆက်လက်လေ့လာ ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ်များ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်နေစေရန် ရှင်းလင်း ဟောပြောပြီး ခရိုင်ပညာရေးဦးစီးမှူး ဦးအောင်ကိုက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုင်ရာအကြောင်းအရာများကို ကျောင်းသားအချို့နှင့် သရုပ်ဖော်ပြသသည်။ ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သွယ်သွယ်လှိုင်က အားကစားပြုလုပ် ရခြင်း အကျိုးကျေးဇူး၊ ကာယပညာ သင်ကြားရခြင်း၏ အကျိုးကျေးဇူး များကို ရှင်းလင်းဟောပြောသည်။
ယင်းနောက် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ မေးမြန်းသော စိတ်ဓာတ်၊ စည်ကမ်း၊ ပညာ၊ ကျန်းမာရေးဆိုင်ရာ အပိုင်းများကို ဖြေကြားပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားကစားနမူနာများ ပြသခြင်း၊ အေးရိုးဗစ်အကတို့ဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းကို ကျောင်းသား ကျောင်းသူများက အားပေးကြ ကြောင်း သိရသည်။ ဇင်မောင်(မူဆယ်)
ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(၁) မြောက်ဥက္ကလာပ၌ ယနေ့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အားကစားစိတ်ဓာတ်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာမိုးက တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့် လည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ပညာရေးမှူး(တာဝန်ခံ) လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုမာက စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ အား ကျောင်းသား ကျောင်းသူ ကလေးငယ်များက ကြည့်ရှုကြသည်။
သက်မင်းဟန်
ခန္တီး
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကို မတ် ၁၉ ရက်က ခန္တီးမြို့ အ.ထ.က ကျောင်းရှိ ကျန်စစ်သားခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်ထွန်းအောင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်ကိုလည်းကောင်း၊ ခရိုင်ပြန်/ဆက်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိမ်းလဲ့လဲ့က အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အား/ကာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်စိုးအောင်က အားကစား နှင့် လူငယ်ရေးရာခေါင်းစဉ်ဖြင့် လည်းကောင်း အ.ထ.က (ခန္တီး)မှ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်းမှ ကျောင်းသား ကျောင်းသူ လေးများအား ဟောပြောပြီး ခရိုင်အား/ကာမှ အ.ထ.က (ခန္တီး)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)
တာချီလိတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်) ခန်းမဆောင်၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက “လူငယ်များ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က “အားကစားနှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက “လူငယ် များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသည်။
ဟောပြောပွဲကို အခြေခံပညာ ကျောင်းသား ကျောင်းသူ ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)