လူမှုရေးအကူအညီလိုသော်... ဖုန်းဆက်ပါနော်

Type
55


 

မြင့်မောင်စိုး

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၄ နာရီ Help Line ဝန်ဆောင်မှုပေးမည့်အကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤထုတ်ပြန်ချက်အရ လူမှုရေးအကူအညီ အမှန်တကယ် လိုအပ်‌နေသူများအတွက် အလွန်ပင်ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရပ်ကွက်၊ မြို့ရွာတို့၌ လူမှုရေးနှင့်ဆိုင်သော အမှုကိစ္စများစွာတို့သည်  နေ့စဉ် နိစ္စဓူဝကြုံတွေ့နေကြရပါသည်။  အမှုကိစ္စများ ဖြေရှင်းအကြောင်းကြားရန် လိုအပ်လာသောအခါ အများစုကလမ်းလူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းစသည် စသည်ဖြင့် ဆက်သွယ်အကြောင်းကြား လုပ်ကိုင်‌ဆောင်ရွက်ကြရပါသည်။ 
ယခုလို      အွန်လိုင်းဝန်ဆောင်မှု      ပေါ်ပေါက်လာခြင်းသည်   ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့အပြင် လူမှုရေးအကူအညီ ပေးနိုင်မည့်     နေရာသစ်တိုးလာခြင်းမှာ  ဝမ်းမြောက်ဝမ်းသာ ကြိုဆို ရမည်သာ   ဖြစ်ပါသည်။     လူမှုရေးအခက်     ကြုံတွေ့နေရသူများကို တစ်ဖက်တစ်လမ်းမှ     ကူညီလုပ်ပေးလိမ့်မည်ဟု     ယုံကြည်ရပေသည်။ လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့်လည်း    ပြည်သူလူထုကို   ခေတ်စနစ်နှင့်အညီ အွန်လိုင်း ဝန်ဆောင်မှုပေးနိုင်မှုမှာလည်း   ဂုဏ်ယူဖွယ်ရာပင်   ဖြစ်ပါသည်။
ဝန်ဆောင်မှုများပေးသွားမည်
အဆိုပါ ၂၄ နာရီဝန်ဆောင်မှုသည်ကား အိမ်တွင်းအကြမ်းဖက် မှုအပါအဝင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းဖြစ်ရပ်များ၊ ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၊ အမျိုး သမီးများ၊  မသန်စွမ်းသူများ၊   သက်ကြီးရွယ်အိုတို့နှင့်  ပတ်သက်၍ လူမှုရေးနည်းလမ်းအရ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်လာပါက ကာယကံရှင်  ကိုယ်တိုင်သော်လည်းကောင်း၊  သိရှိသူပြည်သူများမှ လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန    လူမှုဝန်ထမ်းဦးစီးဌာန၏    Helpline တယ်လီဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂နှင့်ဝ၆၇-၄၀၄၉၉၉   တို့သို့ ယုံကြည် စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် Viber နံပါတ် ၀၉ -၈၈၉၉၁၁၁၄၄ သို့လည်း Viber Message ပေးပို့၍လည်း တိုင်ကြားနိုင်ကြောင်း သိရသည်။ ၎င်းအပြင် Helpline -DSW Page Messager သို့ Message ပေးပို့၍ တိုင်ကြားနိုင်ပါသည်။ အကယ်၍ လူမှုရေးအကူအညီ လိုအပ်နေသူများအတွက်  ဆက်သွယ်တိုင်ကြား လိုပါက တိုင်ကြားသူ၏အမည်၊ လိပ်စာ၊  ဖုန်းနံပါတ်  ထည့်သွင်းဖော်ပြ ရမည်ဟု ဆိုပါသည်။ ဆက်သွယ်တိုင်ကြားသူများ၏ သတင်းအချက် အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးသွား မည်ဖြစ်ကြောင်း၊ တိုင်ကြားမှုများအား လူမှုရေးနည်းလမ်းများဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည်များကို ညွှန်းပို့ချိတ် ဆက်ပေးခြင်းတို့ဖြင့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရပါသည်။
လူမှုရေးနည်းလမ်းအရ အကူအညီပေးနိုင်
အိမ်တွင်းအကြမ်းဖက်မှုဟုဆိုရာတွင်    လင်မယားချင်းစကား များရာမှအစ သွေးထွက်သံယိုမှုများအထိ ဖြစ်ပေလိမ့်မည်။ စီးပွားရေး အဆင်မပြေမှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ငွေကြေးအရှုပ်အရှင်း စသော    အကြောင်းအရာများအပေါ်မူတည်၍    စကားများကြရာမှ ခြိမ်းခြောက်ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊  ကိုယ်ထိလက်ရောက် ကျူးလွန်ရိုက်ပုတ်ခြင်း၊  နှိပ်စက်ညှဉ်းပန်းခြင်း၊   သားသမီးများအား ဆိုဆုံးမသင့်သည်ထက်              အလွန်အကျူးရိုက်နှက်ခြင်းတို့သည် အိမ်တွင်းအကြမ်းဖက်မှုကို   ဦးတည်စေပါသည်။  အိမ်တွင်းအကြမ်း ဖက်မှုများကို နေစဉ်နှင့်အမျှ ကြုံတွေ့ခံစားနေရသူများအဖို့ တိုင်ကြား နိုင်သော အခြေအနေတစ်ရပ်ပင်ဖြစ်ပါသည်။ ဤသို့ဖြစ်ရပ်များသည် မိသားစုများအကြား၊ ဇနီးလင်မယားများကြား ဖြစ်လေ့ဖြစ်ထရှိသောပြဿနာတစ်ရပ်ပင်ဖြစ်သည်။ မခံမရပ်နိုင်လောက်အောင် အိမ်တွင်း အကြမ်းဖက်မှုဖြစ်ပွားလာပါက      ဖုန်းဆက်အကူအညီတောင်းခံ လာပါက လူမှုရေးနည်းလမ်းအရ အကူအညီပေးနိုင်မည့် အစီအစဉ် တစ်ခုပင်ဖြစ်ပါသည်။
အိမ်တွင်းအကြမ်းဖက်မှုသာမက  တစ်ခါတစ်ရံမိဘနှင့် သားသမီး များကြားတွင်လည်း ပြဿနာလေးများရှိတတ်ပါသည်။ အချို့သော သားသမီးများသည် ငယ်စဉ်အခါ အလွန်အလိုလိုက်ထားမိရာမှ အလွန် ဆိုးသွမ်းသော  ကလေးများ ရှိတတ်ပါသည်။  နောက်ဆုံးထိန်းမနိုင် သိမ်းမရတော့ဘဲ ဖြစ်တတ်ပါသည်။ထိုအခါ လူမှုဝန်ထမ်းဦးစီးဌာနသို့ အကူအညီတောင်းခံလာပါက   အသက် ၁၈ နှစ်အောက်    ကလေးများ ဆိုလျှင်   လူငယ်သင်တန်းကျောင်းများတွင်   ယာယီထိန်းသိမ်းထား ပြီးပြုပြင်ပေးကြောင်းလည်း သိရပါသည်။
အမျိုးသမီး ငယ်ရွယ်သူများအတွက်ဆိုလျှင်လည်း အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်       အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်းအထိ ဖွင့်လှစ်ပြီး  အိမ်တွင်းမှုပညာရပ်များသင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် လူမှုရေးအရအကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုလိုအပ်သော အမျိုး သမီးများအတွက်    အမျိုးသမီးများ  ဖွံ့ဖြိုးတိုးတက်ရေးဌာနနှစ်ခု၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းလေးခုနှင့် အမျိုးသမီး များ ပြုစုစောင့်ရှောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဌာန  တစ်ခုတို့ကို ဖွင့်လှစ်ပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီး ကာကွယ်စောင့်ရှောက် ‌ရေးကို  အထူးအလေးထားဆောင်ရွက်နေကြောင်း  အထင်အရှား ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်    သက်ကြီးရွယ်အို       ပြုစုစောင့်ရှောက်ရေး ကိုလည်း  အလေးထား    ဆောင်ရွက်လျက်ရှိကြောင်း   သိရပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေး  အမျိုးသားအဆင့်   မဟာဗျူဟာ စီမံချက် (၂၀၁၄)နှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (၂၀၁၆)နှင့် အညီ    သက်ကြီးရွယ်အိုများ      ဝင်ငွေလုံခြုံမှုရရှိစေရေးအတွက် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အသက် ၁၀၀ နှစ်မှစခဲ့ပြီး တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့်    လူမှုရေးပင်စင်ပေးခဲ့ကြောင်း   သိရပါ သည်။  ထို့နောက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစ၍  အသက်  ၉၀  နှင့် အထက်၊ ၂၀၁၈ -၂၀၁၉  ဘဏ္ဍာနှစ်တွင်   အသက် ၈၅ နှစ်နှင့်အထက် တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် လူမှုရေး ပင်စင်     ထောက်ပံ့မှုအစီအစဉ်ကို       အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  လက်ရှိအကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၂၅၀၀၀၀ ရှိကြောင်း ၊ ခိုကိုးရာမဲ့ ဘိုးဘွားများကိုလည်း ဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရပါသည်။ ဤထောက်ပံ့မှု သည်     ခိုကိုးရာမဲ့သော      ဘိုးဘွားများအတွက်  ကောင်းမွန်သော အကူအညီ လိုအပ်ချက်ပင် ဖြစ်သည်။
အထူးသတိထားသင့်
သက်ငယ်မုဒိမ်းမှုနှင့်        အမျိုးသမီးငယ်ရွယ်သူများအား လိင်အကြမ်းဖက်မှုသည်  အထူးသတိထားရမည့်  အချက်တစ်ချက် ဖြစ်ပါသည်။  အရွယ်မရောက်သေးသူများ၊  အမျိုးသမီးငယ်ရွယ်သူ များအား  ဆင်းရဲနွမ်းပါးမှုကို  အခွင့်ကောင်းယူ၍  တရုတ်အမျိုးသား များထံ   ပို့ဆောင်ရောင်းစားပြီး     ငွေကြေးအကျိုးအမြတ်    ရယူလုပ် ဆောင်မှုများရှိနေပါသည်။ ဤသို့ လူကုန်ကူးမှုသတင်းများကို မကြာ ခဏကြားသိနေရပါသည်။ အထူးသတိထားသင့်ပါသည်။
သို့ပါ၍    မိမိအနေဖြင့်လည်းကောင်း၊    မိမိပတ်ဝန်းကျင်တွင် လည်းကောင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကို ဆိုးရွားစွာ ကြုံတွေ့နေရလျှင်ဖြစ်စေ၊ သက်ငယ်မုဒိမ်းမှုနှင့် လူငယ်ပြဿနာများ ဖြစ်စေ ရင်ဆိုင်ကြုံတွေ့နေရပါက ဆက်သွယ်၍ လူမှုရေးအကူအညီတောင်းခံနိုင်ပါသည်။   ထို့အပြင်   မိမိပတ်ဝန်းကျင်တွင်  ခိုကိုးရာမဲ့ အဘိုးအဘွားများ၊   သားထောက်သမီးခံမရှိသူ  ဘိုးဘွားများ  တွေ့ရှိ ပါကလည်း      ကူညီစောင့်ရှောက်ပေးနိုင်သော    ဘိုးဘွားရိပ်သာများရှိ ပါသည်။ ဆက်သွယ်အကူအညီ တောင်းခံလာပါက လူမှုဝန်ထမ်း ဦးစီးဌာနက ဆက်သွယ်ညွှန်းပို့ပေးသွားမည်ဖြစ်ကြောင်းလည်း သိရ ပါသည်။ လူမှုရေးအကူအညီ လိုအပ်လာသောအခါ ဆက်သွယ်အကူအညီတောင်းခံနိုင်ရန်အတွက် ယခုဖော်ပြပါ ဖုန်းနံပါတ်များကိုလည်း မိမိတို့၏ လက်ကိုင်ဖုန်းများတွင် အရန်သင့်သိမ်းဆည်းထားဖို့  လိုအပ် မည်ဖြစ်ပါသည်။ သို့မှသာ ဆက်သွယ်အကူအညီ  တောင်းခံနိုင်မည် ဖြစ်ပါသည်။  ဘာပဲဖြစ်ဖြစ်   လိုလျှင်ရစေကြိုးနှင့်ခွေ  ဆိုသည့်စကား အတိုင်း  ဆက်သွယ်အကူအညီတောင်းခံနိုင်သော  ဖုန်းနံပါတ်များရှိ ထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍ လူမှုရေးအကူ အညီတစ်ခုခု လိုအပ်မည်ဆိုပါက ဖော်ပြပါ ဖုန်းနံပါတ်များမှ  တစ်ဆင့် ဆက်သွယ်အကူအညီ  တောင်းခံနိုင်မည်ဖြစ်ပါကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။           ။