လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေး

 

တွံတေး   အောက်တိုဘာ   ၂၄ 


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်အလုပ် ဌာန ၁၁၄၁ ဌာနနှင့် အာမခံအလုပ်သမား ၃၇၁၀၄ ဦးတို့အား အကျုံးဝင်မှတ်ပုံတင် ထားရှိပြီး     လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ  သာကေတမြို့နယ်မှ  အကျုံးဝင် မှတ်ပုံတင်ထားသည့်    တက်လမ်းကွန် ကရစ်ကုမ္ပဏီအလုပ်ဌာနတွင်  တာဝန် ထမ်းဆောင်ခဲ့သည့် အာမခံအလုပ်သမား ဦးဖိုးလပြည့်၏     အလုပ်ခွင်ထိခိုက်မှု ကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ် သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်း အနားကို    အောက်တိုဘာ  ၂၄  ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လူမှု ဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးရုံး၌ ပြုလုပ် ရာ    တိုင်းဒေသကြီး    တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦး၊ တွံတေးမြို့နယ် လူမှုဖူလုံ ရေးရုံး  ရုံးခွဲတာဝန်ခံနှင့်  အလုပ်ဌာနမှ တာဝန်ရှိသူများ၊  အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ တက်ရောက်ကြသည်။


အဆိုပါ  အခမ်းအနားတွင်  တိုင်း ဒေသကြီး တာဝန်ခံအရာရှိက ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာ များကို ရှင်းလင်းပြောကြားပြီး တက်လမ်း ကွန်ကရစ်ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးဖိုးလပြည့်၏ အလုပ်တွင် ထိခိုက်မှု ကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်(ငွေလုံးငွေရင်း) ခွင့်ပြု ငွေကျပ်  ၄၃၂ဝဝဝဝ  ကို    ဇနီးဖြစ်သူ ဒေါ်အိသဉ္ဇာပိုး ထံ     ပေးအပ်ကြောင်း သိရသည်။ (အပေါ်ပုံ)                      

  
သတင်းစဉ်