လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး ကျင်းပ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်

နေပြည်တော်  ဒီဇင်ဘာ  ၁၄ 


လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ  အမျိုးသားကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌ ကျင်းပရာ  လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ    အမျိုးသား ကော်မတီဥက္ကဋ္ဌ၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်        ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း     တက် ရောက်အမှာစကား    ပြောကြား သည်။



အစည်းအဝေးသို့  ကော်မတီဝင်  ပြည်ထောင်စု ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများနှင့်  အမြဲတမ်း အတွင်းဝန်များ၊      ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ စာရင်းစစ်ချုပ်၊  တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်   အစည်းအဝေးသည်  လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ    အမျိုးသား ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံး ကျင်းပသည့်  အစည်းအဝေးဖြစ်ကြောင်း၊   လူမှု
ကာကွယ်စောင့်ရှောက်ရေး    လုပ်ငန်းများသည် ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက် ရေးအတွက်      အရေးပါသည့်လုပ်ငန်းတစ်ခု ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို    ပိုမို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက်  “လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ” ကို  နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီရုံး၏    အမိန့်ကြော်ငြာစာ အမှတ်(၁၄/၂၀၂၁)ဖြင့်    ကော်မတီဝင် ၁၂ ဦးနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း။
လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် “လုပ်ငန်းကော်မတီ” ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။
၂၀၁၄ ခုနှစ်ကတည်းက အတည်ပြုထုတ်ပြန် ခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ်  အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုကို  ပြန်လည်သုံးသပ် ကြည့်ပါက တိုးတက်မှုများရှိသည်ကို တွေ့ရမည် ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်နေသေးသည့် အကြောင်းအရာများကိုလည်း တွေ့ရကြောင်း၊ အထူးသဖြင့်   ၂၀၂၀ ပြည့်နှစ်နှင့် 
၂၀၂၁ ခုနှစ်အတွင်း   မျှော်လင့်မထားဘဲ   ကြုံတွေ့ ရသည့်  ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ       ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များ၏ အကောင် အထည်ဖော်မှု ပုံစံများကိုလည်း  ပြောင်းလဲဆောင်ရွက် ခဲ့ရကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း   လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏   အရေးပါမှုကို    ပိုမိုသတိထားမိ
လာကြကြောင်း၊   မိမိတို့ကော်မတီများအနေဖြင့် အနာဂတ်တွင် အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး များနှင့်  ကြုံတွေ့လာနိုင်ပါက  ပိုမိုကောင်းမွန်စွာ 
ချက်ချင်းတုံ့ပြန်နိုင်ရေးအတွက်   ယခုတွေ့ကြုံနေ ရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ  အခြေအနေ အပေါ်  သင်ခန်းစာဖော်ထုတ်ပြီး  ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည့်  လုပ်ငန်းများနှင့်  အစီအမံ များကို ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။


စတင်တည်ဆောက်နေ


လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး      လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်    ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်  “လူမှုရေးဆိုင်ရာ စီမံ ခန့်ခွဲမှု   သတင်းအချက်အလက်စနစ်  (Social Management Information System-SMIS)”ကို စတင်တည်ဆောက်နေပြီဟု သိရကြောင်း၊ ထိုအရာ သည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးပါသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခုလည်း    ဖြစ်ကြောင်း၊ “လူမှုရေးဆိုင်ရာ   စီမံခန့်ခွဲမှု   သတင်းအချက် အလက်စနစ်” တည်ဆောက်ပြီးသည့်အခါ အဆိုပါ စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည် တည်တံ့နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း   ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။


ထပ်မံမြင်တွေ့ခဲ့ရသည့်  တိုးတက်ဖြစ်ထွန်းမှု အနေဖြင့် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် များကို  အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာ၌ “Electronic Cash Transfer နည်းလမ်း” ကို အသုံးပြုပြီး  “ဧရာဝတီတိုင်းဒေသကြီး” နှင့် “ရှမ်းပြည်နယ်” တို့တွင်    ဆက်လက်စမ်းသပ် ဆောင်ရွက်သွားမည်ဟု  သိရကြောင်း၊  ပြုပြင် ပြောင်းလဲဆောင်ရွက်မှုများ ပြုလုပ်သည့်အခါ ကနဦး ကာလတွင် အခက်အခဲများ များစွာတွေ့ကြုံရနိုင်ပါ ကြောင်း၊  ယင်းအခက်အခဲများအပေါ်  သင်ခန်းစာ ရယူကာ    ပိုမိုကောင်းမွန်အောင်   ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


လူမှုကာကွယ်စောင့်ရှောက်ရေး  ကဏ္ဍတွင် အောင်မြင်မှုများနှင့် တိုးတက်ဖြစ်ထွန်းမှုများသာမက အခက်အခဲနှင့်     စိန်ခေါ်မှုများစွာ ရှိနေသည်ကို နားလည်သဘောပေါက်ထားရမည်  ဖြစ်ကြောင်း၊ အထူးသဖြင့်  ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွား နေသည့်ကာလတွင် မြေပြင်ကွင်းဆင်းဆောင်ရွက် နိုင်မှု အကန့်အသတ်ရှိသည်များ၊ မူလစီစဉ်ထားသည့် လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်ရသည်များနှင့် အခြားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေများနှင့်ဆက်စပ်သည့်    အခက်အခဲ များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း။


ရေရှည်ရန်ပုံငွေရရှိရေး


ထို့ပြင်    လက်ရှိအကောင်အထည်ဖော်ဆဲ “ငွေကြေးအထောက်အပံ့ပေးရေး  အစီအစဉ်များ” နှင့် “ဆက်လက် တိုးချဲ့ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး   အစီအစဉ်များ” အတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ”တစ်ရပ်ကို ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဟာ ဗျူဟာတစ်ရပ်    ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန အနေဖြင့် စတင်ဆောင်ရွက်နေပြီဟု သိရှိရကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေး    ဆိုင်ရာ
ငွေကြေးအထောက်အပံ့ပေးရေး   အစီအစဉ်များ ရေရှည်တည်တံ့ရေးအတွက်   ဥပဒေပိုင်းဆိုင်ရာ ကျောထောက်နောက်ခံပြုထားနိုင်ရန် ပိုမိုအရေးကြီး ကြောင်း၊ ထို့အတွက်  တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်    လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း   လူမှုရေးအထောက်အပံ့ ဆိုင်ရာ    ဥပဒေ(မူကြမ်း) ပြီးစီးရေး    ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း။


လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ သည် နိုင်ငံတော်၏    အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP)”တွင်   ပါဝင်သည့်  အဓိကလုပ်ငန်းတစ်ခု
 ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည်    နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ  နိုင်ငံသားများ၏  လူမှုစီးပွား  အခက်အခဲ များကို   တာဝန်ယူ   ဖြေရှင်းပေးရမည်ဆိုသည့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ နိုင်ငံသားများအကြားရှိ ကတိကဝတ်တစ်ခုအတွက် လက်တွေ့ဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုပင် ဖြစ်ကြောင်း။


မိမိတို့   မြန်မာ့သမိုင်းကို   ပြန်ကြည့်ပါက ပုဂံခေတ် မြန်မာ့ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍  ကျန်စစ်သားမင်းကြီး၏ ရွှေစည်းခုံဘုရား ကျောက်စာပါ “ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့၊ အမိသည်  သားငယ်အားရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း  တိုင်းသူပြည်သားတို့အား  နှစ်သိမ့် ပါအံ့”ဆိုသည့် စာသားသည် ယနေ့ခေတ် မြန်မာ့ လူမှုကာကွယ် စောင့်ရှောက်ရေး၏ ရှေ့ပြေးမူဝါဒ ဖြစ်ပါကြောင်း၊   ထို့ကြောင့်   “လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း” များသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး   ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေသည့်    လုပ်ငန်းဖြစ်သည် ကြောင့်  ထိရောက်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံ ငွေရရှိရေးကိစ္စရပ်များတွင် ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနများနှင့်   မိတ်ဖက်အဖွဲ့အစည်းများ အကြား  ထိရောက်စွာပေါင်းစပ်ညှိနှိုင်းပြီး အကောင် အထည်ဖော်  ဆောင်ရွက်သွားနိုင်ရန်  တိုက်တွန်း ပြောကြားလိုကြောင်း။


ပွင်းလင်းစွာဆွေးနွေး


ယနေ့အစည်းအဝေးကို  တက်ရောက်လာကြ သူများအနေဖြင့်    သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်  ဆောင်ရွက်နေမှုအခြေအနေ များ၊  ဆက်လက်ဆောင်ရွက်သွားမည့်   အစီအမံ များနှင့် အကြံပြုချက်များကို ပွင်းလင်းစွာ ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်က ဆောင်ရွက် လျက်ရှိသည့်   လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်သွားမည့်   လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်  ဒေါ်စန်းစန်းအေးက   လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ တိုးချဲ့ဆောင်ရွက်သွားမည့်  လုပ်ငန်းအစီ အစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးမြင့်ကြိုင်နှင့်  ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊  ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက  လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်  အခြေအနေ များနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 


ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်က     လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ     အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၁)၏ ဆုံးဖြတ်ချက် မူကြမ်း များအား     ရှင်းလင်းတင်ပြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး သည်။


ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက    နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။  

         သတင်းစဉ်