လူမျိုးမရွေး ဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၄


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက်  ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊  နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်  စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂  နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ    စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်    (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံပြည်သူ ၂၆၇၂ ဦး၊ မွန် ပြည်နယ်နှင့်    ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဒေသခံပြည်သူ    ၁၈၃၄   ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ်၌ ဒေသခံပြည်သူ ၂၂၀၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်၌ ဒေသခံပြည်သူ ၂၃၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆  မြို့နယ်၌ ဒေသခံ ပြည်သူ ၁၇၃၂၀ တို့ကို တပ်မတော် ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး    ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ဖေဖော်ဝါရီ ၃ ရက်နှင့် ယနေ့တွင် ရှမ်းပြည် နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌   ကျောင်းသား ကျောင်းသူ ၇၅၀၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တို့၌      ကျောင်းသား ကျောင်းသူ   ၉၃၅   ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး သည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တာဝန်ရှိသူများက သွားရောက်ကြည့်ရှု  အားပေးပြီး လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်