
Tower Defense ဆိုတာ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို မိမိဘက်က ခံတပ်တွေဆောက်ပြီး ခုခံရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ကွန်ပျူတာပေါ်မှာ Plants Vs Zombies နဲ့ War Craft III ထဲက တာဝါ မြေပုံတွေဟာ နာမည်ကျော် တာဝါဂိမ်းတွေဖြစ်ပါတယ်။ အန်းဒရွိုက် ခေတ်မှာလည်း TD ဂိမ်းတွေ အများအပြား ပေါ်ထွက်ထားပါတယ်။ ဒီအထဲမှာ လူကြိုက်များသလို ဆော့ရတာလည်း တကယ်ကောင်းမွန်တဲ့ ဂိမ်းတစ်ခုက Last Hope TD(Zombie) ဖြစ်ပါတယ်။
Last Hope TD(Zombie)ဟာ Single player ဂိမ်းအမျိုးအစား ဖြစ်ပြီး အော့ဖ်လိုင်း ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာ မြေပုံပေါင်း ၁၄၅ ခု၊ အဆင့် ငါးဆင့်စီ upgrade လုပ်နိုင်တဲ့ တာဝါအမျိုးအစား ၁၂ မျိုး၊ ဟီးရိုး ၁၀ ကောင်နဲ့ တစ်ကောင်ချင်းစီအတွက် Item အမျိုးအစား ၂၀ ကျော်၊ ရန်သူအမျိုးအစား ၅၀ ကျော်နဲ့ Boss တွေ ပါဝင်ပါတယ်။ Level တွေက Normal, Hard နဲ့ Nightmare လို့ သုံးမျိုးရှိပြီး Level တစ်ခုစီတိုင်းမှာStar လေးလုံးအထိ ရယူနိုင်သလိုနိုင်သွားတဲ့ Level တွေ အလိုက် Arena, Endless mode စတဲ့ အခန်းသစ်တွေ ထပ်ပွင့်လာဦးမှာ ဖြစ်လို့ TD ဂိမ်း အမျိုးအစားနဲ့ Strategy ဂိမ်းအမျိုးအစားကို ကြိုက်တဲ့ လူတွေအတွက် ရက်ပေါင်းများစွာ မရိုးနိုင်အောင် ဆော့လို့ရမယ့်ဂိမ်း ဖြစ်ပါတယ်။ ဂိမ်းရဲ့ ဖိုင်ဆိုက်က 100MB ကျော်ပဲရှိပြီး အန်းဒရွိုက် 8 နဲ့အထက် ဖုန်းများမှာ ကစားနိုင်ပါတယ်။ ပလေးစတိုးမှာ အခမဲ့ရယူနိုင် ပြီး ဟီးရိုးအချို့ကို ဝယ်ရတာကလွဲရင် ဂိမ်းတစ်ခုလုံးက အခမဲ့ဖြစ်ပါ တယ်။ ကျော်ဇင်ဦး