လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr Nikolai PATRUSHEV  အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ 
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  လုံခြုံရေးကောင်စီ အတွင်းရေးမှူး
H.E. Mr Nikolai PATRUSHEV  အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် ဒီဇင်ဘာ  ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်  ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံတည်ဆောက်နိုင်ခဲ့သည့်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ  လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း၊  ကောင်စီတွဲဖက်အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး၊  ပြည်ထဲရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ ရာပြည့်၊   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး    ဝန်ကြီးဌာန   (၂) ပြည်ထောင်စုဝန်ကြီး   သီရိပျံချီ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး         ရုရှား ဖက်ဒရေးရှင်းနိုင်ငံ       လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ   ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Mr. Iskander AZIZOV  နှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။


ချီးမြှင့်အပ်နှင်း


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး  ဒုတိယဝန်ကြီး ဦးခင်လတ်က   ဘွဲ့တံဆိပ်ပေးအပ် သည့်  အမိန့်ကို  ဖတ်ကြားတင်ပြ သည်။  ယင်းနောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ အကြား   ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ   ပိုမို နီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ် ရရှိခဲ့သည့်    ရုရှားဖက်ဒရေးရှင်း နိုင်ငံ  လုံခြုံရေးကောင်စီ  အတွင်း ရေးမှူး Mr. Nikolai PATRUSHEV ထံ    ဘွဲ့တံဆိပ်နှင့်       အဆောင် အယောင်ကို  လက်ရောက်ချီးမြှင့် အပ်နှင်းသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ     လုံခြုံရေး ကောင်စီ အတွင်းရေးမှူးတို့သည် တက်ရောက်  လာကြသူများနှင့် အတူ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။                    

သတင်းစဉ်