လွတ်လပ်ရေးရပြီး ၇၆ နှစ် အကြာ …

Type
1

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး

ဇင်ငြိမ်း 
 

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေး ရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကို မီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် ၇၆ နှစ်ကျော် ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူး ခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့် ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။


လွတ်လပ်ရေးဆိုတာ


လွတ်လပ်ရေးဆိုတာ အခြားနိုင်ငံ၏ အုပ်ချုပ်မှုမှ      လွတ်မြောက်ခြင်းလို့ အင်္ဂလိပ်အဘိဓာန်မှာ     ဖွင့်ဆိုပါတယ်။ မြန်မာအဘိဓာန်မှာတော့ တိုင်းတစ်ပါး၏ အုပ်စိုးခြင်းမှ လွတ်လပ်မှု လို့ ဆိုပါတယ်။ ဒီဖွင့်ဆိုချက်တွေကတော့ လွတ်လပ်ရေး ဆိုတဲ့ စကားရပ်ကို  တိုက်ရိုက်ဖွင့်ဆိုထား တဲ့    အဓိပ္ပာယ်တွေပဲ    ဖြစ်ပါတယ်။ တိုင်းတစ်ပါးရဲ့              အုပ်ချုပ်မှုကနေ လွတ်မြောက်တာနဲ့   လွတ်လပ်ရေးရပြီလို့ဆိုနိုင်ပေမယ့်   အဲဒီလွတ်လပ်ရေးနဲ့ အတူ လွတ်လပ်ရေးရဲ့အဓိပ္ပာယ်၊ အနှစ် သာရ၊ တန်ဖိုးတွေရှိမှသာ လွတ်လပ်ရေး ရဲ့   အရသာကို   အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံ၊   လွတ်လပ်တဲ့လူမျိုး ဖြစ်ဖို့ ကြိုးစားရာမှာလည်း ရည်ရွယ်ချက် ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ် တဲ့လူမျိုးဖြစ်မှ  အခြားနိုင်ငံနဲ့   တန်းတူ ကိုယ့်ကြမ္မာ   ကိုယ်ဖန်တီးပြီး   တိုးတက် အောင် ကြိုးစားကြဖို့သာ ဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေး       ကြေညာ စာတမ်းမှာ        လွတ်လပ်ရေးရယူတဲ့ ရည်ရွယ်ချက်တွေ ပါပါတယ်။ “တိုင်းရင်း သားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး   အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတ    နိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံး တိုင် မယိမ်းမယိုင် တည်မည်” လို့ ဖော်ပြ ထားပါတယ်။   လွတ်လပ်ရေးရဲ့    အနှစ် သာရတွေမှာဆိုရင်လည်း    တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေ      ပါပါတယ်။ လွတ်လပ်ရေးရပြီးလို့ ၇၆ နှစ်အကြာမှာ လွတ်လပ်ရေးယူခဲ့တဲ့      ရည်ရွယ်ချက် ဘယ်လောက်ပြည့်စုံပြီလဲ၊ လွတ်လပ်ရေး ရဲ့အနှစ်သာရတွေကို နိုင်ငံသားအပေါင်း ဘယ်လောက်ခံစားနေရပြီလဲ ဆိုတာတွေ ကို   အစွဲကင်းကင်းနဲ့    ဆန်းစစ်ကြည့် ရင်တွေ့ရမှာ ဖြစ်ပါတယ်။


၇၆ နှစ်ကြာသည့်တိုင်


အထက်မှာဆိုခဲ့သလို လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေးကြီးကို ရခဲ့ပေမယ့် နိုင်ငံကတော့ ပဋိပက္ခတွေ၊ သွေးကွဲမှု တွေ၊  အာဃာတတွေနဲ့    သံသရာလည်နေ ဆဲ     ဖြစ်ပါတယ်။   လွတ်လပ်ရေးရဲ့    အဓိက ရည်ရွယ်ချက်ရောက်ဖို့ ကြိုးစား ရဦးမှာပါ။ တိုင်းရင်းသား   အချင်းချင်း အကြား သံသယတွေ၊   မယုံကြည်မှုတွေ ကြောင့်        စည်းလုံးညီညွတ်မှု     တည်ဆောက်ဖို့    ခက်ခဲနေပါတယ်။ တကယ်လိုအပ်နေတဲ့   တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း          စည်းလုံးဖို့           လွယ်မယောင်နဲ့ခက်၊   တိမ်မယောင်နဲ့                နက်နေပါတယ်။   လွတ်လပ်ရေးရပြီး ကတည်းက           ကြိုးပမ်းလာခဲ့တဲ့     တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ      ဝိဝါဒကွဲပြားမှုတွေကြားမှာ      နစ်မြုပ်နေ ပါတယ်။ 


တည်ရှိနေဆဲ           ပဋိပက္ခတွေကို ချဉ်းကပ်ဖြေရှင်းရာမှာလည်း   ကမ္ဘာမှာ ခေတ်တွေ၊    စနစ်တွေ၊    အယူအဆတွေ ပြောင်းလဲနေပေမယ့်   မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကတော့ မပြောင်းလဲသေးပါ ဘူး။ ဖြူရင်ဖြူ၊ မဖြူရင် မည်းရမယ်ဆိုတဲ့ သဘောထားတွေနဲ့     အယူအဆတွေကို စွဲကိုင်ထားကြဆဲပါ။    ဒါကြောင့်လည်း ပဋိပက္ခဖြေရှင်းမှုဟာ           နှစ်တွေသာ ကြာနေပေမယ့်   နိုင်ငံအတွက်   တကယ် လိုအပ်နေတဲ့အဖြေရောက်ဖို့ အခက်အခဲ တွေ ရှိနေပါသေးတယ်။ နိုင်ငံနဲ့ ပြည်သူ အတွက်   အဖြေမထွက်ပေမယ့်   ဒီအပေါ် မှာ အသုံးချ၊ အမြတ်ထုတ်နေသူတွေရှိနေခြင်းဟာလည်း ပြဿနာတွေဖြေရှင်း ရာမှာ     ပိုပြီးခက်ခဲစေလျက်ရှိတာကို တွေ့ရပါတယ်။ 


၇၆   နှစ်အတွင်းမှာ    နိုင်ငံရေး ပြဿနာတွေ   ပြေလည်ဖို့   နည်းလမ်း အမျိုးမျိုးနဲ့      ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံရေးမပြေလည်တာတွေကို နိုင်ငံရေး နည်းနဲ့ ငြိမ်းချမ်းစွာ  ဖြေရှင်းဖို့  အခွင့် အလမ်းတွေလည်း        ရခဲ့ပါတယ်။ ဒါပေမယ့်          တစ်ဖက်သတ်ဆန်တဲ့ သဘောထား၊ အယူအဆနဲ့ လိုလားချက် တွေကြောင့် ထိရောက်တဲ့ရလဒ်ဖြစ်ဖို့နဲ့ ရေရှည်ခိုင်မြဲဖို့အတွက် အခက်အခဲတွေ ဖြစ်စေတာ    တွေ့ရပါတယ်။    ဒါကြောင့် လက်ရှိ    ပစ္စက္ခအခြေအနေတွေဟာ တကယ်သွားမယ့်         ရည်မှန်းချက်နဲ့ နှိုင်းစာရင် ရုန်းကန်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။


နှိုင်းယှဉ်ကြည့်လျှင်


အခုဆို  မြန်မာနိုင်ငံလွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်း ၇၆ နှစ်ရှိပါပြီ။ နှစ်တွေ မနည်းတော့ပါဘူး။     ၇၆    နှစ်ဆိုတာ   နိုင်ငံတစ်နိုင်ငံကို           ကမ္ဘာ့အဆင့် အတန်းမီ          နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ လုံလောက်တဲ့အချိန်တွေ ဖြစ်ပါတယ်။     မြန်မာနိုင်ငံနဲ့    အချိန် သိပ်မကွာဘဲ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံ တွေ၊ မြန်မာနိုင်ငံနောက်မှ လွတ်လပ်ရေး  ရခဲ့တဲ့ နိုင်ငံတွေ၊ ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံဘဝရောက်ခဲ့တဲ့နိုင်ငံတွေဟာ အခု ဆို   မြန်မာနိုင်ငံရဲ့ရှေ့ကို   ရောက်နေကြ ပါပြီ။ ကမ္ဘာ့နိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်ပြီး တိုးတက်နေကြပါပြီ။    (၂၁)   ရာစုမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတောင် မြန်မာ နိုင်ငံနဲ့  တန်းတူဖြစ်နေပါတယ်။ ယခင်က မြန်မာနိုင်ငံကို အတုယူခဲ့ကြတဲ့ နိုင်ငံတွေ က အခုဆို   မြန်မာနိုင်ငံထက် အဆပေါင်း များစွာ တိုးတက်နေကြပါတယ်။  


မြန်မာနိုင်ငံလိုပဲ    ၁၉၄၇     ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့    အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်း    ၃၀၀   ကျော်    နယ်ချဲ့တွေရဲ့ သိမ်းပိုက်အုပ်ချုပ်တာကို  ခံခဲ့ရတဲ့ နိုင်ငံ ပါ။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ မှာ အင်္ဂလိပ်တို့ဆီကနေ လွတ်လပ်ရေးရ ခဲ့ပါတယ်။     နယ်ချဲ့တွေရဲ့     အုပ်ချုပ်မှု အောက်မှာ     အိန္ဒိယပြည်သူအားလုံး ဒုက္ခမျိုးစုံကို          ခါးစည်းခံခဲ့ရပါတယ်။ နယ်ချဲ့တွေ            သွေးခွဲအုပ်ချုပ်ခဲ့လို့ လွတ်လပ်ရေး ရပြန်တော့လည်း  အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံ ကွဲခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံမှာ မတူကွဲပြားမှုတွေက မြန်မာနိုင်ငံ ထက် ပိုများပါတယ်။ ဒါပေမယ့် အိန္ဒိယ နိုင်ငံဟာ လွတ်လပ်ရေးရပြီး ယနေ့အချိန် မှာတော့ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အားကြီးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီ။ 


ဒါ့အပြင် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့ စင်ကာပူ နိုင်ငံဆိုရင်  ကမ္ဘာ့ထိပ်တန်းတိုးတက်တဲ့နိုင်ငံဖြစ်ပါတယ်။     စင်ကာပူနိုင်ငံဟာ နိုင်ငံအရွယ်အစားက    သေးပါတယ်။ နိုင်ငံနဲ့မြို့တော် တစ်ခုတည်းပါ။ နိုင်ငံရဲ့ စီးပွားရေး အလွန် ဖွံ့ဖြိုးတိုးတက်ပါတယ်။ ကမ္ဘာပေါ်မှာ ပွင့်လင်းမြင်သာမှုအရှိဆုံး၊ အဂတိလိုက်စားမှု အနည်းဆုံးနဲ့  စီးပွားရေး လုပ်ကိုင်လို့   အကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။  စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံထက်  လွတ်လပ်ရေးရတာ နောက်ကျတယ်၊   နိုင်ငံသေးငယ်တယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၈ နှစ်အကြာမှာ  ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့     အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ နိုင်ငံအရွယ်အစား၊ လူဦးရေ၊  လူမျိုး ကွဲပြား၊ နိုင်ငံရဲ့အခြေ အနေ   စတာတွေ   မတူညီကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ကိုယ့်ရဲ့အခြေအနေ နဲ့   လိုက်လျောညီထွေစွာ နိုင်ငံကို ကမ္ဘာ့ အဆင့်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြ ပါတယ်။   ကိုယ့်နိုင်ငံရဲ့   ဦးတည်ချက် အတိုင်း   အကောင်အထည်ဖော်ခဲ့ကြပါ တယ်။ နိုင်ငံအတွင်းဖြစ်နေတဲ့ ပြဿနာ တွေကို အပြုသဘောနဲ့ ဝိုင်းဝန်းဖြေရှင်း ခဲ့ကြပါတယ်။ အခုလို   အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖော်ပြရတာ   အခြားသူတွေကို အထင်ကြီးလို့၊ ကိုယ့်နိုင်ငံကို အထင်သေး လို့ မဟုတ်ပါဘူး။ သူတို့တောင် ဒီလောက် တိုးတက်အောင်လုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ က ဘာကြောင့် နောက်ကျကျန်ခဲ့ရတာလဲ ဆိုတဲ့ သင်ခန်းစာယူ အဖြေထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။


အရှိအတိုင်းသုံးသပ်ဖို့လို


သူများနိုင်ငံတွေနဲ့ နှိုင်းယှဉ်သုံးသပ် လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပြည်တွင်းက အခြေ အနေတွေကို သုံးသပ်လို့ပဲဖြစ်ဖြစ် ရှုမြင် သုံးသပ်ရာမှာ ပကတိအရှိတရားကို သိမြင် နိုင်ဖို့နဲ့ နားလည်လက်ခံဖို့ အရေးကြီးပါ တယ်။ အထင်ကြီးလွန်းခြင်း၊ အထင်သေး လွန်းခြင်း၊     အဆိုးမြင်၊ အကောင်းမြင်၊ ဘက်လိုက်တဲ့အစွဲ၊   အာဃာတ၊   အတ္တ စတဲ့       အဇ္ဈတ္တသန္တာန်တွေ   မူမှန်ဖို့ လိုပါတယ်။

ဒီကနေ့   ကျွန်တော်တို့    နိုင်ငံရဲ့ ပဋိပက္ခ ဇာစ်မြစ်တွေ၊ နိုင်ငံရဲ့ ပကတိ ပစ္စက္ခအခြေ အနေ၊ နိုင်ငံရေးယဉ်ကျေးမှု၊ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့    အကျိုးစီးပွား၊    ပါဝင် ပတ်သက်သူတွေ အားလုံးရဲ့အကျိုးစီးပွား တွေကို အစွဲကင်းကင်း စိတ်ရင်းမှန်မှန် ကန်ကန်နဲ့ ထည့်သွင်းသုံးသပ်ကြရမှာပါ။ ဒါမှသာ သုံးသပ်ချက်မှန်ပြီး ဆုံးဖြတ်ချက် မှန်မှာပါ။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ လွတ်တော့  လွတ်လပ်ပါရဲ့၊  မစည်းလုံး ဘူး၊   မငြိမ်းချမ်းဘူး၊   မတိုးတက်ဘူး။ လွတ်လပ်ရေးကို  ရခဲ့တာကြာပြီဖြစ်ပေ မယ့်   လွတ်လပ်ရေးရဲ့     အဓိပ္ပာယ်၊  အနှစ်သာရ၊ တန်ဖိုးနဲ့    ရည်ရွယ်ချက် ဆိုတာကို  အခုအချိန်အထိ  အဖြေရှာနေ ရဆဲပါပဲ။ 
ဒီဟာတွေကို   လက်မခံချင်ပေမယ့် တကယ့်အရှိတရားဖြစ်လို့ လက်ခံကြရ မှာပါ။ အဲဒီလိုဖြစ်နေတာ ၇၆ နှစ်ကြာခဲ့ ပါပြီ။ ၇၆ နှစ်အတွင်းမှာ ကောင်းလိုက်၊ မကောင်းလိုက်နဲ့     သံသရာလည်နေပါ တယ်။ အားလုံးကို မကောင်းဘူးလို့ မဆို လိုပါဘူး။ ကောင်းခဲ့တာတွေက ဘယ်ဟာ တွေလဲ၊ မကောင်းခဲ့တာတွေက ဘယ်ဟာ တွေလဲ        ပိုင်းခြားသုံးသပ်ကြရမှာပါ။ ဒါပေမယ့်လည်း ပြဿနာတွေရဲ့ အရင်းခံ အကြောင်းတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားသုံးသပ်ဖြေရှင်းဖို့ထက် ကိုယ်ဖြစ် ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေ ကိုပဲ အစွဲကြီးကြီးနဲ့ တစ်ဖက်သတ်စွဲကိုင် ထားကြတဲ့အတွက် ပဋိပက္ခနဲ့ အဖြေဟာ နီးလျက်နဲ့ဝေးနေပါတယ်။ 


ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေ တဲ့အခြေအနေတွေဟာ လွတ်လပ်ရေးယူ ခဲ့တဲ့  ရည်ရွယ်ချက်နဲ့  ဖြောင့်ဖြောင့်ကြီး ကွဲလွဲနေတုန်းပဲလို့ဆိုရင် လွန်မယ်မထင် ပါဘူး။     မြန်မာနိုင်ငံကို    သူတစ်ပါး လက်အောက်က    လွတ်မြောက်အောင် ကြိုးပမ်းခဲ့တာဟာ           အချင်းချင်း လွတ်လွတ်လပ်လပ်    တိုက်ခိုက်ကြဖို့၊ ရန်ငြိုးထားဖို့၊ သွေးကွဲကြဖို့နဲ့  သူများနဲ့ ယှဉ်ရင် နောက်ဆုံးရောက်နေဖို့ မဟုတ်ပါ ဘူး။ ယခင်က နယ်ချဲ့တွေ သွေးခွဲအုပ်ချုပ် ခဲ့လို့     သွေးကွဲခဲ့ကြတယ်။     ဒါပေမယ့် လွတ်လပ်ရေးရပြီးလို့   နှစ်ပေါင်း   ၇၀   ကျော်တဲ့အထိ   တိုင်းရင်းသားအချင်းချင်း ကြား သွေးကွဲလို့ ကောင်းနေတုန်းပါပဲ။ သင်ခန်းစာမယူနိုင်သေးပါဘူး။ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့တာကို မကောင်းမှန်း၊ မဖြစ်သင့် မှန်းသိကြပါတယ်။ မကောင်းမှန်း၊ မဖြစ် သင့်မှန်းသိပေမယ့်        အဲဒီအမှားတွေကို ပြင်ဖို့ထက်  ကိုယ်တိုင်က    အတိတ်ကို ယိုးမယ်ဖွဲ့၊ အချင်းချင်းလက်ညှိုးထိုးပြီး ယခင်အမှားတွေအတိုင်းပဲ ဆက်မှားနေ ကြပါတယ်။   ဖြစ်လာတဲ့  အကျိုးဆက် ကတော့   နိုင်ငံအတွက်    လိုအပ်နေတဲ့ အဖြေနဲ့ ဝေးလာပြီး ဒုက္ခတွေ၊ သောက တွေ   အတောမသတ်နိုင်ခြင်းနဲ့   သူများ တွေထက်    အစစအရာရာ   နောက်ကျ လာခြင်းပါပဲ။  


အယူအဆဟောင်းများ


မြန်မာနိုင်ငံဟာ  တိုင်းရင်းသားလူမျိုး တစ်ရာကျော်နဲ့  စုစည်းနေထိုင်တဲ့ နိုင်ငံ တစ်နိုင်ငံပါ။  တိုင်းရင်းသားတွေများတဲ့ အတွက်   မတူညီ   ကွဲပြားတာတွေ အများကြီးပါ။  အဲဒီလို   မတူကွဲပြားတာ တွေက  ဒီကနေ့ဖြစ်နေတဲ့    ပြဿနာရဲ့ ဇာစ်မြစ်   မဟုတ်ပါဘူး။   ပြဿနာရဲ့ ဇာစ်မြစ်က မတူကွဲပြားတာကို လက်မခံ ခြင်းနဲ့  ငါကိုဗဟိုပြုထားခြင်းပဲ    ဖြစ်ပါ တယ်။ မြန်မာ့သမိုင်းတစ်လျှောက်မှာ   ကျင့်သုံးလာခဲ့တဲ့     ငါနဲ့မတူ   ငါ့ရန်သူ၊   ငါနဲ့မတူသူကို  အမြစ်ပြတ်ဖယ်ရှားရမယ် ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု   အယူအဆ ဟောင်းဟာ     မြန်မာနိုင်ငံမှာ    အမွေဆိုး တစ်ခုလို     ခိုင်ခိုင်မာမာ အမြစ်စွဲနေပါ တယ်။ မစွန့်လွှတ်နိုင်ကြသေးပါဘူး။  အဲဒီ အစွန်းရောက်    သဘောထားကြောင့် နိုင်ငံရဲ့ရှိပြီးသား ပဋိပက္ခတွေကို ပိုပြီး ကျယ်ပြန့်လာစေတဲ့အပြင် ပဋိပက္ခ အသစ်တွေကို ဖန်တီးပေးနေပါတယ်။


ဒီကနေ့ဖြစ်နေတဲ့ ဝိဝါဒကွဲပြားတာ ကို   တစ်ဖက်နဲ့တစ်ဖက်   အပြုသဘော မမြင်နိုင်ဘဲ အစွန်းရောက်အမြင်နဲ့ ကြည့် နေ၊  သဘောထားနေသမျှ   ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းခြင်းဆိုတဲ့ နည်းလမ်းဆီ မရောက်နိုင်ပါဘူး။ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တိုက်ခိုက်တာတွေပဲ ဖြစ်ပြီးရင်း ဖြစ်နေ မှာပါ။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထား ကြတဲ့အတွက်   စည်းလုံးမှု၊    အမျိုးသား ပြန်လည်သင့်မြတ်ရေး         ဆိုတာလည်း ရေရှည်တည်ဆောက်ဖို့ ခက်ခဲပါတယ်။ “ငါ” ကို    မဏ္ဍိုင်ပြုတဲ့   အယူအဆဟာ မတူကွဲပြားမှုတွေနဲ့အတူ          ဖက်ဒရယ် ဒီမိုကရေစီ           တည်ဆောက်ရာမှာ အထောက်အကူမပြုပါဘူး။ မတူကွဲပြားမှု တွေနဲ့    ငြိမ်းချမ်းစွာ   ရေရှည်ယှဉ်တွဲ နေထိုင်ဖို့အတွက်  သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒ ညှိနှိုင်းပေါင်းစပ်နေကြရပါတယ်။  မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှု  အယူအဆဟောင်း ကတော့ ရှိရင်းစွဲ ပဋိပက္ခနဲ့ သဘောထား မတိုက်ဆိုင်တာတွေကို ညှိနှိုင်းအဖြေရှာဖို့ ထက် ကိုယ့်ရဲ့ဆန္ဒနဲ့ အတ္တတွေအတွက် ထိပ်တိုက်ရင်ဆိုင်ကြပါတယ်။ ဒါကြောင့် လည်း လွတ်လပ်ရေးရပြီး  ၇၆ နှစ်ကြာ တဲ့အထိ အတ္တယှဉ်ပြိုင်မှုတွေကြားထဲမှာ လွတ်လပ်ရေးရဲ့  အနှစ်သာရနဲ့    နိုင်ငံရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးနေပါတယ်။


အမှားအမှန် အဖြေရှာနေခြင်းမဟုတ်


လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ တည်ဆောက်ရေးနဲ့       ပတ်သက်လို့ တိုင်းရင်းသား          ညီအစ်ကိုတွေအကြား မတူညီတဲ့အမြင်၊           သဘောထား၊ အယူအဆအမျိုးမျိုးကို    ကိုင်စွဲပြောနေ ကြတာတွေ ရှိပါတယ်။   ဒါဟာ   မြန်မာ နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ     ဖြစ်နေတာ မဟုတ်ပါဘူး။  နိုင်ငံတိုင်းမှာ ဖြစ်လေ့ရှိ တတ်တဲ့    သဘာဝတစ်ခုဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အမြင်သဘောထားတွေ ကွဲပြားကြတဲ့အခါ  သူနိုင်   ကိုယ်နိုင် အကောင်းဆုံး  အဖြေရဖို့   မတူကွဲပြားမှု တွေကို အကောင်းဆုံး   စီမံခန့်ခွဲကြရပါ တယ်။ 


လူတိုင်းကတော့   ကိုယ့်အယူအဆ သာ အမှန်ဆုံးလို့ ထင်ကြမှာပါပဲ။ သူ့ရဲ့ အယူအဆ၊    သဘောထားဟာ      သူ့ တစ်ကိုယ်စာအတွက်   မှန်ကောင်းမှန်ပါ လိမ့်မယ်။   ဒါပေမယ့် ဖက်ဒရယ်စနစ်လို မတူကွဲပြားမှုတွေ စုစည်းဖို့ဆိုရင်   ကိုယ့် တစ်ကိုယ်စာ မှန်ကန်နေရုံနဲ့  မရပါဘူး။ အခြားသူတွေနဲ့   ပေါင်းစပ်နိုင်ဖို့   လိုပါ တယ်။   အားလုံးလက်ခံနိုင်တဲ့   အဖြေ ထုတ်ကြဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ့် အယူအဆသာ အမှန်ဆုံးလို့ထင်မြင်လာ တဲ့အခါ အခြားသူတွေရဲ့ အမြင်သဘော ထား၊   ခံယူချက်၊   ခံစားချက်တွေအပေါ် အလေးမထားကြတော့ပါဘူး။   အဲဒီလို အလေးမထားခြင်းဟာ        ပူးပေါင်း ဆောင်ရွက်ဖို့အတွက်     အကြီးမားဆုံး အဟန့်အတားဖြစ်ပါတယ်။


ဒါကြောင့်         မတူညီတာတွေကို ပူးပေါင်းနိုင်ဖို့အတွက်       အပြန်အလှန် အပေးအယူ  ညှိနှိုင်းကြရပါတယ်။  ဒါမှ ဘုံရည်မှန်းချက်အတွက် သဘောတူညီမှု တွေရှာဖွေနိုင်မှာပါ။    မြန်မာ့နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ဖြေရှင်းရာမှာ လည်း    ငြိမ်းချမ်းစွာ   ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းခြင်းဟာ  တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှန်တယ်၊ ဘယ်သူ မှားတယ်ဆို တဲ့ အဖြေကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး၊     တစ်ဖွဲ့နဲ့    တစ်ဖွဲ့ရဲ့ အမှား၊ အမှန်ဆိုတာထက် နိုင်ငံရဲ့ဦးတည် ချက်အတွက်         ညှိနှိုင်းအဖြေရှာကြဖို့ ဖြစ်ပါတယ်။  ဘုံသဘောတူညီချက်ရဖို့ ထက်    ဘယ်သူမှန်တယ်၊   ဘယ်သူ မှားတယ်ဆိုတဲ့ အဖြေရဖို့ အပြိုင်ကြိုးစား နေကြရင် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေက ကြာရှည်နေပါလိမ့်ဦးမယ်။


လွတ်လပ်ရေးကို ထိပါးနေ


မြန်မာ့နိုင်ငံရေးဝိဝါဒတွေ ဖြေရှင်းဖို့ နဲ့             ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ဖို့               ပြောခဲ့ကြတာ လွတ်လပ်ရေးရတဲ့         အချိန်ကတည်းကပါ။   ပြောသာပြောနေကြပေမယ့်  နိုင်ငံအရွေ့ ကတော့ ခရီးမပေါက်သေးပါဘူး။ အခုလို ဆိုရတာက       အပျက်မြင်တဲ့သဘော မဟုတ်ပါဘူး။    နိုင်ငံမှာ   ဖြစ်နေတဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာခြင်းနဲ့ အခြား နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နောက်ကျကျန်ခဲ့ တာတွေက မျက်မြင်ပဲဖြစ်ပါတယ်။ ဒီဟာ တွေအတွက် ဝိုင်းဝန်းအဖြေရှာဖို့ လိုနေပါ တယ်။ အစဉ်အဆက်    စွဲကိုင်လာခဲ့တဲ့ လက်ညှိုးထိုးနိုင်ငံရေး၊       အာဃာတ နိုင်ငံရေးတွေနဲ့     အဖြေမရခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့  နိုင်ငံကို  ဒုက္ခတွင်း ထဲ နက်သထက်နက်စေခဲ့ပါတယ်။ ပိုပြီး နက်ရှိုင်းလာတဲ့    မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေဟာ     အခုဆို      ဝင်ရောက် အမြတ်ထုတ်လိုတဲ့     အခြားနိုင်ငံတွေ အတွက် အခွင့်ကောင်း ဖြစ်နေပါတယ်။ ဒီအခွင့်ကောင်းတွေကို အသုံးချနေကြတဲ့ အတွက် နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ် အခြာအာဏာကို  ထိပါးလာနေပါပြီ။  


သူတစ်ပါးလက်အောက်က လွတ်မြောက်ရုံနဲ့ အဓိပ္ပာယ်မပြည့်စုံပါ ဘူး။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေရဖို့ ကြိုးစားကြရဦးမှာပါ။     ဒီလိုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက်           အပြန်အလှန် ယိုးမယ်ဖွဲ့အပြစ်တင်နေရုံနဲ့ ပဋိပက္ခတွေ မပြေလည်နိုင်ပါဘူး။     နိုင်ငံကို   မတည် ဆောက်နိုင်ပါဘူး။  ဖြစ်နေတဲ့  သဘောထား ကွဲပြားတာတွေကို အချင်းချင်း ထိပ်တိုက် ရင်ဆိုင်မယ့်အစား နိုင်ငံအတွက် ညှိနှိုင်း ဖြေရှင်းမှသာ နိုင်ငံအတွက် လိုအပ်နေတဲ့ အဖြေကို ရမှာပါ။        ။