
လွတ်လပ်ပန်းမို့ မနွမ်းစေချင်
P အဘိုးနဲ့ အဘွားတို့
ပျိုးထားလို့ သန်ရှင်။
ဖူးပွင့်နွယ် အငုံအကင်းတွေနဲ့
ခူးချင့်ဖွယ် ထုံထုံသင်းပါဘိ
ဝင်းလဲ့စည်ပင်။
တို့ပိုင်တဲ့ မြေပေါ်တွင်
တို့မြင်ရ အလှဆန်း။
ဘိုးဘွားမွေ အထွတ်မြတ်
လွတ်လပ်တဲ့ပန်း။
P အဖေနဲ့ အမေတို့
ကြိုးစားလို့ အားမာန်ချီ။
ဘိုးအမွေ အဖေ့အတွက်
ဘွားအမွေ အမေ့လက်
ဆက်ခံခဲ့သည်။
ရှုမညောင်းပေဘု
ဥဒေါင်းငှက် ကဟန်ချီ
တို့ရွှေပြည် ရှုမဆုံး။
ကမ္ဘာအသိပေပေါ့
မြန်မာ၏အလံ အနီရောင်သန်းပါလို့
ဇာတိမာန် ဂုဏ်ရည်လွှမ်းတဲ့
ပန်းရနံ့ ဖုံး။
P အဖေ့သမီး အမေ့သား
မြေးမြစ်များ လက်ထက်တွင်။
အလှတွေ နှစ်ဆတိုးစေဖို့
မြန်မာ့မြေ မြန်မာ့အကျိုးအတွက်
နိုးကြားစေချင်။
လွတ်လပ်ရေး ပန်းတစ်ပင်
လန်းရှင်ဖို့ အစဉ်တွေး။
သူ့အလှ ကိုယ်မဖျက်သည်သို့
ကိုယ့်အလှ သူလာဖျက်လျှင်လည်း
အမျက်မာန် ဆယ်ပြန်တင်းပါလို့
အဖျက်ရန် အမြန်ကင်းအောင်
ရှင်းကြစို့လေး။ ။
မြင်းမူမောင်နိုင်မိုး