လပွတ္တာမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  မတ်  ၂၅


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် ဘုရားကြီးကုန်းကျေးရွာ နှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊      သာသနာ့ နွယ်ဝင်သီလရှင်များနှင့်   ဒေသခံ ပြည်သူ စုစုပေါင်း   ၃၃၄   ဦးကို ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသ ရေးအဖွဲ့က    အဆိုပါကျေးရွာများ၌ ကျန်းမာရေး        စောင့်ရှောက်မှု လုပ်ငန်းများ     ဆောင်ရွက်ပေး သည်။
နယ်မြေခံဆေးကုသရေးအဖွဲ့ က သံဃာတော်များ၊   သာသနာ့ နွယ်ဝင်သီလရှင်များနှင့်  ဒေသခံ ပြည်သူများအား   ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊  ဆီးချို၊  သွေးချို ရောဂါ၊   အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊   သွားနှင့်  ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့်        ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို   တိုင်းမှူး   ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု   အားပေးပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးသည်။ 


အလားတူ     မန္တလေးတိုင်း  ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ   သံဃာတော်များနှင့် ဒေသခံပြည်သူများအား  အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်မြေခံ ဆေးကုသရေးအဖွဲ့က   ပြည်ကြီး တံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ရှိ  မဟာသုန္ဒရာ  ရာမဘုန်းတော် ကြီးကျောင်း၌    ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့   ဆောင်ရွက်ပေးခဲ့ရာ နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊    အဆစ်အမျက် ရောင်ရောဂါ၊       ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း   ဆိုင်ရာ ရောဂါ၊   မျက်စိရောဂါ၊   သွားနှင့် ခံတွင်းရောဂါ၊    ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊   သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်  ပတ်သက်၍ သံဃာ တော်များနှင့် ဒေသခံပြည်သူ ၂၃၁ ဦးကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးသည်။    


ထို့ပြင် သံဃာတော် ၇၂ ပါးနှင့်   ဒေသခံပြည်သူ    ၅၄   ဦးကိုလည်း တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ 


ယင်းသို့ ဆောင်ရွက်နေမှုများ ကို တိုင်းစစ်ဌာနချုပ်နှင့် မန္တလေး တပ်နယ်တို့မှ   တာဝန်ရှိသူများ က  သွားရောက်ကြည့်ရှု  အားပေး ပြီး   လိုအပ်သည်များ     ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။


သတင်းစဉ်