လပွတ္တာမြို့နယ်၌ သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သူ သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ်  ၂၅


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်၌   ဩဂုတ်  ၂၃   ရက်က သုံးလောင်းပြိုင်      လူသတ်မှု ကျူးလွန်သူ         သုံးဦးအား သက်သေခံ   ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဩဂုတ် ၂၃ ရက် ည ၆ နာရီခွဲတွင် လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာနေ အောင် စန်းမင်း   (ခ)  ဝက်သိုး (၃၀နှစ်)၊ မျိုးလင်းအောင်      (၃၀နှစ်)၊ ရဲနိုင်ဝင်း(၃၀ နှစ်)တို့ သုံးဦးသည် အောင်စန်းမင်း  (ခ)  ဝက်သိုး၏ နေအိမ်ရှေ့၌       အရက်အတူ သောက်စားကြပြီးနောက်   တစ်ရွာ တည်းနေ ရာအိမ်မှူး ဦးမြင့်အေး (၅၁နှစ်)၏နေအိမ်သို့ သွားရောက် ၍ ကျေးရွာအတွင်း ကျွဲပျောက်၊ နွားပျောက်ဖြစ်တိုင်း ၎င်းတို့အား ရဲစခန်းမှ ခေါ်ယူစစ်ဆေးခြင်းမှာ ဦးမြင့်အေး၏      သတင်းပေးမှု ကြောင့်ဟု   စွပ်စွဲပြောဆိုကာ ဓားများဖြင့်   ဝိုင်းဝန်းထိုးခုတ် သောကြောင့် ဦးမြင့်အေး(၅၁နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မိုးမိုး (၄၁နှစ်)နှင့် သားဖြစ်သူ      မောင်ချစ်ညီညီ (ရှစ်လ)တို့တွင်     ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာ  ၌   သေဆုံးသွားခဲ့သောကြောင့် အရေးယူပေးရန်   တိုင်တန်းချက် အရ အောင်စန်းမင်း(ခ)ဝက်သိုး ပါ သုံးဦးအား တူးမြောင်းနယ်မြေ ရဲစခန်းက အမှုဖွင့်လှစ်၍ ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာမှ ဩဂုတ် ၂၄ ရက်တွင် တရားခံ သုံးဦးအား သက်သေခံ     ငှက်ကြီးတောင် ဓားတစ်ချောင်း၊       ဓားမြှောင် တစ်ချောင်း၊        ကိုင်းခုတ်ဓား တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိသောကြောင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း     သတင်းရရှိ သည်။  

သတင်းစဉ်