လပြည့်နေ့တွင် ကျိုက်ခေါက်စေတီတော်သို့ ပြည်သူများ လာရောက်ဖူးမြော်မှုများပြား

 

ရန်ကုန်   နိုဝင်ဘာ  ၁၈


တန်ဆောင်မုန်းလပြည့်နေ့     (သာမညဖလ အခါတော်နေ့)တွင်     မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် ဘုရားကျောင်း၊ ကန်၊  စေတီပုထိုးတို့တွင်  ကောင်းမှုကုသိုလ်ပြု သူများဖြင့်    စည်ကားလျက်ရှိရာ    ရန်ကုန် တောင်ပိုင်းခရိုင်        သန်လျင်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်ကြီးတွင်လည်း   အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်နေကြသည်ကို တွေ့ရသည်။

 


ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ    လာရောက်ဖူးမြော် နိုင်ရေးအတွက် နေ့စဉ်  နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားပြီး လာရောက် ဖူးမြော်ကြသော ဘုရားဖူးပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ   ကြိုတင်ကာကွယ်ရေး အတွက်    ကိုယ်အပူချိန်  တိုင်းတာခြင်း၊ လက်ဆေးစေခြင်းနှင့်     နှာခေါင်းစည်းများ တပ်ဆင်ကာ သတ်မှတ်အကွာအဝေးအတိုင်း စနစ်တကျဖူးမြော်ရေးအတွက်     စေတီတော် ဂေါပကအဖွဲ့က      ဆောင်ရွက်ထားကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)