လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၆


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်  Earth Renewable Energy Co., Ltd.  မှ  တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့်  NCX Myanmar Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် Wuyaung Honda အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင်  လုပ်ထုံးလုပ်နည်းနှင့်အညီ   ထုတ်ယူခွင့်ပြုခဲ့ ကြောင်း သိရသည်။                        

သတင်းစဉ်