
နေပြည်တော် ဖေဖော်ဝါရီ ၂
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Honda ENS1 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. က တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. က တင်သွင်းလာသော တရုတ် နိုင်ငံထုတ် DFSK Seres-5 အမျိုး အစား လျှပ်စစ်သုံး မော်တော် ယာဉ် များနှင့် Dongfeng Motor Corporation Ltd. က တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက် ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း သိရသည်။
သတင်းစဉ်