
နေပြည်တော် ဒီဇင်ဘာ ၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myanmar Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Essential Motor Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Atto3 EV အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် Chin Dwin Shan Construction Co., Ltd. က တင်သွင်းလာသော Faw Toyota bZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်