လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်    မေ    ၂၄
အမျိုးသားအဆင့်   လျှပ်စစ်သုံးယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd.  မှ  တင်သွင်းလာ‌သော  Volkswagen ID-4  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်  ၂၁ စီးသည်  ရန်ကုန်ဆိပ်ကမ်းသို့  ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး မော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။                                       သတင်းစဉ်