လန်ချန်း - မဲခေါင် ဒေသတွင်းနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၂၂


လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများနှင့် ဥပဒေစည်းမျဉ်းများ ဆိုင်ရာ   ကောင်းမွန်သော   အလေ့အထ များကို    ဖလှယ်ရန်နှင့်    ဗဟုသုတကို မြှင့်တင်ရန်၊    ကိုဗစ်-၁၉    ကပ်ရောဂါ ကာလအတွင်း         တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင် မည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအစီအမံများနှင့်  ဦးစားပေးလုပ်ငန်းကဏ္ဍများကို ဆွေးနွေး ရန်၊ လန်ချန်း-မဲခေါင်ဒေသတွင်း ရင်းနှီး မြှုပ်နှံမှုကို  မြှင့်တင်ရန်  ရည်ရွယ်လျက် လန်ချန်း-မဲခေါင် ရင်းနှီးမြှုပ်နှံမှုဆွေးနွေး ပွဲကို လန်ချန်း - မဲခေါင် ပူးပေါင်း ဆောင် ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်ကြာ ကျင်းပသည်။ 


ဆွေးနွေးပွဲတွင်     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား   ဆက်သွယ်ရေးဝန်ကြီး ဌာန၊    ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်   ဦးသန့်စင်လွင်၊   လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေး အဖွဲ့    ဒုတိယဥက္ကဋ္ဌနှင့်    နိုင်ငံခြားရေး ဝန်ကြီးဌာန၊   အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့်     စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်      ဦးဝင်း ဇေယျာထွန်းနှင့်    မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွား ရေး သံမှူးဖြစ်သူ Mr. Tan Shufu တို့က အဖွင့်အမှာစကား   ပြောကြားသည်။
  ဆွေးနွေးပွဲသို့  လန်ချန်း - မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စားလှယ်များ၊  ရင်းနှီးမြှုပ်နှံမှုနှင့်       နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်   ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနတို့မှ အရာထမ်း  စုစုပေါင်း  ၇၀  ခန့် တက်ရောက်သည်။


ယခုလန်ချန်း - မဲခေါင် ရင်းနှီးမြှုပ်နှံ မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်     တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း    နိုင်ငံများအကြား    ရင်းနှီး မြှုပ်နှံမှု        မြှင့်တင်နိုင်ရေးအတွက်  ပထမဆုံးအကြိမ်     ဆွေးနွေးပွဲလည်း  ဖြစ်သည်။                              

သတင်းစဉ်