
နေပြည်တော် ဇန်နဝါရီ ၁၉
နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက် ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဗဟိုကြီးကြပ် ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက် ပြများ ရေးဆွဲစိုက်ထူဆောင်ရွက် ထားရှိမှုများ၊ ယာဉ်တိုက်မှုအဖြစ် များသည့် လမ်းပိုင်းများ၌ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လမ်းဦးစီး ဌာနက ပြုပြင်ဆောင်ရွက်ထားရှိ မှုများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက Road Safety Audit ဆောင်ရွက်ပြီးစီးမှု နှင့် သုံးသပ်အကြံပြုချက်များကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။
၎င်းနောက် ဗဟိုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ လမ်းဦးစီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပဲခူးတိုင်း ဒေသကြီး ကြီးကြပ်ရေးအဖွဲ့တို့ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို လမ်းဦးစီးဌာနရှင်းလင်း ဆောင်(ရဲနွယ်) ၌ ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ယာဉ်သွားလာမှု အင်ဂျင်နီယာဌာနခွဲမှ အင်ဂျင် နီယာမှူးကြီးက အမြန်လမ်းမကြီး တစ်လျှောက် Road Safety Audit ဆောင်ရွက်မှု၊ စစ်ဆေး တွေ့ရှိမှုနှင့် သုံးသပ်အကြံပြုချက် များကိုလည်းကောင်း၊ လမ်းဦးစီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန် ရှိသူများက လမ်းညွှန်း၊ လမ်း အမှတ်အသားနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှု၊ ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် ရန်ကျန်လုပ်ငန်းများ၊ အသစ်တိုး ချဲ့ ရေးဆွဲစိုက်ထူပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို လည်းကောင်း Power- point Presentation ဖြင့် ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြ ချက်များအပေါ် ဗဟိုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ က သုံးသပ်ဆွေးနွေးပြီး နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေ ရေးလုပ်ငန်းသည် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်၍ သက်ဆိုင်ရာဌာနများ၊ ဒေသကြီးကြပ်ရေးအဖွဲ့များ အနေ ဖြင့် အထူးအလေးထား အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ပြီး လိုအပ်သည့်ပြုပြင် မွမ်းမံမှု၊ ပြင်ဆင်မှု၊ အသစ်တိုးချဲ့ ရေးဆွဲစိုက်ထူမှုများ ညွှန်ကြား ချက်နှင့်အညီ ပြည့်စုံညီညွတ် မှန်ကန်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန် ဆွေးနွေးမှာကြား သည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပဲခူး တိုင်းဒေသကြီး ကြီးကြပ်ရေး အဖွဲ့နှင့်အတူ ပဲခူးမြို့အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ ရေးဆွဲစိုက်ထူ ဆောင်ရွက်ထားရှိမှု များကို မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှုပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးမှာကြားသည်။ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပဲခူး - နေပြည်တော် အပြန်ခရီးတွင် နေပြည်တော် အဝင် Toll Gate ရှိ လမ်းဦးစီးဌာန ၏ Telematic Control Center ၌ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးတွင် မော်တော်ယာဉ် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးစနစ် (Telematics) ဖြင့် ကုန်တင်ယာဉ် များအား ထိန်းသိမ်းကွပ်ကဲ ဆောင်ရွက်မှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်