
ကိုင်ရို ဇူလိုင် ၁၃
ဆူဒန်တပ်ဖွဲ့နှင့် Rapid Support Forces တို့ကြား ဆက်လက်ဖြစ်ပေါ်နေသည့်တိုက်ပွဲများ ချုပ်ငြိမ်းသွားစေရေးအဖြေရှာရန်အတွက် ဆူဒန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ဇူလိုင် ၁၃ ရက်က ကိုင်ရိုမြို့၌ အစည်းအဝေးကျင်းပခဲ့သည်ဟု သိရသည်။
ပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာရန်
အစည်းအဝေးသို့ တက်ရောက်သည့်နိုင်ငံများသည် ပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာရန်နှင့် လုပ်ငန်းစဉ်များ အကျိုးသက်ရောက်မှုရှိ စေရေးတို့အတွက် ရည်ရွယ်သည်ဟု အီဂျစ်သမ္မတက ပြောသည်။ အဆိုပါအစည်းအဝေးကို အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ် စီစီ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ချဒ်၊ အီရီထရီယား၊ အီသီယိုးပီးယား၊ လစ်ဗျားနှင့်တောင်ဆူဒန်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
ပျက်စီးမှုများကို ဦးတည်နေ
လက်ရှိဆူဒန်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေပြီး ပျက်စီး မှုများကို ဦးတည်နေသည်ဟု အီဂျစ်သမ္မတက ပြောသည်။
ဧပြီ ၁၅ ရက်မှစတင်ကာ တိုက်ပွဲများစတင်ခဲ့
တိုက်ပွဲများ ဖြစ်ပေါ်နေသည့်နှစ်ဖက်စလုံးကို တင်းမာမှုများ ဖြေလျှော့ကာ ဆွေးနွေးညှိနှိုင်းမှုများစတင်ရန်အတွက် တောင်းဆိုခဲ့ သည်။ ဧပြီ ၁၅ ရက်မှစတင်ကာ မြို့တော်ခါတွန်နှင့် အခြားသောနေရာ များတွင် ဆူဒန်တပ်ဖွဲ့နှင့် Rapid Support Forces တို့ကြား တိုက်ပွဲ များ စတင်ခဲ့သည်။
ဆင်ဟွာ