
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
ရောဂါ တတိယလှိုင်းဖြစ်ပွား နေတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ဗီဇပြောင်းပိုးတွေက ဘာကြောင့်တွေ့ရှိရတာလဲ၊ ဗီဇပြောင်းပိုးတွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်စေသလဲဆိုတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ လက်ရှိ ကမ္ဘာပေါ်မှာ
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ ၂၀၈ ဒသမ ၆ သန်း ရှိပါတယ်။ ယခု ကိုဗစ် - ၁၉ ရောဂါနဲ့ ရင်ဆိုင်နေရတာ ၁၉လ ရှိပြီဖြစ်ပါတယ်။ ရောဂါကူးစက်သူ သန်းတစ်ရာ ဖြစ်ဖို့အတွက် ၁၃ လကြာပါတယ်။ နောက်ထပ် ကိုဗစ်ရောဂါကူးစက်သူ သန်းတစ်ရာဖြစ်ဖို့
ခြောက်လပဲ ကြာပါတယ်။ ဘာကိုပြောချင်တာလဲ ဆိုရင် ရောဂါကူးစက်မှုက မြန်ဆန်နေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးသူ ၄ ဒသမ ၄ သန်းနီးနီး ဖြစ်နေပြီဖြစ် ပါတယ်။ ဒီလို သေဆုံးမှုတွေ၊ ကူးစက်မှုတွေများ နေတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါကို လုံးဝလျှော့ တွက်လို့မရတဲ့ အနေအထားဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်က RNA ဗိုင်းရပ်စ်ဖြစ်ပါတယ်။ RNA ဗိုင်းရပ်စ်ဖြစ်ဖြစ်၊ DNA ဗိုင်းရပ်စ်ဖြစ်ဖြစ် သူတို့ရဲ့ ဗိုင်းရပ်စ်မျိုးရိုးဗီဇတည်တံ့ဖို့၊ ဆက်လက်ရှင်သန် နိုင်ဖို့အတွက် အမြဲတမ်းပြောင်းလဲနေပါတယ်။ ပြောင်းလဲတယ်ဆိုတာ ဗိုင်းရပ်စ်ရဲ့ ဝိသေသ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဘယ်လိုအခါမှာပြောင်း လဲသလဲဆိုရင် လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးစက်မှုတွေဖြစ်ပြီဆိုတာနဲ့ ဗိုင်းရပ်စ်က ပြောင်းလဲဖို့အတွက် အခွင့်အရေးရတာ ဖြစ်ပါတယ်။
မျိုးဗီဇပြောင်းလဲ
DNA ဗိုင်းရပ်စ်နဲ့နှိုင်းစာရင် RNA ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းတာမြန်ပါတယ်။ ဒါကလည်း ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့ RNA ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းတာ ဘာကြောင့်မြန်ရ သလဲဆိုရင် သူ့မှာအကြောင်းအချက် နှစ်ချက်ရှိ ပါတယ်။ ဒါက RNA ဗိုင်းရပ်စ်တွေမှာပါဝင်တဲ့ Ribose Sugar က ဓာတ်ဖွဲ့စည်းပုံအရ အောက်ဆီဂျင်တစ်လုံး အပိုပါပါတယ်။ အပိုပါတဲ့ အတွက်ကြောင့် သူ့ရဲ့ မျိုးဗီဇပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအောက်ဆီဂျင်က မတည်မြဲဘူး။ တစ်ခုခုနဲ့ ပေါင်းဖို့လွယ်တဲ့အတွက်ကြောင့် ပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်သွားရခြင်းဖြစ်ပါတယ်။ ဒါက ပထမအချက် ဖြစ်ပါတယ်။
ဒုတိယအချက်က RNA ဗိုင်းရပ်စ်မှာ အဓိကပါဝင်တဲ့ ပရိုတင်းအုပ်စုထဲမှာ ‘Uracil’ ပါတယ်။ DNA ဗိုင်းရပ်စ်မှာ ‘Thymine’ ဆိုတဲ့ ‘ပရိုတင်း’ ပါတယ်။ DNA ဗိုင်းရပ်စ်မှာပါတဲ့ ‘Thymine’ က RNA ဗိုင်းရပ်စ်မှာပါတဲ့ ‘Uracil’ ထက် တောင့်တောင့်တင်းတင်းနဲ့ ကြံ့ကြံ့ခံနိုင်ပါတယ်။ သို့သော် RNA ဗိုင်းရပ်စ်မှာရှိနေတဲ့ ‘Uracil’ ကပျော့တဲ့အတွက် အလွယ်တကူ ပြိုကွဲလွယ်တာ ကြောင့် ပြောင်းလဲဖို့ ပိုပြီးဖြစ်နိုင်တယ်လို့ ပညာရှင် တွေက ပြောပါတယ်။
ပိုပြီးမြန်ဆန်
အချုပ်အနေနဲ့ ဗိုင်းရပ်စ်ဟာအမြဲတမ်းပြောင်း လဲနေပါတယ်။ RNA ဗိုင်းရပ်စ်ဟာ DNA ဗိုင်းရပ်စ် ထက် ပြောင်းလဲမှုတွေက ပိုပြီးမြန်ဆန်ပါတယ်။ RNA ဗိုင်းရပ်စ်မျိုးနွယ်တွေက အသည်းရောင်အသားဝါ ‘စီ’ ဗိုင်းရပ်စ်၊ အီဘိုလ်လာဗိုင်းရပ်စ်၊ ဆားစ်ရောဂါ ဗိုင်းရပ်စ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စ်၊ ပိုလီယိုဗိုင်းရပ်စ်၊ ဝက်သက်ရောဂါဖြစ်စေတဲ့ ‘မီဆယ်လ်’ ဗိုင်းရပ်စ်၊ HIV ဖြစ်စေတဲ့ ‘ရီထရို’ ဗိုင်းရပ်စ်တွေက သူတို့ရဲ့ အပေါင်းအပါ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ ကံကောင်း တာတစ်ခုက RNA ဗိုင်းရပ်စ်ထဲမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်က တခြား RNA ဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပြောင်းလဲမှု နည်းတာကို တွေ့ရပါတယ်။ ဒီလိုပြောင်းလဲမှုနည်းပေ မယ့် ကမ္ဘာကြီးကိုဒုက္ခပေးနေတာ သိစေချင်ပါတယ်။
လက်ရှိ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး ဗီဇ ပြောင်းမျိုးကွဲ (Variants) တွေ ဘယ်လောက်ရှိတယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဩဂုတ်လ ၁၀ ရက် ထုတ်ပြန်ချက်အရ တင်ပြသွားမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါဟာ Mutations လို့ခေါ်တဲ့
ပြောင်းလဲမှုဖြစ်စဉ်တွေလုပ်ပါတယ်။ Mutations ဆိုတာ နဂိုမူလရှိပြီးသား အခြေအနေက ပြောင်းလဲမှု ဖြစ်သွားတာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲတဲ့အခါမှာ အောင်မြင်တဲ့ Mutations ကနေ ဗီဇပြောင်းမျိုးကွဲ (Variants) ဆိုတာ ဖြစ်လာပါတယ်။
လက်ရှိ ဗီဇပြောင်းမျိုးကွဲ (Variants) မှာ Variants of Concern နဲ့ Variants of Interest ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Variants of Concern ရဲ့ သဘောက ရောဂါကူးစက်မှုတွေ မြန်ဆန်တယ်၊ ရောဂါပြင်းထန် စေတယ်၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို ဓာတ်ခွဲစမ်းသပ် သုတေသနပြုမှုတွေအရ သိရပါ တယ်။ လက်ရှိမှာ Variants of Concern က လေးမျိုး ရှိပါတယ်။ ဒါတွေက ယူကေနိုင်ငံမှာ စတွေ့တဲ့ B.1.1.7 လို့ခေါ်တဲ့ ‘အယ်လ်ဖာ’ မျိုးကွဲဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တွေ့ရှိပြီးဖြစ်ပါတယ်။
နောက်တစ်ခုက တောင်အာဖရိကနိုင်ငံမှာ
တွေ့တဲ့ B.1.351 လို့ခေါ်တဲ့ ‘ဗီတာ’ မျိုးကွဲဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံမှာ တွေ့ရှိပြီးဖြစ်ပါတယ်။ နောက် ဘရာဇီးနိုင်ငံမှာတွေ့တဲ့ P.1 လို့ခေါ်တဲ့ ‘ဂါမာ’ မျိုးကွဲဖြစ်ပြီး မြန်မာနိုင်ငံမှာ မတွေ့ရှိပါဘူး။ နောက်ဆုံးတစ်ခုက အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိတဲ့ B.1.617.2 လို့ခေါ်တဲ့ ‘ဒယ်လ်တာ’ မျိုးကွဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ Variants of Concern က လေးမျိုးအနက် သုံးမျိုးရှိ တယ်လို့ ပြောလို့ရပါတယ်။
သုတေသနတွေလုပ်ဆောင်
နောက် ဗီဇပြောင်းမျိုးကွဲ (Variants) မှာ Variants of Interest ဆိုပြီး ရှိပါတယ်။ Variants of Interest က သူရဲ့ ရောဂါပြင်းထန်စေမှု၊ ရောဂါ ကူးစက်လွယ်မှု၊ ကာကွယ်ဆေးပေါ် သက်ရောက်မှုနဲ့ ဓာတ်ခွဲခန်းတွေအပေါ် သက်ရောက်မှုတွေကို သိရှိနိုင်ဖို့အတွက် သုတေသနတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လအထိ Variants of Interest က ခုနစ်မျိုးအထိ ရှိတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ယခု ဩဂုတ်လ ၁၃ ရက် ထုတ်ပြန်ချက်တွေအရ Variants of Interest က ခုနစ်မျိုးကနေ လေးမျိုး ဖြစ်သွားပါတယ်။
ဒီ လေးမျိုးထဲမှာ ပထမတစ်ခု ‘အီတာ’(Eta) လို့ခေါ်တဲ့ B.1.525 ဖြစ်ပါတယ်။ နိုင်ငံအတော် များများမှာ စတင်တွေ့ရှိရတဲ့ ဗီဇပြောင်းပိုးဖြစ် ပါတယ်။ နောက်တစ်ခု ‘လိုတာ’ (Lota) လို့ခေါ်တဲ့ B.1.526 ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ စတင်တွေ့ရှိ တာဖြစ်ပါတယ်။ နောက် ‘ကပ်ပါ’ (Kappa) လို့ခေါ် တဲ့ B.1.617.1 ဖြစ်ပါတယ်။ သူ့ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိပြီး မြန်မာနိုင်ငံမှာလည်း တွေ့ရပါ တယ်။ နောက်ဆုံးတစ်ခုက ‘လမ်ဘဒါ’ (Lambda) လို့ခေါ်တဲ့ C.37 ဖြစ်ပါတယ်။ Variants of Interest အနေနဲ့ လေးမျိုးရှိတယ်ဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်။
Variants of Interest တစ်ခုဖြစ်တဲ့ ‘လမ်ဘဒါ’ နဲ့ပတ်သက်ပြီး ပီရူးနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လက စတင်တွေ့ရှိခဲ့ပြီး အခုဆိုရင် တွေ့ရှိတာ တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပီရူးနိုင်ငံ မှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုတွေရဲ့ ၉၇ ရာခိုင်နှုန်းက ‘လမ်ဘဒါ’ ကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာ ‘လမ်ဘဒါ’ အနေနဲ့ ပြောပ လောက်အောင်မရှိပါဘူး။ လက်ရှိ ‘လမ်ဘဒါ’ အနေ နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၂၉ နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကမှာ ‘လမ်ဘဒါ’ ရောဂါပိုးတွေ့ရှိသူ တစ်ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ ယူကေနိုင်ငံ မှာ ‘လမ်ဘဒါ’ ရောဂါပိုးတွေ့ရှိသူ ရှစ်ဦး တွေ့ရှိနေပြီ လို့ ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက်မှာ ဂျပန်နိုင်ငံမှာ ‘လမ်ဘဒါ’ ရောဂါပိုးကို ပီရူးနိုင်ငံကနေ ပြန်လာတဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးမှာတွေ့ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်မှာ ဖိလစ်ပိုင်နိုင်ငံက အသက် ၃၀ ဝန်းကျင် အမျိုးသမီး ထံမှာ ‘လမ်ဘဒါ’ ရောဂါပိုးတွေ့ရှိတယ်လို့ သိရ ပါတယ်။ ဂျပန်နိုင်ငံသည် အာရှတိုက်ထဲမှာ ပါပါတယ်။ ဖိလစ်ပိုင်နိုင်ငံသည် အနောက်ပစိဖိတ် ဒေသမှာ ပါပါတယ်။ ‘လမ်ဘဒါ’ ပိုးတွေ့ရှိမှုက တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့ကလွဲပြီး အလွန် နည်းပါသေးတယ်။ ‘လမ်ဘဒါ’ ရောဂါပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း Variants of Concern လို့ သတ်မှတ်ထားခြင်းမရှိပါဘူး။ ‘လမ်ဘဒါ’ ရောဂါပိုးဟာ Variants of Interest အဆင့်မှာ ရှိပါတယ်။
‘လမ်ဘဒါ’ ဗီဇပြောင်းပိုးဟာ ကိုဗစ် ကာကွယ်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့စေသလားဆိုတာနဲ့ ပတ်သက်ပြီး သုတေသန တစ်ခုက အနည်းငယ်လျော့နည်းစေကြောင်း ပြောထားပါတယ်။ ဒါကိုသက်သေပြနိုင်ဖို့ သုတေ သနတွေ များစွာလိုအပ်နေပါသေးတယ်။ ကာကွယ် ဆေးတွေ အလုပ်လုပ်တာနဲ့ ရောဂါကူးစက်ခံရ ပြီးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားပဋိပစ္စည်း
ဖြစ်စေတဲ့သဘောကို တိတိကျကျ သေသေချာချာ နားလည်ပြီဆိုရင် ဗီဇပြောင်းပိုးတွေအပေါ် သိပ်
စိုးရိမ်စရာ မလိုဘူးဆိုတာကို သိစေချင်ပါတယ်။
အစီအစဉ်မှူး။ ။ ကာကွယ်ဆေး ထိုးထား
ပြီးရင် ဗီဇပြောင်း မျိုးကွဲတွေကို ခံနိုင်ရည်ရှိသလားဆိုတာကို
ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ လက်ရှိ ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေဟာ
စာမျက်နှာ ၁၇ သို့ b
‘ဒယ်လ်တာ’ ဗိုင်းရပ်စ် အပါအဝင် ဗီဇပြောင်း မျိုးကွဲတွေကို ၆၀ ရာခိုင်နှုန်းအထက် ကောင်းစွာကာကွယ်နိုင်တယ်လို့ ပြောထားပါတယ်။ ရောဂါလက္ခဏာပေါ်တဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားမှုကို ၇၀ ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုတွေကို ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
ဒီနေရာမှာ Medscape ဆေးပညာဂျာနယ်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ ကာကွယ် ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်း အာနိသင်လျော့နည်းသွားချိန်မှာတောင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က ကောင်းစွာ အလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိပါတယ်။
ကိုယ်ခံအားစနစ်က ဘယ်လိုအလုပ်လုပ်လဲဆိုရင် ရောဂါပိုးဝင်ရောက်လာတဲ့အခါ ကိုယ်ခံအား စနစ်က ပုံစံ ၃ မျိုးနဲ့ အလုပ်လုပ်ပါတယ်။ နံပါတ်တစ် အများစိတ်ဝင်စားတဲ့ ပဋိပစ္စည်း(Antibody) ဖြစ်ပါတယ်။ Antibody က ရှေ့တန်းခံစစ်ဖြစ်ပါတယ်။ ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် Antibody တွေက အမြန်ဆုံးထွက်လာပါတယ်။ တနည်းအားဖြင့် သူတို့တွေက ဧည့်ကြိုတွေဖြစ်ပါတယ်။ ဧည့်သည်ဆိုးဆိုရင် သူတို့က မောင်းထုတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
Antibody တွေအနေနဲ့ အားနည်းလာပြီး မနိုင်တော့ဘူးဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ‘T Cell’ တွေ ရှိပါတယ်။ နောက် ‘Memory B Cell’ တွေ ရှိပါတယ်။ ‘T Cell’ နဲ့ ‘Memory B Cell’ တွေက ခုနကပြောသလို ဝင်လာတဲ့ရောဂါပိုးကို တိုက်ထုတ်ပါတယ်။ နောက်ထပ် မလာနိုင်အောင် တားဆီးပိတ်ပင်ပါတယ်။ ဉပမာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ၊ ဆဲလ်ထဲကို ဝင်သွားပြီဆိုရင် ပထမဦးဆုံး ခန္ဓာကိုယ်ရဲ့ Immune System ကိုယ်ခံစွမ်းအားစနစ်က ကျူးကျော်သူတွေ ဝင်လာပြီဆိုပြီး အချက် ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကြည်း၊ရေ၊လေစစ်ကြောင်းသုံးခု ပူးပေါင်းပြီး စစ်ပွဲအသွင်နဲ့ တိုက်ခိုက်တယ်လို့ ဆိုထားပါတယ်။
သူတို့က ဘယ်လိုတိုက်ခိုက်တာလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ‘T Cell’ တွေရှိပါတယ်။ အကူအညီပေး တဲ့ ‘T Cell’ နဲ့ ပါးကွက်အာဏာသားနဲ့တူတဲ့ ‘Killer T Cell’ ဆိုပြီး ရှိပါတယ်။ အကူအညီပေးတဲ့ ‘T Cell’ က ရောဂါပိုးဝင်လာပြီဆိုရင် ရောဂါပိုးကို မှတ်မိအောင်လုပ်ပါတယ်။ ‘B Cell’ တွေကို သူက နှိုးဆွလုပ်ပါတယ်။ တာဝန်ကျပြီဆိုပြီး နှိုးဆော်လိုက်ပါတယ်။ နှိုးလိုက်တော့ ‘B Cell’ တွေက Antibody တွေထုတ်လုပ်ပြီး အကျအနတိုက်ခိုက်ပါတယ်။ ‘Killer T Cell’ တွေက ခန္ဓာကိုယ်အတွက် လက်မရွံ့တပ်သားတွေဖြစ်ပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးကို ရှင်းလင်းပါတယ်။
‘T Cell’ ရဲ့လုပ်ငန်းဆောင်တာသည် ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်တိုက်ခိုက်ရာမှာ အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေပေမယ့် သူက ‘B Cell’ တွေရဲ့ အလုပ်တွေ လုပ်ကိုင်နိုင်အောင် လိုအပ်သလို ချိန်ညှိပေးပါတယ်။ ‘B Cell’ တွေကို မင်းတို့အလှည့် တာဝန်ကျပြီ ဆိုပြီး နှိုးဆော်ပါတယ်။ ရောဂါပိုးတွေကို အပြီးရှင်းလင်းတဲ့ကိစ္စတွေကိုလည်း ဆောင်ရွက်ပါတယ်။ ဒါက ‘T Cell’တွေသည် ‘B Cell’တွေနဲ့ ဘယ်လိုပေါင်းပြီး အလုပ်လုပ်သလဲ ဆိုတာကို ပြောခြင်း ဖြစ်ပါတယ်။
‘T Cell’ တွေက အလုပ်လုပ်တဲ့အခါ နောက်ကနေ ထောက်လှမ်းပါသေးတယ်။ ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေ ရှိနေသလားဆိုတာ ထောက်လှမ်းပြီး ခန္ဓာကိုယ်ထဲမှာ ထပ်ပြီးတိုက်ခိုက်ဖို့ အတွက် နှိုးဆော်ပါတယ်။ ‘T Cell’ က သူများကို အလုပ်လုပ်ခိုင်းရုံတင်မကဘူး။ သူက ဆက်ပြီးတော့ ဗိုင်းရပ်စ်က ဝင်ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ဆင်တူအောင်လုပ်ထားတဲ့ ကာကွယ်ဆေး တွေထိုးနှံလိုက်တဲ့အခါ တိုက်ခိုက်ဖို့အတွက် ကိုယ်ခံအားတွေ ပြင်ဆင်တာကိုလည်း လုပ်ပါတယ်။
‘Memory B Cell’ တွေက အကြွင်းအကျန်တွေကို ရှင်းထုတ်နိုင်တဲ့အပြင် နောက်ထပ် မှတ်သားနိုင်တဲ့ မှတ်ဉာဏ်တွေလည်းရှိပါတယ်။ တချို့တွေဆိုရင် သူက ဆယ်စုနှစ်နဲ့ချီပြီး မှတ်မိနိုင် တဲ့ မှတ်ဉာဏ်တွေရှိပါတယ်။ ဆင်တူရိုးမှားတွေ လာလိုက်ပြီ ဆိုတာနဲ့ တိုက်ခိုက်ပါတယ်။ လက်ရှိ အနေအထားအရ ကာကွယ်ဆေးကြောင့်ပဲဖြစ်ဖြစ်၊ ရောဂါပိုးဝင်ရောက်ခံရလို့ပဲဖြစ်ဖြစ် ရှိတဲ့ကိုယ် ခံအားတွေက လျော့သွားရင်တောင် ‘Memory B Cell’ တွေက ဆက်ပြီးအလုပ်လုပ် နေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဝမ်းသာစရာကောင်းတဲ့ သတင်းဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ‘Memory B Cell’ တွေက ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်လာတာနဲ့ မှတ်မိပြီး ကိုယ်ခံအား စနစ်ကို အလုပ်လုပ်နိုင်အောင် လှုံ့ဆော်ပါတယ်။
ရောဂါပိုးတိုက်ထုတ်ရာမှာ Antibody တင်မကဘူး။ ‘B Cell’ တွေရော၊ ‘T Cell’ တွေရော အချိုးညီညီ အလုပ်လုပ်ပါတယ်။ ဒါကြောင့် Cellular Immunity ဆိုတာလည်း အရေးကြီးတယ်လို့ ပြောခြင်းဖြစ်ပါတယ်။
ကာကွယ်ဆေးတွေထိုးနှံလိုက်တယ်ဆိုရင် ရောဂါပြင်းထန်စွာခံစားရမှု၊ သေဆုံးမှုတွေကို လျော့ကျအောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံလိုက်သူက ၁၀၀ ရာခိုင်နှုန်း တော့ ကာကွယ်နိုင်မှုမရပါဘူး။ ကာကွယ်ဆေးတွေထိုးလိုက်ရင် ရောဂါပြင်းထန်စွာခံစားရမှု၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာဖြစ်ပေါ်မှုကိုတော့ ကောင်းစွာကာကွယ်နိုင်ပါတယ်။ သို့သော် သာမန်လက္ခဏာမျိုး တော့ ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးသူတွေ၊ ကိုယ့်ခံအားနည်းသူတွေ၊ တချို့ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေ၊ ကိုယ်ခံအားကျဆင်းအောင် ဆေးသောက်နေရသူတွေမှာ ဒုတိယအ ကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ၂၈ရက်အကြာမှာ တတိယအကြိမ်ထိုးနှံဖို့ ခွင့်ပြုလိုက်ပြီလို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) ထုတ်ပြန်ထားပါတယ်။ ကိုယ်ခံအားနည်းနေတဲ့၊ ကိုယ်ခံအားအပြည့်အဝ မတက်နိုင်တဲ့သူတွေကို ကာကွယ်နိုင်မှု ပိုရစေချင် လို့ ဖြစ်ပါတယ်။
ဒါဟာ Booster Dose ကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က အထူးစပယ်ရှယ် ခြွင်းချက် အနေနဲ့ ခွင့်ပြုတာဖြစ်ပါတယ်။ ထိုးနှံရမယ့်ဆေးသည်လည်း mRNA Vaccine အမျိုးအစား၊ Pfizer တို့၊ Moderna တို့ ဖြစ်ရမှာဖြစ်ပါတယ်။ အရှေ့မှာလည်း ဒီလိုကာကွယ်ဆေးမျိုး နှစ်ကြိမ်ထိုးထားတဲ့ သူ ဖြစ်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေဟာ ဘယ်လိုကာကွယ်တယ်ဆိုတာ သိပြီဆိုရင် ကာကွယ်ဆေးတွေသည် ‘ဒယ်လ်တာ’အပါအဝင် ကိုဗစ် - ၁၉ ကို ကောင်းစွာကာကွယ်နိုင်ပါတယ်။ အခုလက်ရှိမှာ ‘ဒယ်လ်တာ’နဲ့ ‘လမ်ဘဒါ’ကို ပညာရှင်တွေက ယှဉ်စရာတောင်မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကို ပတ်မွှေနေတာ ‘ဒယ်လ်တာ’၊ ရောဂါဖြစ်ပွားမှုတွေရဲ့ အများဆုံး လက်သည်က ‘ဒယ်လ်တာ’ကြောင့် ဖြစ်တယ်။
လက်ရှိအနေအထားအရ ‘လမ်ဘဒါ’ဆိုတာကလည်း သုတေသနပြုလုပ်ဖို့ အများကြီး လိုသေး ပါတယ်။ အရေးမကြီးလို့ Variant of Interest ထဲမှာပါတယ်လို့ ယူဆလို့မရပါဘူး။ သုတေသနတွေ တော့ ဆက်ပြီးလုပ်ရဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးသိရမယ့်ကိစ္စကတော့ လက်ရှိမှာ ဒယ်လ်တာအပါအဝင် Variant of Concern ထဲမှာပါဝင်တဲ့ ဂရုစိုက်ရမယ့် မျိုးဗီဇကွဲက ၄ မျိုးပါ။ ၄ခုစလုံးက ကူးစက်မှုမြန်ပါတယ်။
ကူးစက်မှုမြန်တဲ့အပြင် ‘အယ်လ်ဖာ’ ၊ ‘ဒယ်လ်တာ’က မိသားစုအတွင်းမှာ၊ အုပ်စုလိုက် အတွင်းမှာ ကူးစက်မှုမြန်ပါတယ်။ ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေက ‘အယ်လ်ဖာ’မှာ ဆိုရင်များပါတယ်။ ဒါဆို ‘ဗီတာ’ကရော သေဆုံးမှုများတဲ့ အန္တရာယ်ရှိတယ်။ သေသေချာချာတော့ အတိအကျတော့ ပြောလို့မရနိုင်သေးပါဘူး။ ‘ဂါမာ’ကလည်း ဆေးရုံ တက်ရောက်မှုများတယ်ဆိုပေမယ့် အတိအကျမပြောနိုင်သေးပါဘူး။ ‘ဒယ်လ်တာ’က သေချာပါ တယ်။ ဆေးရုံတက်ရောက်ရမှုများစေပါတယ်။ ပြန်ဖြစ်နိုင်မှုအနေနဲ့ ‘အယ်လ်ဖာ’သည် ပြန်ဖြစ်နိုင်မှု မရှိပါဘူး။ ‘ဂါမာ’ နဲ့’ဒယ်လ်တာ’ က ပြန်ဖြစ်နိုင်ဖို့ရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ လက်ရှိ အနေအထားမှာတော့ ဘာမှပြောင်းလဲမှုမရှိပါဘူး။
အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုတွေ များပြားလာရတာက ဗီဇပြောင်းပိုးတွေရဲ့ လက်ချက် ဆိုတာ သိစေချင်ပါတယ်။ အခုပြောနေကြတဲ့ ‘အယ်လ်ဖာ’၊ ‘ဗီတာ’၊ ‘ဂါမာ’၊ ‘ဒယ်လ်တာ’ တွေကရော ဘယ်နှနိုင်ငံကို ရောက်နေပြီလဲဆိုရင် ‘အယ်လ်ဖာ’သည် အခု ၁၈၅နိုင်ငံကို ရောက်နေပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို စုံသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ‘ဗီတာ’ကလည်း ၁၃၆ နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်။ ‘ဂါမာ’က ၈၁ နိုင်ငံကို ရောက်နေပြီး ဇာတ်လိုက်ကျော် ‘ဒယ်လ်တာ’က ၁၄၂ နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်။
အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရတဲ့ရောဂါပိုး ‘လမ်ဘဒါ’ နဲ့ ‘အက်ပ်စီလွန်’ ဆိုတဲ့ ဗီဇပြောင်းပိုးတွေအကြောင်းကို နည်းနည်းဆွေးနွေးလိုပါတယ်။ ‘လမ်ဘဒါ’သည် အားလုံးသိတဲ့ အတိုင်းပါပဲ။ ၂၉ နိုင်ငံကို ရောက်နေပြီ။ Variant of Interest အဆင့်မှာပဲ ရှိသေးတယ်။ သူနဲ့ ပတ်သက်လို့ လေ့လာစရာတွေ အများကြီးရှိသေးတယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားတာအများဆုံးတွေ့ရပါတယ်။ လက်ရှိ သုတေသနတွေ့ရှိချက်တစ်ခုအရ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို အနည်းငယ် လျော့နည်းစေတယ်ဆိုတာတွေ့ရပါတယ်။
ဒါက ဗီဇမျိုးကွဲဖြစ်သွားပြီဆိုရင် နဂိုမူလကိုဗစ် - ၁၉ ကို ဖြစ်စေတဲ့ SARS-CoV-2 ထက် စာရင် ကူးစက်မှုရော၊ ရောဂါပြင်းထန်မှုရောရှိနိုင်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ကာကွယ် ဆေးနဲ့ပတ်သက်ရင် ကာကွယ်ဆေးတွေသည် ‘ဒယ်လ်တာ’ကိုတောင် ကာကွယ်နိုင်မှတော့ ‘လမ်ဘဒါ’ကို ကာကွယ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သေချာသုတေသန လုပ်ထားတာတော့ မရှိသေးပါဘူး။
‘အက်ပ်စီလွန်’ဆိုတာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာ ကျယ်ကျယ်လောင်လောင်ပြောလာကြ ပါတယ်။ ‘အက်ပ်စီလွန်’ ကအသစ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ မေလမှာ ကယ်လီဖိုးနီးယားမှာ တွေ့ခဲ့တဲ့ မျိုးဗီဇပြောင်းပိုးဖြစ်ပါတယ်။ အရင်တုန်းက Variant of Interest ထဲမှာပါပေမယ့် အခု WHO ရဲ့ အဆင့်လျော့ချခြင်းခံရပြီး လက်ရှိမှာ Variant of Interest အဆင့်မှာ မရှိနေပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပါကစ္စတန်မှာ ‘အက်ပ်စီလွန်’ ပိုးတွေ့သူ ၅ ဦးတွေ့ရှိရတယ်။
‘အက်ပ်စီလွန်’က ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရဆိုရင် ကာကွယ်ဆေးကိုလည်း ခံနိုင်ရည်ရှိ တယ် စသဖြင့် ဒါမျိုးတွေလည်း ပြောနေကြတာရှိပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေက တကယ့် ပြင်ပလောကမှာ ဒီလိုပဲဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ သုတေသနတွေလည်း အများကြီး လိုအပ်ပါ သေးတယ်။ ‘အက်စီလွန်’သည် နဂိုမူလပိုးထက် ၂၀ ရာခိုင်နှုန်းကူးစက်မှုပိုမြန်တယ် ဆိုတော့ အရင်ကထက် ထူးခြားပြီး ကူးစက်မှုနှုန်းသိပ်ပြီးမများဘူးဆိုတာ သိစေချင်ပါတယ်။ သူက နိုင်ငံပေါင်း ၃၄ နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သို့သော် ‘အက်ပ်စီလွန်’သည် စာဖွဲ့ရလောက်တဲ့ အဆင့်မှာ မရှိဘူးဆိုတာကို သိစေချင်ပါတယ်။
အချုပ်ပြောမယ်ဆိုရင် လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေသည် ‘ဒယ်လ်တာ’ မျိုးဗီဇပြောင်းပိုး အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာနှိမ်နင်းနိုင်ပါတယ်၊ ကာကွယ်နိုင်ပါတယ်။ ကာကွယ်နိုင်မှုအနေနဲ့ အတိုင်းအတာတစ်ခုအထိ လျော့နည်းနိုင် နေပေမယ့်လို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အလုပ်လုပ်နိုင်မှုက ဆက်ရှိနေတယ်ဆိုတာ သုတေသနပညာရှင်တွေ တွေ့ရှိထားတဲ့အတွက် မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး။ ။ ဆရာမအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ဗီဇပြောင်းပိုးတွေကို ရပ်တန့်နိုင်ဖို့အတွက် နည်းလမ်းတွေ မရှိဘူးလား ဆိုရင်ရှိပါတယ်။ ဒါကတော့ ကာကွယ်ဆေးတွေကို များများထိုးနှံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူတော်တော် များများမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံနိုင်ပြီဆိုရင် သူက ဒုက္ခပေးဖို့ဆိုတာ မဖြစ်နိုင်တော့ ပါဘူး။ ကူးစက်မှုကို ရပ်တန့်ဖို့ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် ရောဂါမကူးစက်စေဖို့ ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ပါးစပ်နှာခေါင်းစည်း Mask တပ်ဖို့ လိုပါတယ်။ Mask တပ်ခြင်းက ရောဂါပိုးတွေ မိမိကနေ သူများကို မကူးစက်နိုင်အောင်၊ သူများရဲ့ ရောဂါပိုးတွေလည်း ကိုယ့်ဆီကို မကူးစက်နိုင်အောင် ဖြစ်ပါတယ်။ လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ် တကျ သေချာဆေးကြောမယ်၊ ဒါကလည်း ဗိုင်းရပ်စ်ကိုနိုင်တဲ့ နိုင်ကွက်ဖြစ်ပါတယ်။ နောက်ပြီး လူအုပ်စု ရှောင်မယ်။ လူအများနဲ့ ထိတွေ့တဲ့ကိစ္စတွေရှောင်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေး နေမယ်။ ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးမယ်။ လေကောင်းလေသန့်ရတဲ့နေရာမှာ နေမယ်။ လေကောင်း လေသန့် ရတဲ့နေရာမှာနေရင် ဗိုင်းရပ်စ်က ကူးစက်ဖို့အခွင့်အလမ်း အလွန်ကို နည်းပါ တယ်။
ယခုမြန်မာနိုင်ငံမှာ ကာကွယ်ဆေးတွေထိုးနှံဖို့ကို အထူးအလေးထားကြပ်မတ်ပြီး ဆောင်ရွက် နေပါတယ်။ WHO အနေနဲ့ စက်တင်ဘာလကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံနိုင်ဖို့၊ ၂၀၂၁ ခုနှစ်အကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ဒါ့အပြင် အောက်တိုဘာ လမှာ ကျင်းပမယ့် G-20 အစည်းအဝေးမှာလည်း COVAX အဖွဲ့အစည်းတွေကို လိုအပ်တဲ့ကာကွယ် ဆေးတွေ ထောက်ပံ့ဖို့၊ ကာကွယ်ဆေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေ မေတ္တာရပ်ခံထားတာရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ နှစ်မကုန်ခင်မှာ ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရှိတဲ့ အသက် ၁၈ နှစ် အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်ကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အထူးအလေးပေးပြီး ဆောင်ရွက်နေတယ်ဆိုတာကို အသိပေးချင်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး တစ်နေ့ကို ပျမ်းမျှ တစ်သိန်းခွဲနှုန်းလောက် ထိုးနှံပေးနေပါတယ်။
ရှေ့တစ်ပတ်အတွင်းမှာ ဝယ်ထားတဲ့ Sinopharm ကာကွယ်ဆေးတစ်သန်းလည်း ထပ်ပြီး ရောက်ဖို့ရှိပါတယ်။ မကြာခင်လည်း နောက်ထပ် Sinopharm တစ်သန်းလည်း ထပ်ပြီး ရောက်ရှိဖို့ ရှိပါတယ်။ ကာကွယ်ဆေး စုစုပေါင်းဆိုရင် ပထမပိုင်းက အိန္ဒိယကကာကွယ်ဆေး ၃ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံက ပထမအကြိမ်လှူဒါန်းတဲ့ ၀ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံအစိုးရက ဒုတိယအကြိမ် လှူဒါန်းထားတဲ့ Sinopharm က ၂ သန်း၊ ဝယ်ယူထားတဲ့ Sinopharm က ၂ သန်း၊ ဝယ်ယူထားတဲ့ Sinovac ၂သန်းဆိုတော့ စုစုပေါင်း ၁၀ သန်း မကြာခင်မှာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး ၂၄ သန်း ဝယ်ယူဖို့ဆောင်ရွက်နေတယ်ဆိုတာကို ဩဂုတ်လ ၁၆ရက် က ပြည်သူတွေကို သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မိမိနိုင်ငံမှာ ကာကွယ်ဆေးတွေကို မူပိုင်ခွင့် ယူပြီး ထုတ်လုပ်နိုင်ဖို့ကိစ္စတွေကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်မတို့ ရည်မှန်းထားတဲ့ အတိုင်း ၂၀၂၁ ခုနှစ်မကုန်ခင်မှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်၊ ဖြစ်နိုင်ရင် ဒီထက်ပိုပြီး ထိုးနှံနိုင် ဖို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ဦးစားပေးအုပ်စုတွေကို ကာကွယ်ဆေးထိုးနှံ ပေးတဲ့အခါ နှစ်ကြိမ်ပြည့်အောင် လာရောက်ထိုးနှံကြပါ။ ဦးစားပေးထဲမှာ မပါတဲ့သူတွေအနေနဲ့ လည်း ဘာမှစိုးရိမ်ကြောင့်ကြမှုမဖြစ်ပါနဲ့၊ ကာကွယ်ဆေးတွေကို ထပ်မံရရှိဖို့ ဆောင်ရွက်နေသလို ဦးစားပေးအုပ်စုတွေကိုလည်း ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍကို ကာကွယ်ဆေး တင်သွင်းခွင့်ပေးထားတဲ့အတွက် အရည်အသွေး ပြည့်မီတဲ့၊ စိတ်ချရတဲ့ကာကွယ်ဆေးကို စိတ်ချရတဲ့နည်းစနစ်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ Vaccine Management Information System နဲ့ ချိတ်ဆက်ပြီး အကောင်းဆုံး ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံကြဖို့ ကျွန်မ အနေနဲ့ တိုက်တွန်းပါတယ်။
ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးစုရပ်မှာ လူတွေ စုပြုံမနေစေဖို့၊ တတ်နိုင်သမျှစနစ်တကျဖြစ်ဖို့ စီမံပေးကြဖို့ကိုလည်း ကျွန်မအနေနဲ့ ပြောကြားလိုပါ တယ်။ ထိုးနှံတဲ့သူတွေအနေနဲ့လည်း Maskကို သေသေချာချာတပ်လာမယ်။ ရေမလိုလက်သန့် ဆေးရည်တွေ ဆောင်လာမယ်။ တစ်ယောက်နဲ့ တစ်ယောက်ခပ်ဝေးဝေးနေမယ်။ ဒီလိုနည်းအားဖြင့် ကာကွယ်ဆေးကို အန္တရာယ်ကင်းစွာ ထိုးနှံနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေ ကိုဗစ် - ၁၉ အန္တရာယ် ကနေ ကင်းဝေးစေဖို့အတွက် အားလုံးအတူတူကြိုးစားကြရင် မအောင်မြင်နိုင်စရာမရှိပါဘူး၊ အတူကြိုးစားကြပါစို့လို့ ကျွန်မအနေနဲ့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
‘ဒယ်လ်တာ’ ဗိုင်းရပ်စ် အပါအဝင် ဗီဇပြောင်း မျိုးကွဲတွေကို ၆၀ ရာခိုင်နှုန်းအထက် ကောင်းစွာ ကာကွယ်နိုင်တယ်လို့ ပြောထားပါတယ်။ ရောဂါလက္ခဏာပေါ်တဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားမှုကို ၇၀ ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ် နိုင်ပါတယ်။ ရောဂါကြောင့် ဆေးရုံတက်ရောက် ရမှုနဲ့ သေဆုံးမှုတွေကို ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
ဒီနေရာမှာ Medscape ဆေးပညာဂျာနယ်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ ကာကွယ် ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်း အာနိသင်လျော့နည်း သွားချိန်မှာတောင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် က ကောင်းစွာအလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိပါတယ်။
ကိုယ်ခံအားစနစ်
ကိုယ်ခံအားစနစ်က ဘယ်လိုအလုပ်လုပ် လဲဆိုရင် ရောဂါပိုးဝင်ရောက်လာတဲ့အခါ ကိုယ်ခံ အားစနစ်က ပုံစံသုံးမျိုးနဲ့ အလုပ်လုပ်ပါတယ်။ နံပါတ်တစ် အများစိတ်ဝင်စားတဲ့ ပဋိပစ္စည်း (Antibody) ဖြစ်ပါတယ်။ Antibody က ရှေ့တန်း ခံစစ်ဖြစ်ပါတယ်။ ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် Antibody တွေက အမြန်ဆုံးထွက်လာပါတယ်။ တစ်နည်းအားဖြင့် သူတို့တွေက ဧည့်ကြိုတွေဖြစ် ပါတယ်။ ဧည့်သည်ဆိုးဆိုရင် သူတို့က မောင်းထုတ် တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
Antibody တွေအနေနဲ့ အားနည်းလာပြီး မနိုင်တော့ဘူးဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ‘T Cell’ တွေ ရှိပါတယ်။ နောက် ‘Memory B Cell’ တွေရှိပါတယ်။ ‘T Cell’ နဲ့ ‘Memory B Cell’ တွေက ခုနကပြောသလို ဝင်လာတဲ့ရောဂါပိုးကို တိုက်ထုတ်ပါတယ်။ နောက်ထပ် မလာနိုင်အောင် တားဆီးပိတ်ပင်ပါတယ်။ ဥပမာ ဗိုင်းရပ်စ်က ခန္ဓာ ကိုယ်ထဲ၊ ဆဲလ်ထဲကို ဝင်သွားပြီဆိုရင် ပထမဦးဆုံး ခန္ဓာကိုယ်ရဲ့ Immune System ကိုယ်ခံစွမ်းအား စနစ်က ကျူးကျော်သူတွေ ဝင်လာပြီဆိုပြီး အချက် ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကြည်း၊ ရေ၊ လေ စစ်ကြောင်း သုံးခုပူးပေါင်းပြီး စစ်ပွဲအသွင်နဲ့ တိုက်ခိုက်တယ်လို့ ဆိုထားပါတယ်။
သူတို့က ဘယ်လိုတိုက်ခိုက်တာလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ‘T Cell’ တွေရှိပါတယ်။ အကူအညီပေး တဲ့ ‘T Cell’ နဲ့ ပါးကွက်အာဏာသားနဲ့တူတဲ့ ‘Killer T Cell’ ဆိုပြီးရှိပါတယ်။ အကူအညီပေးတဲ့ ‘T Cell’ က ရောဂါပိုးဝင်လာပြီဆိုရင် ရောဂါပိုးကို မှတ်မိ အောင်လုပ်ပါတယ်။ ‘B Cell’ တွေကို သူက နှိုးဆွလုပ်ပါတယ်။ တာဝန်ကျပြီဆိုပြီး နှိုးဆော် လိုက်ပါတယ်။ နှိုးလိုက်တော့ ‘B Cell’ တွေက Antibody တွေထုတ်လုပ်ပြီး အကျအနတိုက်ခိုက် ပါတယ်။ ‘Killer T Cell’ တွေက ခန္ဓာကိုယ်အတွက် လက်မရွံ့တပ်သားတွေဖြစ်ပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးကို ရှင်းလင်းပါတယ်။
‘T Cell’ ရဲ့ လုပ်ငန်းဆောင်တာသည် ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်တိုက်ခိုက်ရာမှာ အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေပေ မယ့်သူက ‘B Cell’ တွေရဲ့ အလုပ်တွေ လုပ်ကိုင် နိုင်အောင် လိုအပ်သလို ချိန်ညှိပေးပါတယ်။ ‘B Cell’ တွေကို မင်းတို့အလှည့် တာဝန်ကျပြီဆိုပြီး နှိုးဆော်ပါတယ်။ ရောဂါပိုးတွေကို အပြီးရှင်းလင်း တဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက်ပါတယ်။ ဒါက ‘T Cell’တွေသည် ‘B Cell’တွေနဲ့ ဘယ်လိုပေါင်းပြီး အလုပ်လုပ်သလဲဆိုတာကို ပြောခြင်းဖြစ်ပါတယ်။
‘T Cell’ တွေက အလုပ်လုပ်တဲ့အခါ နောက် ကနေ ထောက်လှမ်းပါသေးတယ်။ ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေ ရှိနေသလားဆိုတာ
ထောက်လှမ်းပြီး ခန္ဓာကိုယ်ထဲမှာ ထပ်ပြီး တိုက်ခိုက်ဖို့အတွက် နှိုးဆော်ပါတယ်။ ‘T Cell’ က သူများကို အလုပ်လုပ်ခိုင်းရုံတင်မကဘူး။ သူက ဆက်ပြီးတော့ ဗိုင်းရပ်စ်က ဝင်ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ဆင်တူအောင်လုပ်ထားတဲ့ ကာကွယ်ဆေးတွေထိုးနှံလိုက်တဲ့အခါ တိုက်ခိုက်ဖို့ အတွက် ကိုယ်ခံအားတွေ ပြင်ဆင်တာကိုလည်း လုပ်ပါတယ်။
‘Memory B Cell’ တွေက အကြွင်းအကျန်တွေကို ရှင်းထုတ်နိုင်တဲ့အပြင် နောက်ထပ် မှတ်သားနိုင်တဲ့ မှတ်ဉာဏ်တွေလည်းရှိပါတယ်။ တချို့တွေဆိုရင် သူက ဆယ်စုနှစ်နဲ့ချီပြီး မှတ်မိနိုင်တဲ့ မှတ်ဉာဏ် တွေရှိပါတယ်။ ဆင်တူယိုးမှားတွေ လာလိုက်ပြီ ဆိုတာနဲ့ တိုက်ခိုက်ပါတယ်။ လက်ရှိ အနေအထားအရ ကာကွယ်ဆေးကြောင့်ပဲဖြစ်ဖြစ်၊ ရောဂါပိုးဝင်ရောက် ခံရလို့ပဲဖြစ်ဖြစ် ရှိတဲ့ကိုယ်ခံအားတွေက လျော့သွား ရင်တောင် ‘Memory B Cell’ တွေက ဆက်ပြီး အလုပ် လုပ် နေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဝမ်းသာစရာကောင်းတဲ့ သတင်းဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ‘Memory B Cell’ တွေက ခန္ဓာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက်လာတာနဲ့ မှတ်မိပြီး ကိုယ်ခံအားစနစ်ကို အလုပ်လုပ်နိုင်အောင် လှုံ့ဆော်ပါတယ်။
ရောဂါပိုးတိုက်ထုတ်ရာမှာ Antibody တင်မက ဘူး။ ‘B Cell’ တွေရော၊ ‘T Cell’ တွေရော အချိုးညီညီ အလုပ်လုပ်ပါတယ်။ ဒါကြောင့် Cellular Immunity ဆိုတာလည်း အရေးကြီးတယ်လို့ ပြောခြင်းဖြစ်ပါ တယ်။
ကာကွယ်ဆေးတွေထိုးနှံလိုက်တယ်ဆိုရင် ရောဂါပြင်းထန်စွာခံစားရမှု၊ သေဆုံးမှုတွေကို လျော့ကျအောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံလိုက်သူက ၁၀၀ ရာခိုင်နှုန်း တော့ ကာကွယ်နိုင်မှုမရပါဘူး။ ကာကွယ်ဆေးတွေ ထိုးလိုက်ရင် ရောဂါပြင်းထန်စွာခံစားရမှု၊ ကိုဗစ် - ၁၉ ရောဂါ လက္ခဏာဖြစ်ပေါ်မှုကိုတော့ ကောင်းစွာ ကာကွယ်နိုင်ပါတယ်။ သို့သော် သာမန်လက္ခဏာမျိုး တော့ဖြစ်နိုင်ပါတယ်။
တတိယအကြိမ်ထိုးနှံဖို့ခွင့်ပြု
အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ခံအားနည်း သူတွေ၊ တချို့ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေ၊ ကိုယ်ခံအားကျဆင်း အောင် ဆေးသောက်နေရသူတွေမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ၂၈ ရက်အကြာမှာ တတိယအကြိမ်ထိုးနှံဖို့ ခွင့်ပြုလိုက်ပြီလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာန (CDC)က ထုတ်ပြန်ထားပါတယ်။ ကိုယ်ခံ အားနည်းနေတဲ့၊ ကိုယ်ခံအားအပြည့်အဝ မတက်နိုင် တဲ့သူတွေကို ကာကွယ်နိုင်မှု ပိုရစေချင်လို့ ဖြစ်ပါတယ်။
ဒါဟာ Booster Dose ကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က အထူးစပယ်ရှယ် ခြွင်းချက်အနေနဲ့ ခွင့်ပြု တာဖြစ်ပါတယ်။ ထိုးနှံရမယ့် ဆေးသည်လည်း mRNA Vaccine အမျိုးအစား၊ Pfizer တို့၊ Moderna တို့ဖြစ်ရမှာဖြစ်ပါတယ်။ အရှေ့မှာလည်း ဒီလိုကာကွယ် ဆေးမျိုး နှစ်ကြိမ်ထိုးထားတဲ့သူဖြစ်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေဟာ ဘယ်လိုကာကွယ်တယ် ဆိုတာ သိပြီဆိုရင် ကာကွယ်ဆေးတွေဟာ ‘ဒယ်လ်တာ’အပါအဝင် ကိုဗစ် - ၁၉ ရောဂါကို ကောင်းစွာကာကွယ်နိုင်ပါတယ်။ အခုလက်ရှိမှာ ‘ဒယ်လ်တာ’နဲ့ ‘လမ်ဘဒါ’ကို ပညာရှင်တွေက ယှဉ်စရာတောင်မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကို ပတ်မွှေနေတာ ‘ဒယ်လ်တာ’၊ ရောဂါဖြစ်ပွားမှုတွေရဲ့ အများဆုံး လက်သည်က ‘ဒယ်လ်တာ’ကြောင့် ဖြစ်တယ်။
မျိုးဗီဇကွဲက လေးမျိုး
လက်ရှိအနေအထားအရ ‘လမ်ဘဒါ’ ဆိုတာ ကလည်း သုတေသနပြုလုပ်ဖို့ အများကြီးလိုသေး ပါတယ်။ အရေးမကြီးလို့ Variant of Interest ထဲမှာပါတယ်လို့ ယူဆလို့မရပါဘူး။ သုတေသနတွေ တော့ ဆက်ပြီးလုပ်ရဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးသိရမယ့်ကိစ္စကတော့ လက်ရှိမှာ ဒယ်လ်တာအပါအဝင် Variant of Concern ထဲမှာပါဝင်တဲ့ ဂရုစိုက်ရမယ့် မျိုးဗီဇကွဲက လေးမျိုးပါ။ လေးခုစလုံးက ကူးစက်မှုမြန်ပါတယ်။
ကူးစက်မှုမြန်တဲ့အပြင် ‘အယ်လ်ဖာ’ ၊ ‘ဒယ်လ် တာ’က မိသားစုအတွင်းမှာ၊ အုပ်စုလိုက်အတွင်းမှာ ကူးစက်မှုမြန်ပါတယ်။ ရောဂါပြင်းထန်မှု၊ ဆေးရုံ တက်ရောက်ရမှု၊ သေဆုံးမှုတွေက ‘အယ်လ်ဖာ’မှာ ဆိုရင်များပါတယ်။ ဒါဆို ‘ဗီတာ’ကရော သေဆုံးမှု များတဲ့ အန္တရာယ်ရှိတယ်။ သေသေချာချာတော့ အတိအကျတော့ ပြောလို့မရနိုင်သေးပါဘူး။ ‘ဂါမာ’ ကလည်း ဆေးရုံတက်ရောက်မှုများတယ် ဆိုပေမယ့် အတိအကျမပြောနိုင်သေးပါဘူး။ ‘ဒယ်လ်တာ’က သေချာပါတယ်။ ဆေးရုံတက်ရောက်ရမှု များစေပါ တယ်။ ပြန်ဖြစ်နိုင်မှုအနေနဲ့ ‘အယ်လ်ဖာ’သည် ပြန်ဖြစ်နိုင်မှုမရှိပါဘူး။ ‘ဂါမာ’ နဲ့’ဒယ်လ်တာ’ က ပြန် ဖြစ်နိုင်ဖို့ရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ လက်ရှိ အနေအထားမှာတော့ ဘာမှပြောင်းလဲမှုမရှိပါဘူး။
အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုတွေ များပြား လာရတာက ဗီဇပြောင်းပိုးတွေရဲ့ လက်ချက်ဆိုတာ သိစေချင်ပါတယ်။ အခုပြောနေကြတဲ့ ‘အယ်လ်ဖာ’၊ ‘ဗီတာ’၊ ‘ဂါမာ’၊ ‘ဒယ်လ်တာ’ တွေကရော ဘယ်နှနိုင်ငံ ကို ရောက်နေပြီလဲဆိုရင် ‘အယ်လ်ဖာ’သည် အခု ၁၈၅ နိုင်ငံကို ရောက်နေပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို စုံသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ‘ဗီတာ’ကလည်း ၁၃၆ နိုင်ငံကို ရောက် နေပြီဖြစ်ပါတယ်။ ‘ဂါမာ’က ၈၁ နိုင်ငံကို ရောက်နေပြီး ဇာတ်လိုက်ကျော် ‘ဒယ်လ်တာ’က ၁၄၂ နိုင်ငံကို ရောက်နေပြီဖြစ်ပါတယ်။
အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရတဲ့ ရောဂါပိုး ‘လမ်ဘဒါ’ နဲ့ ‘အက်ပ်စီလွန်’ ဆိုတဲ့ ဗီဇ ပြောင်းပိုးတွေအကြောင်းကို နည်းနည်းဆွေးနွေး လိုပါတယ်။ ‘လမ်ဘဒါ’ဟာ အားလုံးသိတဲ့အတိုင်း ပါပဲ။ ၂၉ နိုင်ငံကို ရောက်နေပြီ။ Variant of Interest အဆင့်မှာပဲ ရှိသေးတယ်။ သူနဲ့ပတ်သက်လို့ လေ့လာ စရာတွေ အများကြီးရှိသေးတယ်။ တောင်အမေရိက တိုက်မှာရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားတာ အများဆုံး တွေ့ရပါတယ်။ လက်ရှိ သုတေသနတွေ့ရှိချက်တစ်ခု အရ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို အနည်းငယ် လျော့နည်းစေတယ်ဆိုတာတွေ့ရပါတယ်။
ဒါက ဗီဇမျိုးကွဲဖြစ်သွားပြီဆိုရင် နဂိုမူလကိုဗစ် - ၁၉ ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ထက်စာရင် ကူးစက်မှုရော၊ ရောဂါပြင်းထန်မှုရောရှိနိုင်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ရင် ကာကွယ်ဆေးတွေဟာ ‘ဒယ်လ်တာ’ ကိုတောင် ကာကွယ်နိုင်မှတော့ ‘လမ်ဘဒါ’ကို ကာကွယ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သေချာသုတေသနလုပ်ထားတာ တော့ မရှိသေးပါဘူး။
‘အက်ပ်စီလွန်’ဆိုတာနဲ့ ပတ်သက်ပြီး ဒီရက် ပိုင်းမှာ ကျယ်ကျယ်လောင်လောင် ပြောလာကြ ပါတယ်။ ‘အက်ပ်စီလွန်’ ကအသစ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ မေလမှာ ကယ်လီဖိုးနီးယားမှာ တွေ့ခဲ့တဲ့ မျိုးဗီဇပြောင်းပိုးဖြစ်ပါတယ်။ အရင်တုန်း က Variant of Interest ထဲမှာပါပေမယ့် အခု WHO ရဲ့ အဆင့်လျှော့ချခြင်းခံရပြီး လက်ရှိမှာ Variant of Interest အဆင့်မှာ မရှိနေပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပါကစ္စတန်မှာ ‘အက်ပ်စီလွန်’ ပိုးတွေ့သူ ၅ ဦးတွေ့ရှိရတယ်။
ကောင်းစွာနှိမ်နင်းနိုင်
‘အက်ပ်စီလွန်’က ဓာတ်ခွဲခန်းမှာ စမ်းသပ် ချက်အရဆိုရင် ကာကွယ်ဆေးကိုလည်း ခံနိုင်ရည်ရှိ တယ် စသဖြင့် ဒါမျိုးတွေလည်း ပြောနေကြတာ ရှိပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေက တကယ့် ပြင်ပလောကမှာ ဒီလိုပဲဖြစ်မယ်လို့ ယူဆ လို့မရပါဘူး။ သုတေသနတွေလည်း အများကြီး လိုအပ်ပါသေးတယ်။ ‘အက်ပ်စီလွန်’သည် နဂိုမူလ ပိုးထက် ၂၀ ရာခိုင်နှုန်း ကူးစက်မှုပိုမြန်တယ် ဆိုတော့ အရင်ကထက် ထူးခြားပြီး ကူးစက်မှုနှုန်း သိပ်ပြီးမများဘူးဆိုတာ သိစေချင်ပါတယ်။ သူက နိုင်ငံပေါင်း ၃၄ နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သို့သော် ‘အက်ပ်စီလွန်’သည် စာဖွဲ့ရလောက်တဲ့ အဆင့်မှာ မရှိဘူးဆိုတာကို သိစေချင်ပါတယ်။
အချုပ်ပြောမယ်ဆိုရင် လက်ရှိ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေဟာ ‘ဒယ်လ်တာ’ မျိုးဗီဇ ပြောင်းပိုးအပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာနှိမ်နင်းနိုင်ပါတယ်၊ ကာကွယ်နိုင်ပါတယ်။ ကာကွယ်နိုင်မှုအနေနဲ့ အတိုင်းအတာတစ်ခုအထိ လျော့နည်းနိုင်နေပေမယ့်လို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ အားစနစ်က အလုပ်လုပ်နိုင်မှုက ဆက်ရှိနေတယ် ဆိုတာ သုတေသနပညာရှင်တွေ တွေ့ရှိထားတဲ့ အတွက် မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး။ ။ ဆရာမအနေနဲ့ ဖြည့်စွက်ပြော
ကြားလိုတာရှိရင် ပြောကြား ပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ဗီဇပြောင်းပိုး
တွေကို ရပ်တန့် နိုင်ဖို့အတွက် နည်းလမ်းတွေ မရှိဘူးလားဆိုရင်
ရှိပါတယ်။ ဒါကတော့ ကာကွယ်ဆေးတွေကို များများထိုးနှံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူတော်တော် များများမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ပြီ ဆိုရင် သူကဒုက္ခပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကူးစက်မှုကို ရပ်တန့်ဖို့ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ရောဂါ မကူးစက်စေဖို့ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။
ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဖို့ လိုပါတယ်။ နှာခေါင်းစည်းတပ်ခြင်းက ရောဂါပိုးတွေ မိမိကနေ သူများကို မကူးစက်နိုင်အောင်၊သူများရဲ့ ရောဂါပိုး တွေလည်း ကိုယ့်ဆီကို မကူးစက်နိုင်အောင် ဖြစ်ပါ တယ်။ လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ သေချာဆေး ကြောမယ်၊ ဒါကလည်း ဗိုင်းရပ်စ်ကိုနိုင်တဲ့ နိုင်ကွက် ဖြစ်ပါတယ်။ နောက်ပြီး လူအုပ်စု ရှောင်မယ်။ လူ အများနဲ့ ထိတွေ့တဲ့ကိစ္စတွေရှောင်မယ်။ တစ်ယောက် နဲ့ တစ်ယောက် ဝေးဝေးနေမယ်။ ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးမယ်။ လေကောင်း လေသန့်ရတဲ့ နေရာမှာ နေမယ်။ လေကောင်းလေသန့်ရတဲ့နေရာမှာ
နေရင် ဗိုင်းရပ်စ်က ကူးစက်ဖို့အခွင့်အလမ်း အလွန် ကိုနည်းပါတယ်။ ထိုးနှံဖို့ကို ယခုမြန်မာနိုင်ငံမှာ ကာကွယ်ဆေးတွေထိုးနှံဖို့ကို စာမျက်နှာ ၁၈ သို့b
အထူးအလေးထားကြပ်မတ်ပြီး ဆောင်ရွက် နေပါတယ်။ WHO အနေနဲ့ စက်တင်ဘာလကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံနိုင်ဖို့၊ ၂၀၂၁ ခုနှစ်အကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ဒါ့အပြင် အောက်တိုဘာ လမှာ ကျင်းပမယ့် G-20 အစည်းအဝေးမှာလည်း COVAX အဖွဲ့အစည်းတွေကို လိုအပ်တဲ့ကာကွယ် ဆေးတွေ ထောက်ပံ့ဖို့၊ ကာကွယ်ဆေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေ မေတ္တာရပ်ခံထားတာရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ နှစ်မကုန်ခင်မှာ ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရှိတဲ့ အသက် ၁၈ နှစ် အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်ကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အထူးအလေးပေးပြီး ဆောင်ရွက်နေတယ်ဆိုတာကို အသိပေးချင်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး တစ်နေ့ကို ပျမ်းမျှ တစ်သိန်းခွဲနှုန်းလောက် ထိုးနှံပေးနေပါတယ်။
ရှေ့တစ်ပတ်အတွင်းမှာ ဝယ်ထားတဲ့ Sinopharm ကာကွယ်ဆေးတစ်သန်းလည်း ထပ်ပြီး ရောက်ဖို့ရှိပါတယ်။ မကြာခင်လည်း နောက်ထပ် Sinopharm တစ်သန်းလည်း ထပ်ပြီး ရောက်ရှိဖို့ ရှိပါတယ်။ ကာကွယ်ဆေး စုစုပေါင်းဆိုရင် ပထမပိုင်းက အိန္ဒိယကကာကွယ်ဆေး ၃ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံက ပထမအကြိမ်လှူဒါန်းတဲ့ ၀ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံအစိုးရက ဒုတိယအကြိမ် လှူဒါန်းထားတဲ့ Sinopharm က ၂ သန်း၊ ဝယ်ယူထားတဲ့ Sinopharm က ၂ သန်း၊ ဝယ်ယူထားတဲ့ Sinovac ၂သန်းဆိုတော့ စုစုပေါင်း ၁၀ သန်း မကြာခင်မှာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး ၂၄ သန်း ဝယ်ယူဖို့ဆောင်ရွက်နေတယ်ဆိုတာကို ဩဂုတ်လ ၁၆ရက် က ပြည်သူတွေကို သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မိမိနိုင်ငံမှာ ကာကွယ်ဆေးတွေကို မူပိုင်ခွင့် ယူပြီး ထုတ်လုပ်နိုင်ဖို့ကိစ္စတွေကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်မတို့ ရည်မှန်းထားတဲ့ အတိုင်း ၂၀၂၁ ခုနှစ်မကုန်ခင်မှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်၊ ဖြစ်နိုင်ရင် ဒီထက်ပိုပြီး ထိုးနှံနိုင် ဖို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ဦးစားပေးအုပ်စုတွေကို ကာကွယ်ဆေးထိုးနှံ ပေးတဲ့အခါ နှစ်ကြိမ်ပြည့်အောင် လာရောက်ထိုးနှံကြပါ။ ဦးစားပေးထဲမှာ မပါတဲ့သူတွေအနေနဲ့ လည်း ဘာမှစိုးရိမ်ကြောင့်ကြမှုမဖြစ်ပါနဲ့၊ ကာကွယ်ဆေးတွေကို ထပ်မံရရှိဖို့ ဆောင်ရွက်နေသလို ဦးစားပေးအုပ်စုတွေကိုလည်း ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍကို ကာကွယ်ဆေး တင်သွင်းခွင့်ပေးထားတဲ့အတွက် အရည်အသွေး ပြည့်မီတဲ့၊ စိတ်ချရတဲ့ကာကွယ်ဆေးကို စိတ်ချရတဲ့နည်းစနစ်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ Vaccine Management Information System နဲ့ ချိတ်ဆက်ပြီး အကောင်းဆုံး ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံကြဖို့ ကျွန်မ အနေနဲ့ တိုက်တွန်းပါတယ်။
ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးစုရပ်မှာ လူတွေ စုပြုံမနေစေဖို့၊ တတ်နိုင်သမျှစနစ်တကျဖြစ်ဖို့ စီမံပေးကြဖို့ကိုလည်း ကျွန်မအနေနဲ့ ပြောကြားလိုပါ တယ်။ ထိုးနှံတဲ့သူတွေအနေနဲ့လည်း Maskကို သေသေချာချာတပ်လာမယ်။ ရေမလိုလက်သန့် ဆေးရည်တွေ ဆောင်လာမယ်။ တစ်ယောက်နဲ့ တစ်ယောက်ခပ်ဝေးဝေးနေမယ်။ ဒီလိုနည်းအားဖြင့် ကာကွယ်ဆေးကို အန္တရာယ်ကင်းစွာ ထိုးနှံနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေ ကိုဗစ် - ၁၉ အန္တရာယ် ကနေ ကင်းဝေးစေဖို့အတွက် အားလုံးအတူတူကြိုးစားကြရင် မအောင်မြင်နိုင်စရာမရှိပါဘူး၊ အတူကြိုးစားကြပါစို့လို့ ကျွန်မအနေနဲ့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။