
ပုသိမ် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး သမ ဝါယမသင်တန်းကျောင်း (ပုသိမ်) ၌ လက်မှတ်ရစာရင်းရေး၊ စာရင်း ကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၀ ရက်က သင်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပရာ သမဝါယမ သင်တန်းကျောင်း (ပုသိမ်)ကျောင်းအုပ်နှင့် တာဝန် ရှိသူများ၊ သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်း အနားတွင် သမဝါယမသင်တန်း ကျောင်း(ပုသိမ်) ကျောင်းအုပ်က အမှာစကားပြောကြားသည်။
သင်တန်းကာလမှာ ဇန်နဝါရီ ၁၀ ရက်မှ ဧပြီ ၂၂ ရက်အထိ ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၄၃ ဦးကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်