
နမ့်စန် ဩဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ခရိုင် အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ် ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် ၂၄၆ ဒသမ ၆ သိန်းကျပ်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့် ကြက်ဥအလုံး ၃၈၀၀ ကျော် ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က လက်ခံရယူ ခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ငွေကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ပေးအပ်ရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက လက်ခံရယူခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၁၀ သိန်းစီကို အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အတွင်းရေးမှူး ဦးနေလင်း၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကွန်ဟိန်း၊ လွိုင်လင်၊ လဲချား၊ ကျေးသီး၊ မိုင်းရှူးနှင့် မိုင်းကိုင်မြို့နယ်တို့မှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ လက်ခံရယူခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (Mask၊ PPE၊ Apron၊ Face shield ၊Hand Gel၊ Hat)ကို ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်စံ က လည်းကောင်း၊ Hand Speaker ၁၅ ခု၊ လက်အိတ် အခု ၁၀၀၀ နှင့် Hand Gel ဘူး ၁၀၀ တို့ကို ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လည်းကောင်း ပေးအပ်ခဲ့ပြီး လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် က လက်ခံရယူ ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)