
နေပြည်တော် ဇန်နဝါရီ ၂၅
ကယားပြည်နယ် လွိုင်ကော်မြို့သို့ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်သည့် အချိန် မှစ၍ လွိုင်ကော်မြို့ရှိ ပြည်သူ့ နေအိမ်များကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော် မြို့မဈေးကြီးအပါအဝင် နေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း သတင်းတု၊ သတင်း မှားများကို အကြမ်းဖက် အားပေးမီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
လွိုင်ကော်မြို့တွင် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံ ရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်း ဖက် သောင်းကျန်းသူများက ပြည်သူများနေထိုင်ရာ အဆောက် အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ဆုတ်ခွာထွက်ပြေး ရာတွင်လည်း နေအိမ်များကို မီးရှို့ ခဲ့ခြင်း၊ လက်လုပ်စိန်ပြောင်း၊ လက် လုပ် ဗုံးသီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းများကြောင့် နေအိမ် အဆောက်အဦများနှင့် လွိုင်ကော် မြို့မဈေးကြီး မီးလောင်းပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သောင်း ကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကိုဖုံးကွယ်ပြီး ပြည်သူ များမှ တပ်မတော်အပေါ် အထင် အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက နေ့စဉ် နှင့်အမျှ လူမှုကွန်ရက်များတွင် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်