လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် နံနက်ပိုင်းက မဟာသင်္ကြန်အကြတ်နေ့ ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဖော်ထုတ်ရရှိ

 

နေပြည်တော်   ဧပြီ    ၁၆
ကယားပြည်နယ်    လွိုင်ကော်မြို့ ရှိ    ပြည်နယ်အစိုးရအဖွဲ့ရုံး   ဗဟို မဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန် အကြတ်နေ့      နံနက်ပိုင်းတွင် ကလေးသူငယ်များ       အပါအဝင် ပြည်သူများ ပျော်ရွှင်စွာ ရေကစား နေစဉ်    အကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက် စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မဟာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး   ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း  သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် သည်။
အဆိုပါ  ဖြစ်စဉ်နှင့်ပတ်သက် ၍       လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို မလို လားသည့် ပြည်သူများ၏ သတင်း ပေးမှုများနှင့်  ဆက်စပ်သတင်း ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ KNPP    အဖွဲ့ရင်း (၂)မှ    ရင်းမှူး အဆင့်ရှိ   အာလူးနှင့်   ရုံးအဖွဲ့မှူး အဆင့်ရှိ ဖူးကီတို့မှ  ဧပြီ ၁၃ ရက်  တွင်  လွိုင်ကော်   PDF အမည်ခံ အကြမ်းဖက်    အဖွဲ့ခေါင်းဆောင် ညီညီ နှင့် Falcon Wings အမည်ခံ အကြမ်းဖက်       အဖွဲ့ခေါင်း ဆောင်  အောင်ကျော်မြတ်  (ခေါ်) အောင်မြတ်  တို့ကို    Drone   နှင့် Drop Bomb   များ    ပေးအပ်၍ ပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ် အား ပစ်ခတ်တိုက်ခိုက်ရန် တာဝန် ပေးစေခိုင်းခဲ့ကြောင်း    စိစစ်ဖော် ထုတ်သိရှိရသည်။ Falcon Wings အကြမ်းဖက်အဖွဲ့သည်     NUG အကြမ်းဖက်အဖွဲ့ လက်အောက်ခံ Federal Wings Drone အဖွဲ့၏ လက်အောက်တွင် အဓိကလှုပ်ရှား လျက်ရှိသော အကြမ်းဖက်အဖွဲ့ ဖြစ်ပြီး   အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက်  NUG မှ တိုက်ရိုက် ထောက်ပံ့စေခိုင်းသည့် အဖွဲ့လည်းဖြစ်ကြောင်း         သိရှိရ သည်။
ထိုသို့ KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံ အကြမ်းဖက်   အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံသားတို့၏    အထွတ်  အမြတ်ထားရာ ရိုးရာမဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ယုတ်မာရိုင်းစိုင်း စွာဖြင့် ဖျက်ဆီးလိုသော ရည်ရွယ် ချက်အပြင် စစ်ရေးနှင့်မသက်ဆိုင် သည့်    လူစည်ကားရာနေရာများ ကို         ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များနှင့်       အပြစ်မဲ့ ပြည်သူအများအပြား        ထိခိုက် ဒဏ်ရာရရှိအောင် Drop Bomb ဖြင့်     ပစ်ချတိုက်ခိုက်ခြင်းတို့ သည်        ဂျီနီဗာကွန်ဗန်းရှင်းနှင့်  အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု  (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းအကြမ်း ဖက်အဖွဲ့များကို  ဥပဒေနှင့်အညီ ထိရောက်စွာ  အပြစ်ပေးအရေးယူ နိုင်ရေး   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်