လွိုင်ကော်မြို့၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

 

လွိုင်ကော်      ဇွန်   ၅


ကယားပြည်နယ်တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှ စတင် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ များ   အေးချမ်းပျော်ရွှင်စွာ    ပညာသင်ယူနေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး     ထိုးနှံပေးနေမှု အခြေအနေများကို    ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ကွပ်ကဲရေးမှူးနှင့်  တာဝန်ရှိ သူများက ဇွန် ၃ ရက်က  သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသက်   ငါးနှစ်မှ   ၁၂  နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ လိုအပ် သော   ကျန်းမာရေးစစ်ဆေးမှုများ   ပြုလုပ်၍ ကျောင်းသား မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး  (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးနေမှုများ၊ လွိုင်ကော်မြို့ အခြေခံပညာ           အထက်တန်းကျောင်းများမှ  ကျောင်းသား ကျောင်းသူများက ၂၀၂၂ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် “တစ်ခုတည်းသောကမ္ဘာမြေ”ခေါင်းစဉ် ဖြင့် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီ စာကုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုနေမှုများ နှင့် စာသင်ခန်းများတွင် ကျောင်းသား  ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းလာရောက် အပ်နှံလျက်ရှိသော      ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ 

 


ကယားပြည်နယ်၌  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် အတွက် မေ ၂၆ ရက်မှ ဇွန်  ၁   ရက်အထိ   အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၂ ရက်မှစတင်ကာ   ပြည်နယ်အတွင်းရှိ   လွိုင်ကော်၊ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊  ဖားဆောင်း၊ မယ်စဲ့မြို့နယ်အသီးသီးတွင်  အခြေခံပညာကျောင်း များကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။ 


ပြည်နယ်(ပြန်/ဆက်)