
လွိုင်ကော် မေ ၅
ကယားပြည်နယ် လွိုင်ကော်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်း အနားကို ယနေ့နံနက်ပိုင်း က ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ကယားပြည်နယ် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက်အမှာစကား ပြော ကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင် များအား ထောက်ပံ့ငွေများ ပေး အပ်ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်က လက်ခံယူပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ဆောင် ရွက်မှုနည်းလမ်းများနှင့် မီးငြှိမ်း သတ်သည့် နည်းစနစ်များကို လက်တွေ့သရုပ်ပြသသည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်း သတ်ခြင်း နည်းစနစ်များ သရုပ် ပြသခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇင်
(လွိုင်ကော်)