နေပြည်တော် ဇူလိုင် ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါနိုးကူး ရပ်ကွက် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ ဆရာမ များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော်ဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ ဆရာမများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ ဆရာမများက လက်ခံရယူ ကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် ကျောင်းသား ကျောင်းသူများ ၏ ပညာသင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်