
လှိုင်းဘွဲ ဩဂုတ် ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၌ မိုးအဆက် မပြတ်ရွာသွန်းပြီး ကြာအင်းချောင်းမှတစ်ဆင့် တောင်ကျချောင်းများ စီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများဖြစ်ပွား ခဲ့ပြီး ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်း နှင့်အဖွဲ့ဝင်များ၊ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ မှ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ ရေဝင်ရောက် သောနေအိမ်များမှ ပြည်သူများအား လှိုင်းဘွဲ မြို့ အောင်ဆန်းခန်းမ၊ ဆိုင်ကလုန်းစင်တာ နေရာများသို့ ယာယီပြောင်းရွေ့ပေးထား ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ရွှေဂွန်း၊ ကော့မြတ်ကြီး၊ ဆင်ကူးကမ်းနား၊ ထန်တော၊ ဒေါ်လန်း၊ ကဇိုင်း၊ အပျိုကုန်းကျေးရွာများ စသည့်ကျေးရွာအချို့တွင်လည်း ရေဝင်ရောက် မှုများ ဖြစ်ပွားလျက်ရှိရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)