လေယာဉ်ခရီးစဉ်ပေါင်း ၂၆၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရသည့်အတွက် အမေရိကန်လေဆိပ်များတွင် ဖရိုဖရဲဖြစ်

 

ဝါရှင်တန်  ဇန်နဝါရီ   ၂


အမေရိကန်ပြည်တောင်စုတွင် ဇန်နဝါရီ ၁ ရက်က လေကြောင်းခရီးသွားလာမှုများတွင် အနှောင့်အယှက် များနှင့်ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။ ကိုဗစ် -၁၉ကူးစက်မှုများကြောင့်  လေကြောင်းခရီးသွားလာမှုတွင် အဟန့်အတားများကြုံတွေ့နေရသည့်ကြားမှ  တိုင်းပြည်၏  အချို့သောနေရာများတွင်  ရာသီဥတုဆိုးရွားသဖြင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။ 

 


အမေရိကန်တွင် လေယာဉ်ခရီးစဉ်ပေါင်း  ၂၆၀၄ ခု ဖျက်သိမ်းခဲ့ရပြီး  တစ်ကမ္ဘာလုံးအနှံ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှု၏ ထက်ဝက်နီးပါးရှိသည်ဟု လေကြောင်းခရီးစဉ် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ထို့ပြင်  ပြည်တွင်းခရီးစဉ်ပေါင်း ၃၄၄၇ ခုမှာလည်း  ဇန်နဝါရီ ၁ ရက်တွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ အမေရိကန်တွင်လည်း  ချီကာဂိုရှိ လေဆိပ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် အခက်ကြုံခဲ့ရသည်။ 

 


ဇန်နဝါရီ  ၁ ရက်  မွန်းလွဲပိုင်းမှစ၍ ညအချိန်အထိ နှင်းမုန်တိုင်းရှိမည်ဟု   ခန့်မှန်းထားသောကြောင့် ဖြစ်သည်။   တစ်ကမ္ဘာလုံးဆိုင်ရာ  လေကြောင်းခရီးသွားလာမှုလုပ်ငန်းမှာ ကိုဗစ် -၁၉ မျိုးကွဲ  အိုမီခရွန် ကူးစက်မှုကြောင့် ရုန်းကန်နေရဆဲဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်ခံရခြင်း  သို့မဟုတ် ရောဂါကူးစက်ခံရသူများ နှင့် ထိတွေ့မိသည့်တွက် အသွားအလာကန့်သတ်ခံထားရခြင်းတို့ကြောင့်  လေယာဉ်မှူးများ၊ လေယာဉ်အမှု ထမ်းများနှင့် အခြားသော ဝန်ထမ်းများမှာ လုပ်ငန်းခွင်သို့မဝင်နိုင်သေးပေ။                        

အေအက်ဖ်ပီ