လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

 

နေပြည်တော်   စက်တင်ဘာ  ၁၄


ယနေ့မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့်      ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ  ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေ - အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်း သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရသည်။                       

မိုး/ဇလ