
နေပြည်တော် နိုဝင်ဘာ ၃၀
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီးနောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ဒီဇင်ဘာ ၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။
မိုး/ဇလ