
နေပြည်တော် နိုဝင်ဘာ ၂၈
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမို အာကောင်းလာနိုင်ပြီး ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ ရောက် ရှိနိုင်ကာ အနောက်- အနောက် မြောက်ဘက် သို့ ရွေ့လျား နိုင်ပြီး ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း၌ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင် သည်။ ထိုမှတစ်ဆင့် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ၂-၁၂-၂၀၂၃ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
မိုး/ဇလ