လေကြောင်းလိုင်းများ၏ ဖွဲ့စည်းမှုနှင့် စီးပွားရေးဆိုင်ရာ Business Plan များ ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၁


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံး ချုပ်) ဆူးလေဆိပ်ကမ်း အလုံမြို့ နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန နှင့်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ရှေးဦးစွာ   ပြည်ထောင်စု ဝန်ကြီးသည် လမ်းမတော်မြို့နယ် ရှိ  မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)     အစည်းအဝေးခန်းမ၌ ဆိပ်ကမ်းဝန်ဆောင်မှု ဆောင်ရွက် နေကြသော      ဆိပ်ကမ်းများမှ တာဝန်ရှိသူများနှင့်    တွေ့ဆုံ၍ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ် မှုနှင့်      ကုန်စည်စီးဆင်းမှုများ     မှန်ကန်မြန်ဆန်စေရေး   ကိစ္စရပ် များကို တွေ့ဆုံဆွေးနွေးသည်။

 


တွေ့ဆုံစဉ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်  ဦးဆောင်ညွှန်ကြား ရေးမှူးက ဌာန၏လုပ်ငန်းတာဝန် များ၊   လုပ်ငန်းစွမ်းဆောင်နိုင်မှု၊ ရန်ကုန်မြစ်   ရေလမ်းကြောင်း အသစ်ကိုအသုံးပြု၍ တန်ချိန်ပိုမို များပြားသည့် ကုန်တင်သင်္ဘော ကြီးများကို လက်ခံ၊ ဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေ၊ ရန်ကုန် ဆိပ်ကမ်းနှင့်  ဆိပ်ကမ်းတံတား အလိုက် ကုန်ကိုင်တွယ်နိုင်မှုအခြေ  အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ရေကြောင်းမှ ကုန်သွယ်မှု ပမာဏကို   နိုင်နင်းစွာကိုင်တွယ် ဝန်ဆောင်မှု   ပေးနိုင်ရန်အတွက်  ဆိပ်ကမ်းတံတားများကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင်      တည် ဆောက်    အဆင့်မြှင့်တင်ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိယာများ ဖြည့်တင်းခြင်း၊ တိုးတက်ပြောင်း  လဲလာနေသည့်    နည်းပညာများ ကို    ဆိပ်ကမ်းလုပ်ငန်းများတွင်   ထိရောက်အကျိုးရှိစွာ  အသုံးချ ခြင်း၊ ကျွမ်းကျင်လူ့စွမ်းအားအရင်း အမြစ်များကို စုဆောင်းလေ့ကျင့် ပျိုးထောင်ပေးခြင်းတို့ ဆောင်ရွက် ရန် လိုအပ်ကြောင်း။

 


ရေလမ်းကြောင်းအသစ် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သဖြင့် နိုင်ငံတော် နှင့် ဌာနအတွက်သာမက သင်္ဘော လိုင်းများနှင့်   ဆိပ်ကမ်းတံတား  ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပါ အကျိုးရလဒ်များ ပေါ်ထွန်းလာ ပြီဖြစ်သောကြောင့် ဌာန၏ ကြိုးပမ်း အားထုတ်စွမ်းဆောင်ခဲ့မှုကို အသိ  အမှတ်ပြုပါကြောင်း၊  ရေလမ်း ကြောင်းသစ် ပြန်လည်တိမ်ကော သွားနိုင်မှုကို      မျက်ခြည်မပြတ် စောင့်ကြည့်ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း မှာကြားသည်။

 


ဆက်လက်၍   ဆိပ်ကမ်း ဝန်ဆောင်မှု    ဆောင်ရွက်နေကြ သော  ဆိပ်ကမ်းများမှ  တာဝန်ရှိ  သူများက လုပ်ငန်းဆိုင်ရာအခက် အခဲများ တင်ပြခဲ့မှုအပေါ် ဌာနနှင့် လုပ်ငန်းရှင်များ  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေး    ညွှန်ကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်   မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊   ဆူးလေ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော  ပင်လယ်ကူးသင်္ဘောကြီး သုံးစင်း ပေါ်သို့     ဘယ်လ်ဂျီယံနိုင်ငံနှင့်  အာဖရိကနိုင်ငံများသို့ တင်ပို့သွား မည့်  ဆန်တန်ချိန်   ရှစ်သောင်း ကျော် တင်ဆောင်နေမှုကို ကြည့်ရှု စစ်ဆေး၍     လိုအပ်သည်များ မှာကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်  အလုံမြို့ နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာ  ပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန ရုံးသို့ရောက်ရှိပြီး မကြာမီဆိုက်ကပ် လာမည့် သင်္ဘောဆိုင်ရာ  အချက် အလက်များကို   အီလက်ထရွန် နစ်နည်းစနစ်အသုံးပြု၍ လျင်မြန် စွာ ဆောင်ရွက်နေမှု၊ အကောက် ခွန်ဦးစီးဌာနသို့ ချိတ်ဆက်ဆောင် ရွက်မှု၊  ကုန်ပစ္စည်းပိုင်ရှင်များသို့ ကုန်ပစ္စည်း     ထုတ်ပေးမှုအမိန့် (Delivery Order) ထုတ်ပေးသည့် လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးပြီး    အီလက်ထရွန်နစ် စနစ်ကို ရေရှည်အသုံးပြုနိုင်ရန် အတွက်  စနစ်တကျ   ထိန်းသိမ်း ကိုင်တွယ်ရေး   ဆောင်ရွက်ရန် မှာကြားသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည်   ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ် Domestic Terminal သို့ရောက်ရှိ ပြီး လေဆိပ်အစည်းအဝေးခန်းမ တွင် မြန်မာနိုင်ငံလေကြောင်းလိုင်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်   ခေတ္တညွှန်ကြား ရေးမှူးချုပ်က     နိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင် များ ၏    စတင်တည်ထောင်ခဲ့မှုနှင့် လေယာဉ်ပိုင်ဆိုင်မှု၊ လေကြောင်း ဆိုင်ရာဥပဒေနှင့်    နည်းဥပဒေ ဆိုင်ရာကိစ္စရပ်များ၊  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာလအတွင်း ကျန်းမာရေး        ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကယ် ဆယ်ရေးနှင့်  ကုန်စည် (Relief and Cargo) ခရီးစဉ်ပျံသန်းမှုများ၊ ပြည်တွင်း ခရီးစဉ်ပြေးဆွဲပျံသန်းမှု ကို ရှင်းလင်းတင်ပြပြီး လေကြောင်း လိုင်းများအလိုက် တာဝန်ရှိသူ များက လေယာဉ်ပြေးဆွဲပျံသန်း မှုနှင့်အခက်အခဲများကြုံတွေ့နေရ မှု၊    ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လေ ယာဉ် အမှုထမ်းများ၊ ခရီးသည်များ ၏   ကိုဗစ်-၁၉   ကူးစက်ရောဂါ  ကာကွယ်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်မှုကို ရှင်းလင်း တင်ပြကြသည်။ (ဝဲပုံ)

 


ရှင်းလင်း   တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ယခုအခါ လေကြောင်းလိုင်းများ  တိုးချဲ့ပေါ်ပေါက်လာနေပြီဖြစ်၍ ယခင်လေကြောင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုလည်း ခေတ် စနစ်နှင့်လျော်ညီစွာ ပြန်လည်သုံး သပ်ဖြည့်စွက်ထုတ်ပြန်နိုင်ရန် လိုအပ်ကြောင်း၊    ကိုဗစ်-၁၉ ကူးစက်ရောဂါ    ဖြစ်ပွားသည့် ကာလတွင် လေကြောင်းလိုင်းများ အားလုံးသည် ကမ္ဘာ့လေကြောင်း လိုင်းများအားလုံးနည်းတူ အခက် အခဲများစွာကို ရင်ဆိုင်နေရသည် ဖြစ်ရာ    ထိုအခက်အခဲများကို ကြံ့ကြံ့ခံလျက် ကျော်လွှားနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြ သည့်    လေကြောင်းလိုင်းများ အားလုံးကို    အသိအမှတ်ပြုပါ ကြောင်း။

 


လေဆိပ်များ    အားလုံးတွင် ဘေးအန္တရာယ်  ကင်းရှင်းရေးနှင့် ခရီးသွား      ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ ကိစ္စ ရပ်များ ဖြည့်ဆည်းဆောင်ရွက် ရာတွင်        သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း၊   စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ပေးကြရ မည်ဖြစ်ပြီး လေယာဉ်ကွင်းအလိုက်  သတ်မှတ်ထားသော   အဆင့် အတန်းနှင့် လျော်ညီစွာသတ်မှတ် ထားသည့်   “စံ”   များအတိုင်း ဦးစားပေး   အစီအစဉ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ တွင်လည်း အလွန်အရေးကြီးပါ သဖြင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို   တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထားကြပ်မတ် စစ်ဆေးဆောင်ရွက်ရန်    လိုအပ် ပါကြောင်း၊   လေဆိပ်များတွင် CCTV စနစ်များထားရှိရာ ကောင်း မွန်နေရန်လည်း        လိုအပ်ပါ ကြောင်း၊ လေဆိပ် ဝင်/ထွက်ခွင့် ကိစ္စများတွင်လည်း လစ်ဟာမှုမရှိ အောင် သတ်မှတ်ထားသော စနစ် များ၊     လုပ်ထုံးလုပ်နည်းများကို အမြဲသုံးသပ်   ဆောင်ရွက်ကြရန်  လိုအပ်ကြောင်း၊   လေကြောင်း လိုင်းများအနေဖြင့်   ကိုဗစ်-၁၉ ကာလ အခက်အခဲများကို ကြံ့ကြံ့ ခံ      ရင်ဆိုင်ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊   လေကြောင်း လိုင်းများ၏ ဖွဲ့စည်းမှုနှင့် စီးပွား ရေးဆိုင်ရာ Business Plan များ ကို ပြန်လည်သုံးသပ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း မှာကြား သည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည်  လေဆိပ် အတွင်း        မြန်မာအမျိုးသား လေကြောင်း၏ လေယာဉ်ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံသို့  သွား ရောက်ကာ လေယာဉ်များ ပုံမှန် မွမ်းမံ၊ ပြင်ဆင်မှုဆောင်ရွက်ပေး နေမှုကို        ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ    တာဝန်ရှိသူများ အနေဖြင့် သတ်မှတ်စံချိန်စံညွှန်း အပြည့်အဝဖြင့်     စစ်ဆေးရေး၊ မွမ်းမံ၊   ပြင်ဆင်ရေးတို့အတွက် ဆောင်ရွက်သွားရမည့် အစီအမံ များ၊ လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်    ပြေးဆွဲပျံသန်း နိုင်ရေးတို့ကို စနစ်တကျ  စီစဉ် ဆောင်ရွက်သွားရန်   မှာကြားခဲ့ ကြောင်း သိရသည်။  

 

သတင်းစဉ်