လောင်းလုံးမြို့နယ် ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားဟု တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit Media မှ ကောလာဟလသတင်း ရေးသားဖြန့်ဝေ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်  ညင်းမော်ရွာကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ  ပြည်သူပိုင်ပစ္စည်းများကို   ဓားပြတိုက် ခိုးယူသွားသည်ဟု     မဟုတ်မမှန်သတင်းများကို ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က    လူမှုကွန်ရက်စာမျက်နှာတွင်    မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍    သက်ဆိုင်ရာ နယ်မြေရှိ    လုံခြုံရေးတပ်ဖွဲ့  တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်က တပ်မတော် မှ   လောင်းလုံးမြို့နယ်   ညင်းမော်ကျေးရွာနှင့်အနီး တစ်ဝိုက်တွင်       နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှုမရှိကြောင်း၊     သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍   တရားမဝင်ပြည်ဖျက်မီဒီယာများ အနေဖြင့်   တပ်မတော်နှင့်   ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေရန်အတွက်    မဟုတ်မမှန် သတင်းများကို အချိန်ကိုက် ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်