လစ်ဗျားတွင်ရရှိထားသော တိုးတက်မှုဖြစ်စဉ်များကို ဆက်လက်တည်ဆောက်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်း

ဂျီနီဗာ   ဇွန်   ၂၄ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လစ်ဗျားတွင် ရရှိထားသော တိုးတက်မှုဖြစ်စဉ် များကို ဆက်လက်တည်ဆောက်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ 
လစ်ဗျားအရေး  ဘာလင်-၂ အစည်းအဝေးသို့ ပြောသော   ဗီဒီယိုမိန့်ခွန်းတွင်     အောက်တိုဘာ ၂ဝ၂ဝ   အပစ်ရပ်စဲရေး   သဘောတူညီချက်ကို    အပြည့်အဝ  အကောင်အထည်ဖော်ရန်နှင့်     ၂ဝ၂၁ ခုနှစ်  ဒီဇင်ဘာ ၂၄   ရက်တွင်       ရွေးကောက်ပွဲကျင်းပနိုင် ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့်   လူ့အခွင့်အရေးကို    လေးစားရေးသည်    အရေးကြီး ကြောင်း    ဦးစားပေးပြောကြားခဲ့သည်။ 


အပစ်ရပ်စဲရေးသဘောတူညီချက်ကို  အပြည့် အဝ အကောင်အထည်ဖော်ရေးသည်     လစ်ဗျားတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိရန်     အလွန်အရေးပါသော ဖြစ်စဉ်ဖြစ်ကြောင်းနှင့်    ကုလသမဂ္ဂအပစ်ရပ်စဲရေးစောင့်ကြည့်သူများကိုလည်း  မကြာမီ ထရီပိုလီသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း  ၎င်းက  ဆက်လက် ပြောကြားသည်။ 
ထို့အပြင်   နိုင်ငံခြားမှ  ဝင်ရောက်နှောင့်ယှက်မှု များကို အဆုံးသတ်ရန်လည်း တိုက်တွန်းပြောကြား လိုက်သည်။ 


အမျိုးသမီးများ၊ လူငယ်များ၊ ရွှေ့ပြောင်းနေထိုင် သူများအပါအဝင်  လစ်ဗျားနိုင်ငံသူ  နိုင်ငံသားများ အနေဖြင့်     ဒီဇင်ဘာ   ၂၄   ရက်နေ့    ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအဖြစ်  လွတ်လပ်စွာ ပါဝင်ကြရန်လည်း  ဂူတာရက်စ်က  တိုက်တွန်း ပြောကြားလိုက်သည်။ 
အကြမ်းဖက်လုပ်ရပ်များ၊    အမုန်းစကားပြော ကြားမှုများကိုလည်း   ရွေးကောက်ပွဲ   လုပ်ငန်းစဉ် အတွင်း    လုံးဝမလုပ်ကြရန်   ၎င်းက ဆက်လက် တိုက်တွန်းပြောကြားထားသည်။                            

ဆင်ဟွာ