လဲလျှင်ပြန်ထူ ပြန်ထ ဒါမှ ရပ်တည်နိုင်မှာ စသည့်အတွေးများနှင့်အတူ လွတ်လပ်ရေးအထူးနှင့် နှစ်ဦးမှာ …

Type

 

မိုးကေနိုင် 
 

၂၀၂၃-၂၀၂၄ နှစ်ဦးကာလနှင့်အတူ (၇၆) နှစ်ထဲ    စွန်းခဲ့ပြီဖြစ်တဲ့    လွတ်လပ်ရေး အခါသမယမှာ    ကျွန်တော်တို့  တစ်ဦး တစ်ယောက်ချင်းအနေနဲ့ရော၊    အဖွဲ့ အစည်းအလိုက် နိုင်ငံတစ်နိုင်ငံအနေနဲ့ ရော စိတ်ရောကိုယ်ပါ လွတ်လပ်ကြပါရဲ့ လား။ နှစ် ဟောင်းနဲ့ နှစ်ဦးအကူးအပြောင်း မှာ အလှုပ်အယမ်းက အရမ်းကြမ်းလွန်း နေဆဲ၊ စီးပွားရေး၊  နိုင်ငံရေး၊  လူမှုရေး ဘက်စုံမှာ     အထွေထွေအားနည်းဆဲ အခြေအနေအရပ်ရပ်ကို    မှန်အောင် ကြည့်တတ်ရပါမယ်။
အထူးသဖြင့်   ငြိမ်းချမ်းရေးကဏ္ဍ။ အေးချမ်းသာယာမှုမှမရှိရင်    ဘယ်လို လုပ်ပြီး     လုပ်ကိုင်စားသောက်ရတာ အဆင်ပြေပါ့မလဲ၊     ငြိမ်းချမ်းမှုမှမရှိရင် လွတ်လပ်ခြင်းအရသာရော ပြည့်ပြည့်ဝဝ ရနိုင်ပါ့မလား၊  ၂၀၂၄  မှာ  ကျွန်တော်တို့ ဘာကို မျှော်လင့်ကြမလဲ၊ မျှော်လင့်ချက် ပြည့်ဖို့အတွက် ရည်မှန်းချက်ရှိရမှာပေါ့။ vision   ဆိုတဲ့   မျှော်မှန်းချက်ကောင်း မှ   mission    ဆိုတဲ့     ရည်မှန်းချက် က   ကောင်းကောင်းလိုက်မှာဆိုတော့ ကျွန်တော်တို့ရဲ့    အနာဂတ်အမြင်တွေ ရှင်းလင်းကြည်လင်နေဖို့     လိုပါမယ်။ ကျွန်တော်တို့      ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ   ပြတ်သားနေမှသာ ရည်မှန်းချက်ကို ကောင်းကောင်းချမှတ် နိုင်မှာဖြစ်ပါတယ်။
အတွေ့အကြုံမှာ သင်ခန်းစာယူကာ
မိမိချမှတ်မယ့် ရည်မှန်းချက် ဘာကို၊ ဘယ်အချိန်မှာ၊ ဘယ်လိုပြီးမလဲ တိကျ ပြတ်သားပါမှလည်း      ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေဟာ  အကောင်းဆုံးနဲ့ အသုံးတည့်နေမှာဖြစ်ပါတယ်။ လူသား၊ ငွေကြေး၊  ပညာ၊  နည်းပညာ၊  အချိန်၊ စွမ်းရည်ပိုင်းတွေမှာ   ရှိနေတဲ့အားသာ ချက်၊ အားနည်းချက်မှန်သမျှကို မှန်မှန် ကန်ကန် အသုံးချနိုင်မှသာ ရည်မှန်းချက် က ပြီးမြောက်မှာဖြစ်ပါတယ်... ။ 
ကျွန်တော်တို့    တစ်ဦးချင်းအနေနဲ့ တော့     လက်ရှိအနေအထားများအရ အနာဂတ်အလားအလာနဲ့ ဖြစ်နိုင်ဖွယ်ရာ တွေအပေါ်မှာ  စိန်ခေါ်မှုတွေအများကြီး ကို   တွေ့နေရဦးမှာပါပဲ။    လက်ရှိမှာတော့ တစ်နှစ်တာလုံး     မငြိမ်းချမ်းခဲ့ပါဘူး။ ရလဒ်က အကောင်းကြီးမဟုတ်ခဲ့ပါဘူး။ ဘယ်လောက်ပြုပြင်ပြုပြင်၊ ဘယ်လောက် တည်ဆောက်တည်ဆောက်   ကြီးမား တဲ့      အဖျက်စွမ်းအားတွေကြားမှာ ထင်သလောက်ခရီးမပေါက်ခဲ့ဘူးဆိုရင် ဘယ်သူမှငြင်းမယ်မထင်ပါဘူး။  မငြိမ်း ချမ်းတော့    ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်သလောက်   အရာမထင်ခဲ့ပါဘူး။ တက်ကြွမှုဟာ အတွင်းအပြင် အမှောင့် ပယောဂမျိုးစုံအောက်မှာ    ဘယ်လိုမှ မလန်းဆန်းနိုင်ခဲ့တဲ့အခါ ကိုယ်ကိုယ်တိုင် လည်း     လုပ်ငန်းခွင်မှာ    performance ကောင်းကို    မပြနိုင်ခဲ့ဘဲ   ရခဲ့တဲ့အတွေ့ အကြုံနဲ့    ရနေတဲ့သင်ခန်းစာများကို သာ      နောင်နှစ်အတွက်     ဆက်လက် သယ်ဆောင်သွားရမဲ့    အနေအထားမှာ ရောက်ရှိနေပါတယ်။  
အနာဂတ်အတွက်   အပူအပင်တွေ အောက်မှာ စိတ်တွေမငြိမ်းချမ်းနေပါဘူး၊၊ စိတ်မငြိမ်းချမ်းဘူးဆိုရာမှာ မိမိရဲ့အတွင်း အဇ္ဈတ္တငြိမ်းချမ်းဖို့က   အဓိကလို့ဆိုတဲ့ အတွက် အတွင်းရန်၊ အပြင်ရန် ကိလေသာ ပေါင်းစုံရဲ့   ဖိစီးနှိပ်စက်မှုကို   ဓမ္မတရား အကူအညီနဲ့သာ  မိမိကိုယ်မိမိငြိမ်းချမ်း အောင်  လုပ်ယူရမှာဖြစ်သလို  လက်တွေ့ နယ်ပယ်မှာလည်း    ပြတ်သားရမယ့် ကိစ္စဆို   ကိုယ်တိုင်ပြတ်ပြတ်သားသား ဆောင်ရွက်သွားရမှာပဲ   ဖြစ်ပါတယ်။ စိတ်ငြိမ်းချမ်းရင်   တက်ကြွပါဝင်မှုက အလိုလိုလိုက်ပါလာမှာပါ။ ကျွန်တော်တို့ ဘဝတွေ ပြန်လည်တည်ငြိမ်အေးချမ်းဖို့အာမခံချက်နဲ့  ပုံမှန်ပြန်ဖြစ်ဖို့   လိုအပ် နေတဲ့  အချက်တွေအပေါ်     မူတည်ပြီး အနာဂတ်နှစ်သစ်မှာ လူတွေရဲ့စိတ်အား ထက်သန်မှုကို    စောင့်ကြည့်လေ့လာ အသုံးချနိုင်မယ့်   ပေတံများအသုံးပြုပြီး ပြုပြင်နိုင်မယ့် အခွင့်အရေးကောင်းများ စွာ ပေါ်ထွန်းလာချေရဲ့ဟု မျှော်လင့်နေမိ ပါတယ်။
လက်ငင်းနဲ့ ရေရှည်အကျိုးစီးပွား
အတွက် အမြင်
ငြိမ်းချမ်းရေးနဲ့အတူ   နောက်ထပ် အရေးကြီးချက်တစ်ခုက  စီးပွားရေးပါ။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်နေ ပါတယ်။      မငြိမ်းချမ်းတဲ့ကြားထဲက ငြိမ်းချမ်းတဲ့နေရာတွေမှာ    အဆင်ပြေ အောင်   လုပ်ကြည့်မယ်လို့   စိတ်ကူးမိ တယ်။ ပြောင်းသင့်တာတွေ   ပြောင်းရ မယ်၊   ပြင်သင့်တာတွေ   ပြင်သင့်တယ်၊ ဒါပေမဲ့စိတ်ရှည် အချိန်ပေးသင့်တယ်လို့ တော့  ယူဆတယ်၊ အနာဂတ်ရှိနေရင် သူ့အလိုလို  တက်ကြွလာပါလိမ့်မယ်။ မျှော်လင့်ချက်ပေးနိုင်ရင်   ဦးဆောင်တဲ့ နောက်   အလိုလိုလိုက်ပါလာကြပါလိမ့် မယ်။ အနာဂတ်စီးပွားရေးမှာ  စိုက်ပျိုး ရေး၊ မွေးမြူရေးအခြေခံတဲ့  တန်ဖိုးမြင့် ထုတ်ကုန် value added များဖြစ်အောင် ဆန်းသစ်တီထွင်ထုတ်လုပ်ရမယ့်အလုပ် တွေ  ရှိပါတယ်။  သယ်ယူပို့ဆောင်ရေး၊ ထုပ်ပိုးမှု၊ ဈေးကွက်ဖြန့်ချိမှု စသည်ဖြင့် လိုအပ်ချက်က       များနေသေးတော့ ပြည်တွင်းပြည်ပ  ကျွမ်းကျင်ပညာရှင် ပေါင်းစုံနဲ့    တိုင်ပင်ဆွေးနွေးခြင်းဟာ စဉ်ဆက်မပြတ် လုပ်ကိုလုပ်ရမယ့်အရာပါ။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့  IT  ကဏ္ဍ နည်းပညာနဲ့    အဓိကကျောရိုးဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ     အားလုံးပါပဲ။ ဈေးကွက်ရှာဖွေမှုနဲ့    ယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်ရပါမယ်။ စီးပွားရေးမှာလည်း ပြည်တွင်း၊ ပြည်ပအားကိုးရမယ့် မိတ်ဆွေ တွေကိုရှာဖွေရပါမယ်၊ နိုင်ငံရေးမှာလိုပဲ အမြဲတမ်းမိတ်ဆွေ၊    အမြဲတမ်းရန်သူ ဟူ၍မရှိပါ   ခံယူပြီး    ရသမျှအချိန်မှာ ရှိသမျှ အရင်းအမြစ်ကို ပုံအောရပါမယ်။ နိုင်ငံအတွက် သစ္စာရှိပြီး အမျိုးသားအကျိုး စီးပွား ကာကွယ်စောင့်ရှောက်ပေးနိုင်စွမ်း ရှိမယ့် စီးပွားရေးမှာ စွန့်စားမယ့်လုပ်ငန်း ရှင်တွေ၊  စွမ်းဆောင်ရှင်တွေကို  နေရာ ပေးပြီး ရင်းနှီးမြှုပ်နှံစေသင့်ပါတယ်။ 
သူတို့ဟာ  အကျပ်အတည်းကြားမှာ အကောင်းဆုံးလုပ်ဆောင်နိုင်သူတွေ ဖြစ် သင့်ပါတယ်။ လိုအပ်ချက်အရ လက်ငင်း အကျိုးစီးပွားကြည့်ပြီး ဦးစားပေးရမယ့် အခြေအနေတွေကြောင့်လည်း    ဖြစ်ပါ တယ်။ စာရေးသူစိတ်ထဲမှာ နိုင်ငံရဲ့ အချို့ သယံဇာတတွေမှာ   ထုတ်သင့်တဲ့အရာ ထုတ်ယူသုံးစွဲသင့်တယ်။  လက်ရှိမိမိတို့ ပိုင်ဆိုင်ထားတဲ့   သယံဇာတကုန်ကြမ်း (hard resources) ကို  အနာဂတ်မျိုးဆက် တွေအတွက် အလွန်အရေးကြီးတဲ့ ပညာ အမွေ soft resources အဖြစ် ပြောင်းလဲ နိုင်ရင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု (sustain-able development) က   ပိုအဓိပ္ပာယ် ရှိမလား စဉ်းစားမိပါတယ်။ 
ဒီအတွက် စနစ်တကျစီမံခန့်ခွဲမှုပိုင်း ကတော့ ဘယ်အရာမှာမဆို အမြဲလိုအပ် တဲ့ အရာပဲဖြစ်မှာပါ။ ဒါကြောင့် အသိရော၊ ပညာပါဖွံ့ဖြိုးတဲ့ အနာဂတ်လူ့စွမ်းအား များ  ပေါ်ထွက်လာဖို့အတွက်   လက်ရှိ သင့်တော်တဲ့ သယံဇာတအရင်းအမြစ်ကို effectiveness and efficiency အကျိုးရှိ ထိရောက်အောင်     ထုတ်ယူသုံးစွဲပြီး လက်ရှိ     စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အားနည်းနေတဲ့ အခြေခံအဆောက်အဦ ပိုင်းတွေကို အမြန်ဖြည့်ဆည်းနိုင်ခြင်းက သင့်တော်တဲ့အရာတစ်ခုလို့    မြင်မိပါ တယ်။ အကျိုးရှိထိရောက်မှုဆိုတဲ့ ရလဒ် ထွက်ဖို့အတွက်လည်း   ပကတိအခြေ အနေမှန်ကို   သိရှိထားမှ    ဖြစ်ပါမယ်။ ဒီအတွက်တော့ နိုင်ငံမှာ Research and Development R&D   လုပ်ငန်းတွေ အဆက်မပြတ်လုပ်သွားပြီး     သာမန် စာတမ်းတွေတင်မက     ပါရဂူအဆင့် ကျမ်းကြီးတွေပါ များပြားတိုးတက်လာ အောင် promote ဆက်လုပ်ရမယ်လို့ ယူဆမိပါတယ်။
အကာထက်အနှစ် အလုပ်နှင့်အတူ
ရလဒ်ကောင်းထွက်ဖို့က
အားလုံးသည်  အလုပ်ကိုအလုပ်နှင့် တူအောင်   ကြိုးစားအလုပ်လုပ်သင့်ပါ တယ်။   ပြည်တွင်းပဲနေနေ၊     ပြည်ပပဲ ထွက်ထွက်ပေါ့၊ အထူးသဖြင့်  လူငယ်တွေ အတွက်ပါ။  မိသားစုတစ်စုမှာ  လုပ်တဲ့ သူနည်းပြီး ထိုင်စားများနေရင် အဆင် မပြေသလို အပြောကြီးပြီး ဘေးထိုင်နေတဲ့ လူတွေနဲ့လည်း ခရီးမရောက် outcome မထွက်နိုင်ပါဘူး။ အနာဂတ်အကျိုးစီးပွား အတွက်  ရည်ရွယ်ပြီး  လုပ်ရမယ့်အလုပ် တွေက များစွာရှိနေပါတယ်။   လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ကိုယ်တိုင်ပြုပြင် သင့်တာတွေ၊   ဆင်ခြင်ရမယ့်  အရာတွေ လည်း   များစွာရှိနေပါတယ်။   ဥပမာ- ရှားပါးတဲ့ခေတ်ကြီးမှာ    မလိုအပ်ဘဲ အပိုတွေမသုံးမိအောင် ဆင်ခြင်ကြည့်ဖို့ ပါ။   အသုံးနဲ့အဖြုန်းကို   ခွဲခြားသိပြီး အကာထက် အနှစ်ကို ပိုပြီးအလေးထား ကြည့်ရအောင်လား၊ တစ်ခါတစ်ရံ အပေါ် ယံ သာဘဝထင် အိတ်ပေါက်နဲ့ဖားကောက် သလို   မလိုအပ်တဲ့နေရာမှာ   ငွေကြေး အမြောက်အမြား သုံးစွဲမိတာမျိုးရှောင်သင့်တယ်လို့မြင်ပါတယ်။
ချမ်းသာနေတဲ့အချိန်၊  တည်ငြိမ်နေ တဲ့   အချိန်ဆိုရင်တော့   တစ်မျိုးပေါ့။ အရေးကြီးဆုံးကဘာလဲ။ အရေးကြီးတာ ကို အာရုံစိုက် focus ထား  မဖြစ်မနေ သုံးစွဲရမှာဖြစ်ပြီး ယခုလိုအကျပ်အတည်း မှာ  မိသားစုဝင်အားလုံးအနေနဲ့လည်း မဖြစ်မနေကြုံနေရတဲ့ ဒုက္ခတွေကို အတူ မျှဝေခံစားပြီး အေးအတူပူအမျှဖြစ်ကြရ ပါမယ်။ capacity လည်းမတူ၊ ပိုင်ဆိုင်တဲ့ ဓနအင်အားလည်း  မတူကြတဲ့အတွက် ကြပ်ကြပ်မတ်မတ်နဲ့ ကြိုးစားသလောက် သက်ရောက်မှုအနည်းဆုံးနဲ့ ထိုက်သင့်တဲ့ ရလဒ်မျိုးတွေ ထွက်လာစေချင်ပါတယ်၊၊
ပညာသိဆိုတဲ့အရာကသာ
ဆုတ်ယုတ်မှုနဲ့  တိုးတက်မှုအကြား ကွာဟသွားတာက     ပညာအရာပါ။ ထိုနှစ်ခုကြားက   အမှားအမှန်ဆင်ခြင်အား က ခပ်ပါးပါးလေးပဲရှိနေရင် တိုးတက်မှု ထက် ဆုတ်ယုတ်မှုက ပိုအားကောင်းသွား တတ်ပြီး  ထိုသို့     မဖြစ်ရလေအောင် စာသင်ခန်းကရတဲ့ အတတ်ပညာအပြင် အမှားအမှန်၊ အကြောင်းအကျိုး ဆင်ခြင် သိတဲ့ပညာအသိမျိုးကိုပါ အလေးအနက် ထား လက်ဆင့်ကမ်းသင့်တယ်လို့ ယူဆ မိပါတယ်။ ဘာသာတရား အဆုံးအမနဲ့ အတူ ဘဝနေနည်းနဲ့ပေါင်းသင်းဆက်ဆံ ရေး၊ ကျန်းမာရေးအသိပါ တိုးတဲ့ပညာများ ကို  အစဉ်မျှဝေနေခြင်းဟာ   မြန်မာတို့ ရဲ့   ယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်ပြီး ကုသိုလ်လည်းရပါတယ်။ 
သို့ပေမဲ့    ဒီဘက်ခေတ်မှာ    ပညာ လက်ဆင့်ကမ်းခြင်းမျိုး  အားနည်းလာ တဲ့အခါ နိုင်ငံချစ်စိတ်၊ ဘာသာချစ်စိတ် က  နည်းသည်ထက်နည်းလာပြီး အများ အတွက်ထက် ကိုယ်ကျိုးအလေးထားတဲ့ အတ္တဗဟိုပြုတွေ     များလာတယ်လို့ ခံစားမိပါတယ်။ ကိုယ်ကျိုးစီးပွား အလေး ထားရမည်  မှန်ပေမဲ့   ဆန္ဒ၊  လောဘ၊  ဒေါသနဲ့ အကြောက်တရား အစွန်းတရား များသွားတဲ့အခါ    အဂတိတရားဘက် အားသန်လာခြင်းဟာ အကြောင်းအကျိုး သဘာဝပါပဲ။ အလိုမပြည့်မှုနဲ့မကျေနပ် မှုကို ရှေးရှုတဲ့ မောဟများသွားပြန်တော့ လူကြီးလူငယ်မရွေး    ဆေးစွဲသူဦးရေ ထူပြောရပြန်တယ်။ 
ယနေ့ခေတ် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊  မငြိမ်းချမ်းခြင်းနဲ့     လူ့အဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ပျက်စီးစေခြင်းများစွာမှာ မူးယစ်ဆေးဝါးနဲ့   အဂတိတရားများကို အဓိကလွှမ်းမိုးနေတဲ့ တရားခံများအဖြစ် မြင်နိုင်ရပါမယ်။ ရေရှည်မှာ ဒီဝဲဩဃထဲ ကနေ  လူငယ်တွေကို  ဆွဲထုတ်နိုင်မယ့် အရာက   ပညာသာလျှင်    ဖြစ်ပါတယ်။ ရေရှည်မှာ နိုင်ငံတည်ငြိမ်အေးချမ်းအောင် အမြစ်ဖြတ်ရမယ့်   အဖျက်တွေထဲမှာ အဂတိနဲ့ မူးယစ်ဆေးဝါးလည်း ပါတယ် ဆိုတာ    သတိပြုရန်ဖြစ်ပြီး    မိမိတို့ လက်ထက်မှာ  အဂတိမျိုးဆက်၊  မူးယစ် မျိုးဆက်၊    အာဃာတမျိုးဆက်တွေ မချန်ရစ်မိလေရအောင်   ပညာအရာကို အပြင်းအထန် မြှင့်တင်နိုင်ဖို့ ကြိုးစားကြ ရမှာဖြစ်ပါတယ်။ 
အလုပ်တိုင်းမှာ စွန့်စားရမှုအန္တရာယ် 
ဆိုတာရှိမြဲ
သို့ဆိုပေမဲ့    ကိုယ့်မှာလုပ်ပိုင်ခွင့်ရှိ တုန်းလေး၊ အသက်ရှင်နေတုန်းလေးမှာ အများအတွက်ဆိုတဲ့စိတ်၊      အနာဂတ် မျိုးဆက်အတွက်ဆိုတဲ့စိတ်ထားနဲ့တော့ လုပ်သွားကြပါ။   ယနေ့မှ   စလုပ်သည် ဆိုသော်လည်း နောက်မကျပါဘူး။ ဘာပဲ ဖြစ်ဖြစ်  အန္တရာယ်နဲ့   စွန့်စားရမှု    risk ကတော့   နေရာတိုင်းမှာ    ရှိနေမှာပါပဲ။  စီးပွားရေးကို အာရုံစိုက်ရင်းနဲ့ political risk ကိုပါ ထည့်စဉ်းစားရတာမျိုးရှိတတ် ပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေးရင်း နဲ့ အမျိုးဘာသာသာသနာ ပျောက်ကွယ် သွားနိုင်ခြင်းလည်း ရှိတတ်ပါတယ်။ 
တစ်ခုလိုချင်ရင်      တစ်ခုစွန့်ရတဲ့ သဘောတရား trade off နဲ့ ရယူချင်တဲ့ အခွင့်အလမ်းအတွက်  ပေးဆပ်ရမယ့် တန်ဖိုး opportunity cost  ဆိုတဲ့ စီးပွား ရေး သဘောတရားတွေလည်း ကြားဖူး သိဖူးပြီး   ဖြစ်မှာပါ။   လူ့အသက်အရင်း အမြစ်ကို   တန်ဖိုးထားတဲ့အခါ   သက်မဲ့ မြေကို  စွန့်လိုက်ရတာလည်း  ရှိတတ်ပါ တယ်၊    ခဏတာ     စွန့်ထားရတဲ့မြေကို အချိန်မရွေး       ပြန်ယူလို့ရသလိုပေါ့။ အမြန်လိုချင်တဲ့အခါ တချို့သော အရေး အရာတွေရဲ့ စီမံခန့်ခွဲမှုမှာ အားနည်းချက် ရှိနိုင်တာလည်း   ထည့်တွက်ရပါမယ်။ တစ်ဦးနဲ့တစ်ဦး လက်ညှိုးထိုးအပြစ်တင် နေရုံနဲ့မပြီး၊  ဘာမှမမြဲတတ်တဲ့ အခြေ အနေမှာ  ဘာကိုမှ   တရားသေဆုပ်ကိုင် မထားတာ အကောင်းဆုံးပါ။ အရေးကြီး ဆုံးကို    ဦးစားပေးဖြည့်ဆည်းရင်းနဲ့ ကျန်တာတွေလည်း       အချိန်ကိုက် ဖြည့်ဆည်းသွားလို့ ရပါတယ်။ 
ယနေ့အခြေအနေအရ ထားရှိရမယ့် အရေးကြီးဆုံး ခံယူချက်တစ်ခုကို ပြောပါ ဆိုလျှင်တော့  ပယောဂများစွာကြားမှာ အမှားနဲ့အမှန်   အတုနဲ့အစစ်ကို   ခွဲခြား သိမြင်ဖို့ပါပဲ။ ပညာအသိနဲ့အကဲဖြတ်နိုင် ရန်ဖြစ်ပါတယ်။ ပညာအသိက   zero ရောက်နေရင်တောင် တစ်ကပြန်စနိုင်တဲ့ ဦးဆောင်မှုနဲ့ စွမ်းအားကိုပေးပါတယ်။ အားလုံးသာ   တက်ညီလက်ညီဖြစ်မယ် ဆိုလျှင်  ယခုကြုံတွေ့နေရတဲ့   ခါးသီးတဲ့ အဖြစ်အပျက်တွေသည် တစ်ခဏတာပဲ ဖြစ်တဲ့အတွက် မိမိကိုယ်မိမိအတွေ့အကြုံ အခြေခံတဲ့ပညာကို  သင်ခန်းစာအဖြစ် ပြောင်းနိုင်တဲ့    စိတ်ဓာတ်ခွန်အားကို အားပေးမြှင့်တင်ကြရင်း လဲသွားလည်း ခဏ၊    ပြန်ထူပြန်ထပြီး   ရပ်တည်နိုင် အောင်  ဆက်လက်ကြိုးစားကြပါစို့ဟုသာ ဆိုလိုက်ပါရစေ။         ။