လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား ၈၀ လွှတ်ပေး

 

လားရှိုး  နိုဝင်ဘာ  ၁၇
နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ်၊ ၇၀/ ၂၀၂၂ အရ  ရှမ်းပြည်နယ် (မြောက် ပိုင်း ) လားရှိုးမြို့  လားရှိုးအကျဉ်း ထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု သည့် အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီက လားရှိုးအကျဉ်းထောင် ရှိ ဓမ္မာရုံတွင် ပြုလုပ်သည်။
အဆိုပါ အစီအစဉ်သို့ အကျဉ်း ဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး  ဦးကျော်ကျော် ဦး၊ တာဝန်ခံအရာရှိ  လက်ထောက် ညွှန်ကြားရေးမှူး  ဦးသန်းကျော် တင့်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး    ရဲမှူးဝင်းသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး   ညွှန်ကြားရေးမှူး   ဦးကျော် ကျော်ဦးက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသူများအား  ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။
နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီ၏  အမိန့်အမှတ်၊  ၇၀/ ၂၀၂၂ အရ ရှမ်းပြည်နယ် (မြောက် ပိုင်း ) လားရှိုးမြို့  လားရှိုးအကျဉ်း ထောင်မှ အကျဉ်းသား  ၆၉ ဦး၊ အကျဉ်းသူ ၁၁ ဦး စုစုပေါင်း ၈၀ ပြစ်ဒဏ်မှ    လွတ်ငြိမ်းခွင့်ရခဲ့ ကြောင်း သိရသည်။   သတင်းစဉ်