
နေပြည်တော် နိုဝင်ဘာ ၃
လယ်ယာမြေကို အခြားနည်းသုံးစွဲ ထားမှုများ ဖြေရှင်းဆောင်ရွက် မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင် ရွက်မည့် နည်းလမ်းများ စံလုပ်ထုံး လုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ SOP ရေးဆွဲ ပြုစုရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက စံလုပ်ထုံး လုပ်နည်း (SOP)တွင် မြို့/ရွာ နယ်နိမိတ်အတွင်း ကျရောက်ခြင်း၊ မြို့/ရွာ နယ်နိမိတ် အပြင် တည်ရှိခြင်းအား စိစစ်ပိုင်း ခြားမည့်အချက်ကို တိတိကျကျ ထည့်သွင်းဖော်ပြရန် လိုအပ်မည် ဖြစ်ကြောင်း၊ နောက်ထပ်မံမဖြစ် ပွားစေရေးအတွက် ယခင်ဖြစ်ပွား ခဲ့သော ကျူးလွန်အသုံးပြုမှုများ ကို ဒဏ်ကြေးပြစ်ဒဏ်ချမှတ်ရာ တွင်လည်း ထိရောက်ဟန့်တား လောက်သည့် ဒဏ်ကြေးငွေ ပမာဏ သတ်မှတ်ရန် လိုအပ် ကြောင်း၊ အလားတူ ချမှတ်သည့် ပြစ်ဒဏ်အမိန့်ကို လိုက်နာဆောင် ရွက်မှုမရှိပါက လယ်ယာမြေအား နိုင်ငံပိုင် သိမ်းဆည်းနိုင်ရေး အတွက် ဆောင်ရွက်သင့်သည့် အချက်များကိုလည်း ထည့်သွင်း ဆွေးနွေးပေးကြစေလိုကြောင်း။
လာမည့် ကာလများတွင် လယ်ယာမြေကို စည်းကမ်းတစ်စုံ တစ်ရာ ဖောက်ဖျက်ကျူးလွန် အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန် ရှိသူများက လယ်ယာမြေဥပဒေ အရ လည်းကောင်း၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ အရ လည်းကောင်း၊ အခြား ဆက်စပ်ဥပဒေများအရ လည်း ကောင်း ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကြပ်မတ်၍ ချက်ချင်းအရေးယူ ဆောင်ရွက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
လက်ရှိ ကြုံတွေ့နေရသည့် မြေယာကိစ္စများတွင် မှားယွင်း ဆောင်ရွက်ခဲ့မှုများ၊ ရောင်းမှား ဝယ်မှား ဖြစ်ခဲ့မှုများရှိသကဲ့သို့ ဥပဒေကိုသိလျက် စီးပွားရေး အရ အမြတ်ထုတ်လိုမှုကြောင့် ဆောင်ရွက် ထားမှုများလည်း တွေ့ရှိရကြောင်း၊ ပြည်သူလူထု အနေဖြင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို လေးစား လိုက်နာကြရန်နှင့် ဌာနဆိုင်ရာ အသီးသီးက တိကျစွာ ကြပ်မတ် ကျင့်သုံးပေးကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် (SOP) ရေးဆွဲပြုစု ရေးဦးစီးကော်မတီ အတွင်းရေးမှူး က စံလုပ်ထုံးလုပ်နည်း(SOP)တွင် ပါဝင်မည့် အချက်အလက်များ ကိုတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင် ရွက်မည့်နည်းလမ်းနှင့် နောင် ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Stan-dard Operating Procedure –SOP) မူကြမ်း ရေးဆွဲပြုစုခြင်း သည် လယ်ယာမြေများအပေါ် ဥပဒေမဲ့ လုပ်ဆောင်နေမှုများအား စီမံခန့်ခွဲခြင်း လုပ်ငန်းများကို တည်ဆဲလယ်ယာမြေ ဥပဒေ၊ ဆက်စပ် ဥပဒေများနှင့်အညီ လွယ်ကူလျင်မြန်စွာ အရေးယူ ဆောင်ရွက်နိုင်စေရန်နှင့် နောင် ထပ်မံမဖြစ်ပွားစေရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်