
ဗီယန်ကျင်း မေ ၂၆
လာအိုနိုင်ငံ၌ ဆေးလိပ်သောက် ခြင်းကြောင့် ဖြစ်ပေါ်သည့်ရောဂါ များနှင့် ဆေးလိပ်မသောက်သုံးဘဲ နှစ်ပေါင်းများစွာကြာ ဆေးလိပ် ငွေ့ကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ နှစ်စဉ် လူ ၇၀၀၀ ခန့် သို့မဟုတ် တစ်နေ့ လျှင် လူ ၁၉ ဦးနှုန်း သေဆုံးနေ ကြောင်း သိရသည်။
ရောဂါခံစားရသူများကို ကုသ ပေးရန် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၂၈ သန်း သုံးစွဲခဲ့ခြင်း ဖြစ်ပြီး အဆိုပါပမာဏမှာ နိုင်ငံ့ ဝင်ငွေ၏ ၂ ဒသမ ၂၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံတွင် အသက် ၁၅ နှစ်အထက် ဆေးလိပ် သောက်သူ အရေအတွက်မှာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း လာအို ကျန်းမာရေးဝန်ကြီး ဘောင်းဖန့် ဖိုမလေးဆစ်က မေ ၂၃ ရက်က ဗီယန်ကျင်းမြို့၌ ကျင်းပသည့် တစ်ကမ္ဘာလုံးနှင့် နိုင်ငံလုံးဆိုင်ရာ ဆေးလိပ်မသောက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ပြောကြား ခဲ့သည်ကိုကိုးကားပြီး မေ ၂၆ ရက် ထုတ် လာအိုစီးပွားရေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ်တွင် ကောက်ယူခဲ့ သော နိုင်ငံလုံးဆိုင်ရာစစ်တမ်း တစ်ခုအရ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား လူငယ် ၁၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဆေးလိပ်သောက် သည့် မိန်းကလေး ၂ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးသူများ အနေဖြင့် မိမိကိုယ်ကိုရောဂါ ဖြစ်ပွားမှုကို တားဆီးရန်အတွက် ဆေးလိပ်သောက်မှုကို လျှော့ချရန် သို့မဟုတ် ဆေးလိပ်ဖြတ်ရန် လာအို ကျန်းမာရေးဝန်ကြီး ဘောင်းဖန့်က တောင်းဆိုလိုက် သည်။
ဆေးလိပ်သောက်သူ၏ အနီးပတ်ဝန်းကျင်ရှိ လူများက အဆိုပါဆေးလိပ်ငွေ့ကို တစ်ဆင့် ရှူရှိုက်မိသောကြောင့် ကျန်းမာ ရေးဆိုင်ရာပြဿနာများ ဖြစ်ပွား စေပြီး တစ်ဆင့်ခံဆေးလိပ်ငွေ့ ကြောင့် နှလုံးရောဂါ၊ ကင်ဆာ ရောဂါနှင့် အဆုတ်ရောဂါတို့ကဲ့သို့ သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ပြောသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများအပြင် ထုတ်လုပ်သူ များနှင့် တင်သွင်းသူများကိုပါ ဥပဒေနှင့်အညီ မလိုက်နာသူများ အား အစိုးရက ကြီးလေးသော ပြစ်ဒဏ်များချမှတ်ရန် ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည်။
လာအိုနိုင်ငံ၌ ဆေးရွက်ကြီး ထုတ်ကုန်များ ရောင်းချရာ တွင် ညွှန်ကြားချက်များနှင့် ကျန်းမာရေးဆိုင်ရာ သတိပေး ချက်များ မပါဝင်ဘဲ ရောင်းချပါက သိမ်းဆည်း အရေးယူခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေ ကြောင်း လာအိုစီးပွားရေးနေ့စဉ် အစီရင်ခံစာတွင် ဖော်ပြထား သည်။
ဆင်ဟွာ