လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၃၀
လာအို - မြန်မာ - ထိုင်း သုံးနိုင်ငံ အကြား မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ        ဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့   မဝင်ရောက်စေ ရေးအတွက်        ထိန်းချုပ်ရေး နှင့်    တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး  အစည်း အဝေးကို ဒီဇင်ဘာ  ၂၅ ရက်မှ  ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ ရှိ The  Heritage Pattaya Beach  Resort   ၌   ကျင်းပခဲ့သည်။
အစည်းအဝေးသို့    လာအို အမျိုးသား          မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့်    ကြီးကြပ်ရေး ကော်မရှင် (LCDC) အတွင်းရေးမှူး ချုပ် Mr. Inpong Chanthavongsa ဦးဆောင်သည့်     ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊    တွဲဖက် အတွင်းရေးမှူး၊    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး     ရဲမှူးချုပ်    ဝင်းနိုင် ဦးဆောင်သည့်    မြန်မာကိုယ်စား လှယ်များနှင့်  ထိုင်းနိုင်ငံမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB အထွေထွေ   အတွင်းရေးမှူးချုပ် Mr.   Wichai   Chaimongkon ဦးဆောင်သည့်     ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။
ပိုမိုကောင်းမွန်သော 
တားဆီးနှိမ်နင်းရေး နည်းလမ်းများ
အစည်းအဝေးတွင် ထိုင်းနိုင်ငံ ONCB      ၏    အထွေထွေ အတွင်းရေးမှူးချုပ်   Mr. Wichai Chaimongkon  က  ရွှေတြိဂံဒေသ အတွင်း မူးယစ်ဆေးဝါး  ထုတ်လုပ် မှုနယ်ပယ်များသို့   ဓာတုပစ္စည်း များ  ဝင်ရောက်ခြင်းမှ ကာကွယ် ရန်အတွက်       ဘေးကင်းလုံခြုံ သော   မဲခေါင်စစ်ဆင်ရေးစီမံချက် (၂၀၁၉-၂၀၂၂)  အရ   ဆောင်ရွက် သည့်            အစည်းအဝေးဖြစ်ပါ ကြောင်း၊    သက်ဆိုင်ရာ    နိုင်ငံ အလိုက်  ပရီကာဆာ  ဓာတုပစ္စည်း များ    ပူးပေါင်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး    ဆောင်ရွက် သည့်အခြေအနေနှင့်      ရှေ့ဆက် တားဆီးဆောင်ရွက်မည့် ကိစ္စရပ် များ၊ ထိုင်းနိုင်ငံအနေဖြင့် Sodium Cyanide ၊ Benzyl Cyanide နှင့် Benzyl     Chloride    သုံးမျိုးကို ယခုနှစ်အတွင်းထိန်းချုပ်ထားပြီး Hydroxylimine   ကို    ထပ်မံ ထိန်းချုပ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊  မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက်            ပိုမို ကောင်းမွန်သော   တားဆီးနှိမ်နင်း ရေး နည်းလမ်းများဖြင့်  လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း      ပြောကြား သည်။
ဖမ်းဆီးရမိမှုများအား 
အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်
မြန်မာနိုင်ငံ    မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊     တွဲဖက် အတွင်းရေးမှူး၊   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး          ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး    ရဲမှူးချုပ်  ဝင်းနိုင်က ဆွေးနွေးရာတွင်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ကို လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံ တို့ နီးကပ်စွာ  ပူးပေါင်းဆောင်ရွက် မှုကြောင့်    အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း    ရွှေတြိဂံဒေသ အတွင်း မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်     ရောင်းဝယ်မှုများ လျော့ကျသွားခြင်း     မရှိသည်ကို ဖမ်းဆီးမှုဖြစ်စဉ်များအရ  တွေ့ရှိရ ကြောင်း၊    မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး  ထုတ်လုပ်ရာတွင် အသုံးပြုသည့်   ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ရန် အမြဲအသင့်ရှိကြောင်း၊ လူလုပ် မူးယစ်ဆေးဝါး        ထုတ်လုပ်မှု တားဆီးရေးအတွက် ဓာတုပစ္စည်း များကို သက်ဆိုင်ရာနိုင်ငံအလိုက် တားဆီးထိန်းချုပ်ရေး    ပူးပေါင်း ဆောင်ရွက်မှုမှာ   များစွာအရေးပါ သဖြင့်  သုံးနိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုသည် မူးယစ်ဆေးဝါး             ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများကို ထိထိရောက်ရောက်  တားဆီးနိုင် မည် ဖြစ်ပါကြောင်း၊  ရွှေတြိဂံဒေသ ရှိ  နိုင်ငံများအနေဖြင့် ပရီကာဆာ ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု သည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါး နေခြင်းကြောင့်       ပရီကာဆာ ဓာတုပစ္စည်းများ     တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု  မရှိစေ ရေးအတွက်  လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား       ယခုထက် ပိုမိုပူးပေါင်းထိန်းချုပ်ရေး၊ ဖမ်းဆီး ရမိမှုများအား      အချိန်နှင့် တစ်ပြေးညီ     သတင်းဖလှယ်ရန် အဆင့်လိုက်    Contact Person များ ထားရှိရေး၊    မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ စွမ်းရည်          မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံတွင်   ဖွင့်လှစ်သင်ကြား မည့်      မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာ   အထူးလုပ်ငန်း တာဝန်အဖွဲ့  Eagle 19 သင်တန်း သည်လည်း      မူးယစ်ဆေးဝါး တားဆီး         နှိမ်နင်းရေးအတွက် အထောက်အကူများစွာ   ရရှိမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
လာအိုအမျိုးသား    မူးယစ် ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ် ရေး ကော်မရှင်    (LCDC)     ၏ ညွှန်ကြားရေးမှူးချုပ်  Mr. Inpong Chanthavongsa    က    မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုများမှာ    လာအို - မြန်မာ - ထိုင်း ၃ နိုင်ငံကြားသာမက  အခြားကမ္ဘာ့ နိုင်ငံများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများကို     ထိခိုက်စေပါ ကြောင်း၊     လာအိုနိုင်ငံအနေဖြင့် ဘေးကင်းလုံခြုံသော   မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး    စင်တာ (SMCC)မှ    ပရီကာဆာ    ဓာတု ပစ္စည်းများ ထိန်းချုပ်ရေးလုပ်ငန်း များကို       အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်      ရှိပါ ကြောင်း ဆွေးနွေးသည်။ 
ရွှေတြိဂံဒေသအတွင်း မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု လျော့ကျသွားမည်
အဆိုပါ     အစည်းအဝေး၌ စိတ်ကြွဆေးပြား       ထုတ်လုပ်ရာ တွင် မရှိမဖြစ်လိုအပ်သည့်  ကဖင်း ကို  လာအို၊  မြန်မာနှင့် ထိုင်းနိုင်ငံ တို့မှ     ထိန်းချုပ်ထားရှိပြီးဖြစ်၍ ဒေသတွင်း မဲခေါင် MoU အဖွဲ့ဝင် နိုင်ငံများအတွင်း ထိန်းချုပ်နိုင်ရေး ဆွေးနွေးသွားရန်၊    နိုင်ငံအလိုက် ဖမ်းဆီးရမိ    ပရီကာဆာ   ဓာတု ပစ္စည်းများအား     နှစ်စဉ်ဖျက်ဆီး ရာတွင်   ပြည်သူလူထု၏  ကျန်းမာ ရေးနှင့်   သဘာဝပတ်ဝန်းကျင်များ ဘေးအန္တရာယ်         ကင်းရှင်းရေး အတွက်    UNODC    အပါအဝင် ကမ္ဘာ့မူးယစ်ဆေးဝါး    တိုက်ဖျက် ရေးဆိုင်ရာ   အဖွဲ့အစည်းများထံမှ နည်းပညာ၊  ရန်ပုံငွေနှင့် ဆက်စပ် ပစ္စည်းကိရိယာ      အထောက်အပံ့ ရရှိရေး      ကုလသမဂ္ဂ    မူးယစ် ဆေးဝါး တိုက်ဖျက်ရေးကော်မရှင် (CND)သို့ UNODC   မှ   တင်ပြနိုင် ရေးအတွက် လိုအပ်သည့် အချက် အလက်များကို        ထိုင်းနိုင်ငံမှ ဦးဆောင်စုစည်း  ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး  ဂိုဏ်းဖွဲ့ကျူးလွန် သူများသည်         မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်      အသုံးပြု သည့်   စက်ပစ္စည်းကိရိယာများကို နည်းလမ်းမျိုးစုံ    သယ်ဆောင် လျက်ရှိသဖြင့် စက်ပစ္စည်းကိရိယာ များ ဖမ်းဆီးရမိပါက အစိတ်အပိုင်း အလိုက်    မှတ်တမ်းဓာတ်ပုံများ အား  သတင်းဖလှယ်မျှဝေသွား ရေး၊    လာအိုနှင့်        မြန်မာနိုင်ငံတို့ မှ  တားဆီးနှိမ်နင်းရေး  တပ်ဖွဲ့ဝင်  များကို        သက်သေခံပစ္စည်းများ ကိုင်တွယ်          ထိန်းသိမ်းရာ တွင်        စနစ်တကျရှိစေရေးနှင့် အန္တရာယ်      ကင်းရှင်းစေရေး အတွက်     ထိုင်းနိုင်ငံ  ONCB   မှ  သင်တန်းပို့ချပေးရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး    ယခုအစည်း အဝေး         ကျင်းပခြင်းကြောင့်  အနာဂတ်တွင် လာအို-မြန်မာ-ထိုင်း  သုံးနိုင်ငံအနေဖြင့်   မူးယစ် ဆေးဝါး     တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို    ပိုမိုနီးကပ်စွာ ပူးပေါင်း        ဆောင်ရွက်ခြင်းဖြင့် ရွှေတြိဂံဒေသအတွင်း     မူးယစ် ဆေးဝါး     ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှု       လျော့ကျသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်