
လွိုင်ကော် မေ ၂၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က လွိုင်ကော် မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ၌ ကျောင်းအပ်နှံမှုများကို ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်၍ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းလာရောက်အပ်နှံ လျက်ရှိသော ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲ ရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များသည် ကျောင်းအုပ်ကြီးရုံးခန်း၌ ဆရာ ဆရာမ များနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင် ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်း များ လုံခြုံမှုရှိစေရေးနှင့် ကျောင်းများ ဥပဓိရုပ်ခံ့ထည် မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂများ၊ ပုံနှိပ်စာအုပ် များ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ပံ့ပိုးဖြည့်ဆည်း ပေးစေလိုသည်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြ နိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆရာ ဆရာမများက ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုသည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်း များ ဖွင့်လှစ်ချိန် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းသုံး ပရိဘောဂများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပြည်နယ် (ပြန်/ဆက်)