ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

လွိုင်ကော်       ဇူလိုင်   ၂၉


ကယားပြည်နယ်     ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်သည်      ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်       ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)   ဒေသ ကွပ်ကဲရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်     ကယား ပြည်နယ်        လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌  တက်ရောက် ဆေးကုသမှု    ခံယူလျက်ရှိသည့် အရာရှိ ၊    စစ်သည်နှင့်မိသားစု ဝင်များကို    သွားရောက်ကြည့်ရှု အားပေးစကား   ပြောကြားသည်။

 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား တပ်မတော် ဆေးရုံတပ်မှူးနှင့်   တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

 


ထို့နောက် တပ်မတော်ဆေးရုံ တွင်   တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်        အရာရှိ ၊ စစ်သည်နှင့်   မိသားစုဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များက        ဆေးရုံအတွင်းရှိ ဆေးကုသဆောင်များသို့   သွား ရောက်၍ ဆေးကုသလျက်ရှိသော လူနာများအား ကြည့်ရှု၍ လူနာ တစ်ဦးချင်း၏ ရောဂါအခြေအနေ များကို    မေးမြန်းကာ    အားပေး စကားပြောကြားပြီး    အာဟာရ ဖြည့်    စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)