လွိုင်ကော် ဩဂုတ် ၃
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၊ မော်တော် ယာဉ် လိုင်းပေါင်းစုံဂိတ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း၊ ဝန်ထမ်းအိမ်ရာများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိ သူများသည် လွိုင်ကော်လေဆိပ် သို့ သွားရောက်၍ လေဆိပ် အတွင်းပိုင်း အချောသပ် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လေကြောင်းအကဲကြည့် အဆောက် အဦအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုနှင့် လေယာဉ် ပြေးလမ်းတစ်လျှောက် ပြင်ဆင် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဆိပ်ပြင်ဆင်ခြင်း လုပ်ငန်း များ အမြန်ဆုံးပြီးစီးရေး၊ လေယာဉ်ပြေးလမ်းတစ်လျှောက် ဝဲ၊ ယာ အချက်ပြမီးများ ကောင်းမွန် စေရေးနှင့် လေယာဉ်ကွင်းဧရိယာ အတွင်း ချုံနွယ်များ ရှင်းလင်း ရေးတို့အတွက် မှာကြားသည်။
ဆက်လက်၍ ကယားပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ် သို့သွားရောက်၍ မော်တော်ယာဉ် လိုင်းများ လွိုင်ကော်- ဆီဆိုင်- တောင်ကြီးခရီးစဉ် ပြေးဆွဲနေမှု အခြေအနေများကို ကြည့်ရှု အားပေးခဲ့ပြီး သတ်မှတ်နှုန်းထား ကျော်လွန် ကောက်ခံမှုမရှိစေရေး၊ ခရီးသွားပြည်သူများ စိတ်အေး ချမ်းသာစွာ ခရီးသွားလာနိုင်ရေး အတွက် ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်ရေးဆောင်ရွက်ရန် တာဝန် ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာသင်တိုက်အတွင်း စုပေါင်း သန့်ရှင်းကုသိုလ်ပြု ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေး ပြီး အကြမ်းဖက်သောင်းကျန်းသူ များ၏ အဖျက်အမှောင့် ဆောင်ရွက် ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အဦများ ကို ကြည့်ရှုစစ်ဆေးကာ (အပေါ်ပုံ) အမြန် ဆုံး ပြန်လည်ပြုပြင်နိုင်ရေး အတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ဝန်ထမ်းများ ပြန်လည် နေရာချထားနိုင်ရေး အတွက် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြုပြင် ဆောင်ရွက်နေမှုများ၊ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်) ကျောင်းသို့ သွားရောက်၍ အားကစားကွင်း၊ ပွဲကြည့်စင်နှင့် မီတာ (၄၀၀) Synthetic ပြေးလမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ရန်ရှိသည်များကို အမြန် ပြင်ဆင် ဆောင်ရွက်ရန်နှင့် အားကစားပွဲများ ပြန်လည်ကျင်းပ နိုင်ရေး တာဝန်ရှိသူများကို မှာကြားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)